Wednesday, June 6, 2018

မြန်မာ့အောင်သံ

နိုင်ငံခြားဇာတ်လမ်းတွဲတွေကို ကိုယ်တိုင် Subtitle ထိုးကြည့်မလား…

နိုင်ငံခြား ရုပ်သံဇာတ်လမ်းတွေကို ကြည့်တဲ့အခါ တခါတရံ အင်္ဂလိပ်လို Subtitle မပါတာ၊ ဒါမှမဟုတ် Subtitle က မြန်မာဘာသာ မဟုတ်တဲ့ တခြားသော ဘာသာစကားတွေနဲ့ ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမှာ ကိုယ်က အဲဒီဘာသာစကားကို နားလည်ပေမယ့် တခြားသူတွေကတော့ နားလည်ချင်မှလည်း နားလည်ကြမှာပါ။

သိပ်ကောင်းတဲ့ ရုပ်သံဇာတ်လမ်းကို ကိုယ့်မိတ်ဆွေကို မျှဝေနိုင်ဖို့ဆိုရင် ဒီဘာသာစကားကို မြန်မာလို ဘာသာပြန်ဖို့ လိုအပ်လာပါပြီ။ ရုပ်သံဇာတ်လမ်းပါ ဘာသာစကားတွေကို ကိုယ်က နားလည်ပြီး မြန်မာလို ဘာသာပြန်တတ်တယ်ဆိုရင် သင့်အတွက် တစ်ခုပဲ လိုပါတော့တယ်။ အဲဒါက နည်းပညာပါပဲ။ ဒီ ရုပ်သံဇာတ်လမ်းထဲမှာ ကိုယ်ဘာသာပြန်မယ့် မြန်မာစာသားတွေ ပေါ်လာအောင် ဘယ်လို လုပ်မလဲပေါ့။

srt extension ဖိုင်လေးထဲမှာ ဘာသာပြန်ထားတဲ့ မြန်မာစာလေးတွေ ရိုက်ထည့်လိုက်ရုံနဲ့ မြန်မာစာတန်းထိုး ရုပ်သံအဖြစ် ပြောင်းလဲလို့ ရပါတယ်။ ဒီတော့ ဒါကို အဆင့်တစ်ခုချင်းစီအလိုက် ဘယ်လိုလုပ်လို့ရတယ်ဆိုတာကို စတင်လေ့လာလိုက်ကြရအောင်ပါ။ မြန်မာနက်တီဇင်ပေါင်း စာတန်းပြောင်းရင်း ဘာသာပြန်စွမ်းရည်လည်း တိုးတက်စေဖို့ အခုပဲ စလုပ်ကြည့်လိုက်ရအောင်ဗျာ…။


ZinYin (ICT Solution) 
Read More

Sunday, May 6, 2018

မြန်မာ့အောင်သံ

Weekend Bazaar at Citymart (ရုပ်သံ)

ရန်ကုန်၊ မေ ၆

လူမှုအထောက်အကူပြု အဖွဲ့အစည်းတွေအတွက် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနေတဲ့ Weekend Bazaar အစီအစဉ်



ရိုက်ကူး/တည်းဖြတ် - အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Read More

Monday, February 26, 2018

မြန်မာ့အောင်သံ

ရေမဆေးကျောက်နှင့် ဖားကန့် စီးပွားရေး (ရုပ်သံသတင်း)


ကုမ္ပဏီများ၏ စွန့်ပစ်မြေစာပုံတွင် ဒေသခံများမှ ကျောက်စိမ်းရှာဖွေနိုင်ပြီး ရရှိသောငွေကြေးသည်လည်း ဖားကန့်မြို့နယ်အတွင်း အများဆုံးလည်ပတ်နေသည့် ငွေကြေးဖြစ်သဖြင့် မြို့နယ်အတွင်းရှိ ရောင်းဝယ်ရေးလုပ်ငန်းများတွင်လည်း အကျိုးသက်ရောက်မှု အများဆုံး ရရှိစေနိုင်ပါတယ်။

ရိုက်ကူး - စည်သူ (မြစ်ကြီးနား)

တည်းဖြတ် - အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
Read More

Wednesday, January 24, 2018

မြန်မာ့အောင်သံ

မြန်မာပြည်က အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀ ဦးရဲ့ ပိုင်ဆိုင်မှု

