Monday, August 15, 2016

မြန်မာ့အောင်သံ

ရဲတပ်ဖွဲ့ အလိုရှိသူ ၇၇ ဦးတွင် နိုင်ငံခြားသား နှစ်ဦးပါဝင်

ရဲတပ်ဖွဲ့မှ အလိုရှိသူ ထိုင်ဝမ်နိုင်ငံသား Mr King Por Chu
ရန်ကုန်၊ သြဂုတ် ၁၅

အမှုအခင်း ဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသူများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အလိုရှိကြောင်း ကြေညာခံထားရသူများတွင် ထိုင်ဝမ်နိုင်ငံသားတစ်ဦးအပြင် အခြားသော နိုင်ငံခြားသား တစ်ဦးပါရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အချက်အလက်များအရ သိရသည်။

ရဲတပ်ဖွဲ့၏ စာရင်းများအရ အလိုရှိသူအဖြစ် ကြေညာခံထားရသူ ၇၇ ဦးရှိသည့်အနက် နိုင်ငံခြားသားနှစ်ဦးမှာ ထိုင်ဝမ်နိုင်ငံသား Mr King Por Chu နှင့် မည်သည့်နိုင်ငံသား မှတ်ပုံတင်ထားမှန်း မသိသေးသည့် လီထိုက်ချီ (Lee Teik Chai) တို့ ဖြစ်သည်။

Mr King Por Chu အား ဒဂုံမြို့သစ်ေ်တာင်ပိုင်ုးရဲစခန်းတွင် တရားလို ဦးသိန်းဟန်မှ တိုင်တန်းမှုဖြင့် လိုရှိနေခြင်းဖြစ်သည်။ အမှုမှာ Poly Rice Pte Ltd ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းဟန်မှ ၂၈.၆.၂၀၁၁ ရက်တွင် အမှတ် (၂) စက်မှုဝန်ကြီးဌာန၏ သဘောတူခွင့်ပြုချက်ဖြင့် ဒဂုံတောင် စက်မှုဇုန် (၂)၊ မိုးကုတ်လမ်းရှိ ဆိုလားပြား ထုတ်ုလပ်ရေးစက်ရုံအတွက် လိုအပ်သော စက်ပစ္စည်းများ တပ်ဆင်ရန် ကုမ္ပဏီငွေနှင့် ၀န်ကြီးဌာနငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၅ သန်းဖြင့် ရင်းနှီးလုပ်ကိုင်ခဲ့ရာ အဆိုပါ ထိုင်ဝမ်နိုင်ငံသား Mr King Por Chu မှာ လုပ်ငန်းမပြီးဆုံးမီ ၈.၆.၂၀၁၂ ရက်တွင် တရားမ၀င် ပြန်လည်ထွက်ခွာသွားသဖြင့် တာဝန်မပြီးဆုံးသေးသည့်အပြင် စာချုပ်ဖောက်ဖျက်၊ အမေရိကန်ဒေါ်လာ (၇) သိန်း လိမ်လည်မှုတို့ဖြင့် တိုင်ကြားခံရကာ ရဲတပ်ဖွဲ့က အလိုရှိနေသူ ဖြစ်သည်။

အခြားအလိုရှိခံရသူ လီထိုက်ချီ (Lee Teik Chai) ကိုမူ ဒုတိယရဲမှူးကြီး ထွန်းဝေက တရားလိုပြု၍ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မများဖြင့် မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။

အမှုဖြစ်စဉ်မှာ ၂၄.၄.၂၀၁၁ ရက်က သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၌ မလေးရှားနိုင်ငံသား Lee Teik Chai နှင့် HONG Boon Piau တို့အား စစ်ဆေးရာမှ ၎င်းတို့ပိုင်USB Stickါအတွင်း မသင်္ကာဖွယ်ရာ တွေ့ရှိပြီး ၂.၅.၂၀၁၁ ရက်နေ့တွင် ဆစ်ဒနီဆိပ်ကမ်းတွင် ကွန်တိန်နာ ပရိဘောဂပစ္စည်းများအတွင်းမှ ဘိန်းဖြူ ၄၂ ကီလိုဖမ်းဆီးရမိခဲ့ပြီး သြစတြေးလျနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဆက်စပ်တရားခံ (၉) ဦးနှင့် ဘိန်းဖြူ ၀.၃၆၇ ကီလိုဖမ်းဆီးမိခဲ့ရာ ယင်းကိစ္စနှင့် ဆက်စပ်၍ လီထိုက်ချီအား ဒုရဲမှူးကြီး ထွန်းဝေက အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ

မြန်မာ့အောင်သံ

About မြန်မာ့အောင်သံ -

Aung Htun Linn.. TThe Hurrah Myanmar News Agency | မြန်မာ့အောင်သံ.

Subscribe to this Blog via Email :