ရန်ကုန်၊ ဇန်န၀ါရီ ၂၄

မြန်မာပြည်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀ ဦးစာရင်းကို indapaper.com က ထုတ်ပြန်ခဲ့ရာမှာ ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇက အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလျံနဲ့ ထိပ်ဆုံးက ရပ်တည်လျက်ရှိပါတယ်။

Indapaper က ၂၀၁၇ ခုနှစ် တစ်နှစ်တာကာလအတွင်း သူတို့ရဲ့ ပိုင်ဆိုင်မှုကို အစဉ်လိုက်ဖော်ပြခဲ့ရာမှာ ဒုတိယနေရာမှာတော့ အေးရှားဝေါလ်ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်က ၅ ဒသမ ၅ ဘီလျံရှိပြီး သူ့ရဲ့နောက်မှာတော့ IGE ကုမ္ပဏီပိုင်ရှင်တွေဖြစ်တဲ့ ဦးနေအောင်နဲ့ ဦးပြည်အောင်က ပိုင်ဆိုင်မှု ၅ ဘီလျံနဲ့ တတိယအချမ်းသာဆုံးအဖြစ် ဖော်ပြထားပါတယ်။

စတုတ္ထနေရာမှာတော့ Max Myanmar ပိုင်ရှင် ဦးဇော်ဇော်က ၅ ဘီလျံနဲ့ ရှိနေပြီး ဧရာရွှေဝါကုမ္ပဏီပိုင်ရှင်တစ်ဖြစ်လဲ စစ်ဗိုလ်ချုပ်ဟောင်း သူရဦးရွှေမန်းရဲ့ သား ဦးအောင်သက်မန်းကတော့ ပိုင်ဆိုင်မှု ၄ ဒသမ ၂ ဘီလျံနဲ့ နံပါတ်ငါးနေရာမှာ ရှိနေပါတယ်။

ခြောက်ဦးမြောက် မြန်မာပြည်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဖော်ပြခံရသူကတော့ ပိုင်ဆိုင်မှု ၃ ဒသမ ၇ ဘီလျံရှိတဲ့ ဦးမိုက်ကယ်မိုးမြင့်ဖြစ်ပြီး သူ့နောက် အမှတ် ၇ အဖြစ် ဖော်ပြခံရသူကတော့ ပတ္တမြားနဂါးပိုင်ရှင် ဦးနေ၀င်းထွန်းဖြစ်ကာ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၃ ဘီလျံ ဖြစ်ပါတယ်။

နံပါတ် ၈ အချမ်းသာဆုံးအဖြစ် indapaper.com က ရွေးချယ်ထားသူကတော့ ပိုင်ဆိုင်မှု ၂ ဒသမ ၅ ဘီလျံနဲ့ ယုဇနကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်ဖြစ်ပြီး နံပါတ် ၉ နေရာမှာတော့ ပိုင်ဆိုင်မှု ၂ ဒသမ ၃ ဘီလျံရှိတဲ့ ဇေကမ္ဘာဦးခင်ရွှေ ဖြစ်ပါတယ်။

ပိုင်ဆိုင်မှု ၁ ဒသမ ၂ ဘီလျံရှိတဲ့ ရွှေတောင်အုပ်စုကုမ္ပဏီက ဦးအိုက်ထွန်းဖြစ်တယ်လို့ indapaper က သတ်မှတ်ထားပါတယ်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ



ကိုးကား http://indapaper.com/top-10-richest-people-in-myanmar-in-2017/10/
Read More

Tuesday, January 23, 2018

မြန်မာ့အောင်သံ

အားလုံးဂုဏ်ယူနိုင်အောင် လေ့ကျင့်နေဟု အောင်လအင်ဆန်း ပြော

ရန်ကုန်၊ ဇန်န၀ါရီ ၂၃

ဘရာဇီးနိုင်ငံသား Alexander Machrdo နှင့် ထိုးသတ်မည့် Light Heavyweight ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲတွင် အားလုံးဂုဏ်ယူနိုင်အောင်အတွက် လေ့ကျင့်လျက်ရှိကြောင်း အောင်လအင်ဆန်းအောင်က ဇန်န၀ါရီလ ၂၃ ရက်တွင် ပြောဆိုလိုက်သည်။

ရန်ကုန်မြို့၊ မြန်မာပလာဇာတွင် ပြုလုပ်သည့် သရုပ်ပြပွဲတွင် ပြောဆိုလိုက်ခြင်းဖြစ်ပြီး အဆိုပါ ONE : QUEST FOR GOLD One Championship ချန်ပီယံခါးပတ်လု ထိုးသတ်ပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်တွင် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းတွင် ပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာ့စပါးအုံဟု လူသိများသည့် အောင်လအင်ဆန်းအပြင် မြန်မာနိုင်ငံမှ ဖိုးသော်လည်း ၀င်ရောက်ထိုးသတ်မည် ဖြစ်ကာ ၎င်းနှင့် ယှဉ်ပြိုင်ထိုးသတ်သူမှာ ကမ္ဘောဒီးယားနိုင်ငံသား Sorsey ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ


Read More

Monday, January 8, 2018

မြန်မာ့အောင်သံ

ဈေးကျလို့ ခိုးမယ့်သူတောင် မရှိတော့ဘူး

ရန်ကုန်၊ ဇန်န၀ါရီ ၈

“ခိုးတဲ့သူတွေက အရင်ကတော့ ရှိတယ်။ အဲဒီတုန်းက ဈေးကလည်း တစ်ထောင်ကျော်လေ။ အဲဒီတုန်းက ကိုယ်ဝင်းထဲ လာပြီးတော့ ခိုးတာ သိပေမယ့် ပြန်မပြောရဲဘူး။ သူတို့က လူအုပ်နဲ့ လာတာ။ ကိုယ်က အော်လို့ သိသွားရင် နေရင်းထိုင်ရင်း အသေပျောက်မှာလေ။ အခုဈေးကျတော့ ခိုးတဲ့သူကို မရှိတော့တာ” လို့ ဆိုလိုက်သူက ကိုကျော်ဋ္ဌေးဝင်း။ ကိုကျော်ဋ္ဌေးဝင်းက သူ့ရှေ့က လက်လှဲ့ ရာဘာကြိတ်စက်ထဲ လောင်မီး (ဆာလဖျူရစ်အက်ဆစ်) နဲ့ ရောမွှေသမထားတဲ့ ရာဘာအတုံးကြီးကို ထည့်ရင်း ပြောပြနေတာပါ။

သူက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က။ နေရာအတိအကျဆိုရင် ကျိုက်ထီးရိုးတောင် အောက်ခြေ၊ ကင်မွန်းစခန်းက သွားရင် မိနစ် ၃၀ လောက် လမ်းလျှောက်ရတဲ့ ဆောင်နိုင်ကြီးကျေးရွာက ရာဘာခြံတစ်ခုမှာ ပိုင်ရှင်နဲ့ အကျိုးတူ လုပ်နေသူ။ သူက တစ်ဖက်က ရာဘာကြိတ်စက်ထဲ ရာဘာပြားကို ထည့်နေရင်း “သား…ဆက်လှည့်လိုက်ဦး” လို့ တစ်ဖက်ကို ငဲ့စောင်းကြည့်ရင်း ပြောလိုက်ပါတယ်။ သူ့ဘေးမှာ ရာဘာကြိတ်စက်ကို လှည့်နေသူက အသက် ကိုးနှစ်အရွယ် သားငယ် မောင်ဝင်းဇော်ထွန်း။ သူက တတိယတန်းကျောင်းသား။ ရာဘာခြံရှိရာ နေရာတွေမှာ အသက်မွေးရတဲ့ မိဘတွေကြောင့် ကျောင်းပညာရေးကို စွန့်ခွာပြီး မိဘနဲ့အတူ လက်ရည်တစ်ပြင်တည်း အလုပ်လုပ်နေရသူ။

ကိုကျော်ဋ္ဌေးဝင်းက အရင်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ဘက်က ရာဘာခြံတစ်ခုမှာ အလုပ်လုပ်ရင်းကနေ အခု အလုပ်လုပ်နေတဲ့ ရာဘာခြံဘက်ကို ပြောင်းလာပြီး ထက်ဝက်စားအနေနဲ့ လုပ်ကိုင်နေတာပါ။ ထက်ဝက်စားဆိုတာ ပိုင်ရှင်က မြေနဲ့ ရာဘာပင်တွေအတွက် အကုန်အကျခံရပြီး အကျိုးတူလုပ်သူဘက်က လုပ်အားနဲ့ တခြားသော ရာဘာပြား လုပ်ဆောင်ရာမှာ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေအတွက် အကုန်အကျခံရတာပါ။ ပြီးရင်တော့ ရလာတဲ့ ရာဘာပြားတွေကို ထက်ဝက်စီ ခွဲဝေယူကြရတာပါ။

သူ လုပ်နေတဲ့ ရာဘာခြံက ၁၄ ဧကကျော်ရှိပြီး ပျမ်းမျှ တစ်ရက်ကို နှစ်ပေါင်ခွဲရှိတဲ့ ရာဘာချပ်ပေါင်း ရှစ်ချပ်လောက် ထွက်တဲ့ ကိုကျော်ဋ္ဌေးဝင်းအတွက် ဝေစုကတော့ လေးချပ်ရပါတယ်။ ရာဘာပေါက်ဈေးက ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ လဆန်းပိုင်းမှာ တစ်ပေါင်ကို ကျပ် ၆၀၀ ကျော် သာ ဈေးပေါက်တဲ့အတွက် သူရရှိတဲ့ ဝေစုနဲ့ တွက်ကြည့်မယ်ဆိုရင် တစ်ရက်ကို ကျပ် ၆၀၀၀ ကျော်သာ ၀င်ငွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း အဲဒီဝင်ငွေရဖို့အတွက် သူ အပါအ၀င် သူ့ရဲ့ သားနဲ့သမီးရဲ့ လုပ်အားတွေလည်း ပါဝင်ပါတယ်။ အသက် ခုနှစ်နှစ်အရွယ် သမီးနဲ့ ကိုးနှစ်အရွယ် သားဖြစ်သူ မောင်ဝင်းဇော်ထွန်းတို့က ရာဘာခြစ်တာ၊ ရာဘာပြား ထုတ်တဲ့ လုပ်ငန်းတွေ ပါဝင်ကူညီပေးနေကြရပါတယ်။ ဒါ့အပြင် အသက် ငါးနှစ်အရွယ် သားအငယ်ဆုံးကလေးက ရာဘာကြိတ်စက်မှာ ရာဘာပြားတွေ လုပ်တဲ့အခါ သူနိုင်တဲ့ ၀န်နဲ့ ၀ိုင်းဝန်းကူညီပေးတာ မပါသေးပါဘူး။

ရာဘာဈေးကလည်း ကုန်သည်ပွဲစားတွေရဲ့ ပါးစပ်ပေါ်မှာ မူတည်နေပြီး ဈေးကောင်းရတဲ့ စောင့်ဆိုင်းဖို့ဆိုတာ ကိုကျော်ဋ္ဌေးဝင်းတို့ မိသားစုအတွက် အဆင်မပြေလှပါဘူး။ နေ့စဉ် ရရှိသမျှ မိမိကိုယ်တာ ရရှိတဲ့ ရာဘာပြားတွေကို ကျိုက်ထိုမြို့ပေါ်က ပွဲရုံတွေမှာ နှစ်ရက် တစ်ခါလောက် သွားသွားရောင်းပြီး မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းနေရတယ်လို့ ကိုကျော်ဋ္ဌေးဝင်းက ဆိုပါတယ်။ 

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
Read More

Thursday, September 15, 2016

မြန်မာ့အောင်သံ

“ရည်းစားတွေ၊ အပျိုတွေ ဘေးချိတ်၊ စိတ်မ၀င်စားတော့ဘူး။ ဒီဆေးပဲ”

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ထိုမာစံပြကျေးရွာ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဖြတ်ခန်းတွင် ဆေးဖြတ်ခဲ့သူ ကိုရွှေလုံးနှင့် တွေ့ဆုံမေးမြန်းခြင်း (အပိုင်း - ၂)


မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ နာမည်ကြီးမြို့တွေထဲမှာဆိုရင် စစ်ကိုင်းတိုင်း၊ ကလေးမြို့လည်း တစ်ခုအပါအ၀င်ပါ။ သုံးစွဲမှု မဟုတ်။ ဖမ်းဆီးမှုတွင်မှာပဲ ၂၀၁၃ ခုနှစ်က ၁၆၅ မှု၊ ၂၀၁၄ ခုနှစ်က ၁၂၂၄ မှု၊ ၂၀၁၅ မှာ ၁၀၃ မှုနဲ့ ၂၀၁၆ နှစ်စကနေ သြဂုတ်လအထိ ၁၃၆ မှု ထိရှိတယ် လို့ ကလေးခရိုင် ရဲစခန်းရဲ့ ကိန်းဂဏန်းမှတ်တမ်းတွေအရ သိရပါတယ်။

တစ်ဖက်မှာ မူးယစ်ဆေးဝါး အန္တရာယ် ရှိနေပေမယ့်၊ မူးယစ်ဆေးရဲ့ သားကောင်အဖြစ် ကျခံနေရပေမယ့် လွတ်မြောက်လိုသူတွေလည်း ရှိနေပါသေးတယ်။ အဲဒီသူတွေကတော့ ကလေးမြို့၊ ထိုမာ စက်မှုလယ်ယာစံပြကျေးရွာမှာ ကိုယ်ထူကိုယ်ထဖွင့်ခဲ့တဲ့ မူးယစ်ဆေးဖြတ်စခန်းက ကိုရွှေလုံး အပါအ၀င် ရွာသား ခုနစ်ယောက်ပါ။

အဲဒီသူတွေထဲမှာ ကိုရွှေလုံးဟာ (၁၁) ကြိမ်မြောက် မူးယစ်ဆေးဝါးသုံးစွဲမှုကို ကြိုးစားဖြတ်ခဲ့သူပါ။ အရင် (၁၀) ကြိမ်မြောက်အထိ မိမိဘာသာ ကြိတ်မှိတ်ဖြတ်ခဲ့ပေမယ့် မူးယစ်ဆေးဝါးတွေ လွယ်လင့် တကူ ရနေတာတွေ၊ စိတ်မနိုင်တာတွေကြောင့် ဆေးမပြတ်ဘဲ ဆက်သုံးနေခဲ့မိတာပါ။ ဒါပေမဲ့လည်း (၁၁) ကြိမ်မြောက်ဖြစ်တဲ့ အခုအခါမှာတော့ ဆေးပြတ်ပြီလို့ ကိုရွှေလုံးက ဆိုလိုက်ပါတယ်။

ထိုမာကျေးရွာက ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းကို သက်ဆိုင်ရာအာဏာပိုင်တွေက ဆေးဖြတ် စခန်းဖွင့်ဖို့သာ ခွင့်ပြုချက်ပေးထားပြီး ဆေးဖြတ်ဖို့ လိုအပ်တဲ့ဆေးဝါးတွေ၊ အကူအညီတွေကိုတော့ ကျေးရွာက မူးယစ်ဆန့်ကျင့်ရေးအဖွဲ့ MANA နဲ့ ဒေသခံတွေက ကိုယ်ထူကိုယ်ထ စရိတ်ကျခံပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆေးဖြတ်စခန်းမှာ ကြုံတွေ့ ခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ ဆေးသုံးစဉ်ကာလ ဖြတ်သန်းခဲ့ရပုံတွေ၊ ဆေးဖြတ်ဖို့ ဘယ်လိုသံဓိဋ္ဌာန်ချခဲ့ရတာတွေနဲ့ ပတ်သက်လို့ ထိုမာ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဖြတ် စခန်းကတစ်ဆင့် မူးယစ်သားကောင်အဖြစ် လွတ်မြောက်လာသူ ကိုရွှေလုံးနဲ့ အောက်ချင်းသစ္စာ သတင်းအေဂျင်စီတို့ စက်တင်ဘာလ ၁၂ ရက်က တွေ့ဆုံမေးမြန်းခဲ့မှုများကို တင်ပြလိုက်ပါတယ်။

မေး - အကို အရင်သုံးခဲ့တဲ့ မူးယစ်ဆေးဝါးကကော ဘယ်လိုအမျိုးအစားလဲ။

ဖြေ - ကျွန်တော်ကတော့ ဘိန်းဖြူဗျ။

မေး - သုံးတဲ့ပုံစံကကော။

ဖြေ - ထိုးတာတော့ မဟုတ်ဘူး။ ရှုတာ ရိုးရိုးပဲ။ ရှုတာတောင် ဒီလောက်တောင် ခံရရင် ထိုးတဲ့ကောင်တွေလည်း ကျွန်တော်တို့ထဲမှာ ပါတယ်လေ။ ကျွန်တော်တို့ထက်ကို မကဘူး၊ လှိမ့် ခံနေရတာ အဲဒီကောင်တွေ။ လှိမ့်ခံမှ တကယ် အကျယ်ကြီးနော် အခန်းကြီးကို။ လှိမ့်ခံမှ လှိမ့်ခံအစစ်။ အိမ်ယာကို တစ်နေရာတည်း အတည်အကျ မဖြစ်နိုင်ဘူး။ ဘယ်လူး ညာ လှိမ့် ဖြစ်နေတော့တာပဲ သူက တောက်လျောက်။ တကယ် လှိမ့်ခံရတယ်ဆိုတာ အဲဒါမှ စစ်တာ။
ရှုတာတောင် ဒီလောက်တောင် ခံရရင် ထိုးတဲ့ကောင်တွေလည်း ကျွန်တော်တို့ထဲမှာ ပါတယ်လေ။ ကျွန်တော်တို့ထက်ကို မကဘူး၊ လှိမ့် ခံနေရတာ အဲဒီကောင်တွေ။ လှိမ့်ခံမှ တကယ် အကျယ်ကြီးနော် အခန်းကြီးကို။ လှိမ့်ခံမှ လှိမ့်ခံအစစ်...
မေး - အဲဒီလို ကိုယ့်ထက် ဆိုးတဲ့သူတွေကို မြင်တော့ အကို ဘယ်လိုသံဝေဂတွေ ရမိသလဲ။

ဖြေ - သံဝေဂရတာတော့ အင်း…ငါတို့ ကိုယ့်ယင်းက ဒီလောက်အထိ မရှိသေးဘူးဆိုတော့ လေ။ အချိန်မီ ဖြတ်လိုက်နိုင်တယ်ပေါ့။ ဒီလိုတော့ ခံစားမိတယ်။ သူတို့လို မထိုးခဲ့ဘူးလေ ကိုယ်က။ သူတို့က ထိုးခဲ့လို့ တစ်လုံးယင်းသမားတွေ၊ ဒါမျိုးတွေ ရှိတာကိုး။ “တောက်…သူတို့လို မဖြစ်ခဲ့တာ တော်သေးတယ်ဟေ့”လို့။ အဲဒါမျိုးတော့ ခံစားမိတယ်။

မေး - နောက်တစ်ခုလေ။ အကို ရှေ့မှာလည်းပြောသလို ဆေးဝယ်ချင်တယ်ဆိုရင်တောင်မှ ရွာပြင်ထွက်ရင် အလွယ်တကူ ၀ယ်လို့ရတယ်ပေါ့။ ဒါပေမဲ့ နောက်ဆုံး တကယ့်တကယ် ခံရတာက ရောင်းတဲ့သူတွေ မခံရဘဲ သုံးစွဲတဲ့သူတွေကပဲ ခံရတယ်ပေါ့။ အဲဒီတော့ အခုလိုမျိုး ပေါပေါလောလောနဲ့ ပြင်ပမှာ ရောက်နေတာနဲ့ ပတ်သက်ပြီးတော့ကော တကယ်ခံစားခဲ့ရသူ တစ်ယောက်အနေနဲ့ ဘာပြောချင်သလဲ။

ဖြေ - ဒီ ပေါများတဲ့ကိစ္စကတော့ ဂွကျတာက…ကျွန်တော်တို့ အခုဆိုလို့ရှိရင် ကျွန်တော်တို့ ဆီမှာ မိနေတာတွေ အတော်များများက ဖိုး(ဘိန်းဖြူ) သမားတောင် နည်းတယ်။ ဘိန်းသမား။ ဘိန်းသမားက ကထိကထ များတယ်လေ။ ကျွန်တော်တို့လည်း ပထမ ဟိုးတုန်းကတော့ ဘိန်းက စရှုခဲ့တာကိုး။ ဘိန်းကနေပြီးတော့မှပဲ ဖိုး (ဘိန်းဖြူ) နဲ့ ဖြတ်လို့ရှိရင် ပြတ်တယ်ဆိုလို့။ ကျွန်တော်တို့ လည်း ကိုယ့်ကိုယ်ကိုလည်း စိတ်ထဲက သိပါတယ်။ ဒါပေမဲ့လို့ မလက်ခံတာချည်းကို။ ဖိုး (ဘိန်းဖြူ) က ကောင်းမှန်းသိတာချည်းကို ဖိုး (ဘိန်းဖြူ) သွားချတော့ ဖိုး (ဘိန်းဖြူ) စွဲတာလေ။ အဲဒီကောင်တွေ ဖိုး (ဘိန်းဖြူ) ပေါရခြင်း၊ ဘိန်းပေါရခြင်းဆိုတာတော့ သိပ်တော့ ကျွန်တော် မပြောလိုဘူး။ ဒါပေမဲ့ ဖိုး (ဘိန်းဖြူ) သမားကို မိတဲ့၊ ဘိန်းသမားကို မိတဲ့ အချိန်က ဘိန်းစားက ကထိကထများတယ်။ ခတ်ရတာ နဲ့၊ ရှုရတာနဲ့၊ သူက ဘူးနဲ့လေ။ ဖိုး (ဘိန်းဖြူ) သမားကတော့ လွယ်တာကိုး။ ဘိန်းသမားတွေချည်း အမိများတယ်။ ဖိုး (ဘိန်းဖြူ) သမားက တော်တော်များများချည်းကို ကျန်သေးတာ။ ဆိုတော့ အဲဒီလို ပေါတာတွေကိုလည်း မပေါစေချင်ဘူးဗျာ။ ကျွန်တော်တို့က ကျွန်တော့်မှာ သားတွေ ဘာတွေလည်း ရှိတယ်။ သားတွေက နှစ်ယောက်တောင်မှ ရှိတာ။ သူတို့ကတော့၊ ဒီ ရဲမှူးကြီးတွေကတော့ ဒီဟာတွေ မပေါများအောင် လုပ်ပေးမယ်လို့ ပြောတာပဲ။
ဖိုး (ဘိန်းဖြူ) သမားကို မိတဲ့၊ ဘိန်းသမားကို မိတဲ့ အချိန်က ဘိန်းစားက ကထိကထများတယ်။ ခတ်ရတာ နဲ့၊ ရှုရတာနဲ့၊ သူက ဘူးနဲ့လေ။ ဖိုး (ဘိန်းဖြူ) သမားကတော့ လွယ်တာကိုး။ ဘိန်းသမားတွေချည်း အမိများတယ်။ ဖိုး (ဘိန်းဖြူ) သမားက တော်တော်များများချည်းကို ကျန်သေးတာ...
မေး - အကို ဆေးဖြတ်ခဲ့တဲ့အချိန်မှာ၊ အကို ဆေးဖြတ်စခန်း ၀င်နေတဲ့အချိန်မှာ ဘယ်နည်းလမ်းက အကောင်းဆုံး ဖြစ်မယ်လို့ ထင်မိလဲ။ ကိုယ်ကိုယ်တိုင်လည်း ဆေးဖြတ်ခဲ့တဲ့ သူဆိုတော့။

ဖြေ - ကျွန်တော်ကတော့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းပါပြီးတော့မှ၊ ဒီလိုမျိုး အသိုင်းအ၀ိုင်းနဲ့ ဖြတ်တာက ကျွန်တော့်အတွက် အထောက်အကူ ဖြစ်စေဆုံးပေါ့။ ဘာလို့လဲဆိုတော့ အားနာရတယ် လေ။ ကိုသန့်ဇင်ဆွေဆိုလည်း ကျွန်တော်တို့ ကတိပေးထားပြီးပြီလေ။ နောက်ထပ် ထပ်မလုပ်ပါဘူး၊ လူတွေကို ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးတွေ၊ ရဲမှူးကြီးတွေကအစ ကျွန်တော် ကတိပေးထားတယ် လေ၊ ကျွန်တော် မလုပ်ပါဘူး။ ယောက်ျ်ားဖြစ်တဲ့အတွက် ကတိတစ်လုံးက တည်ရတော့မှာကိုး။ ဟိုတုန်းကတော့ ဘယ်သူ့ကိုမှ ကတိမပေးခဲ့ဘူးလေ။ အလွယ်တကူပဲ ကိုယ့်ဟာကိုယ်တောင်။ ကိုယ်ဟာကိုယ်တောင် ကတိမပေးခဲ့ဖူးဘူး။ ဆိုတော့ အေး…ဖြတ်တော့ ဖြတ်ရမယ်။ ဒီတိုင်း ကြိတ် ဖြတ်နေတာပဲ အဲဒါတွေ သိလို့။ မခံနိုင်တော့ ပြန်လုပ်မိတာပဲ။ အခုတော့ သူတို့ကို ကျွန်တော် ကတိပေးထားတယ်လေ (ရပ်ကျေး MANA အတွင်းရေးမှူးနှင့် ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်း တာဝန်ခံ ကိုသန့်ဇင်ဆွေအား လက်ညှိုးထိုးပြလျက်)။ သူတို့လည်း ကျွန်တော် လုပ်ရင် တစ်နေ့နေ့ တစ်ချိန်ချိန် သိမှာပဲ။ မသိဘူးဆိုတာ မရှိဘူး။ အဲဒါမျိုး အကျိုးကျေးဇူးတွေ ရတယ်။ အများနဲ့ ဖြတ်မှပဲ တော်တော် အကျိုးရှိတယ်။ တစ်ယောက်တည်း ဖြတ်တာမျိုးကတော့ တအားကြီး စိတ်ဓာတ်ခိုင်မာရင် တော့ တစ်မျိုးပေါ့လေ။ ကျွန်တော်တို့က အဲဒီလောက် စိတ်ထဲ ခိုင်မာတဲ့ထဲမပါလားတော့ မသိဘူး။

မေး - အကို ပြောတဲ့အချိန်မှာ အခံစားရဆုံးအချိန်က လေးရက်မြောက်နေ့ ရယ်၊ နောက်ပြီး လက်ရှိ ဆေးပြတ်သလောက် ဖြစ်သွားပြီဆိုတဲ့အချိန်က အပြင်းဆုံးပဲ ဆိုတော့ အခုကော ဘယ်လို ခံစားနေရလဲ။

ဖြေ - အခုကတော့ ခန္ဓာကိုယ်ကတော့ မခံစားရဘူးဗျ။ စိတ်က ခံစားရတာပေါ့။ ဒီလို မိုးအေး တဲ့အခါမျိုးဆိုရင် ဟိုတုန်းက ဆေးချတဲ့အကြောင်းတွေ တွေး၊ ယင်းကတော့ မထတော့ဘူး ကျွန်တော်တို့။ ဒါပေမဲ့ စိတ်က ပါနေတာ။ ဘာလို့လဲဆိုတော့ မိုးအေးတော့ လူတွေက အော်တိုမစ်တစ် ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်တတ်တယ် မဟုတ်လား။ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်တတ်တော့ ကျွန်တော်တို့က အဲဒီလိုအချိန်မှာ ဆေးကိုသာ ချလိုက်ရင် လူက လန်းဆန်းသွားမယ်ဆိုတာ သွားသွား တွေးမိတယ် ကျွန်တော်တို့က။ အဲဒီ စိတ်ဒဏ်ရာကတော့ ဆရာဝန်တွေကလည်း ပြောတယ်၊ ခြောက်လ တစ်နှစ် ကတော့ ရှိနေဦးမှာတဲ့။ ဒါဆိုတော့ သူက သိပ်တော့ မလွယ်ဘူး ဒီကောင်က။ ဒါပေမဲ့ ကျွန်တော် ခုနက ပြောသလို၊ စောစောကပြောသလို ကတိတွေ ပေးထားတယ်ဆိုတော့ ကျွန်တော် မလုပ်ဖြစ်ဘူး လေ။ အဲဒါမျိုးတွေ ရှိတယ်။
အသွေးအသား မပါတော့ဘူးလေ။ အသွေးအသား မပါတော့တဲ့အတွက် မယ်ဒလင် ကောက်တီးတာမျိုးတို့၊ ဂစ်တာ ကောက်တီးတာမျိုးတို့၊ ခဏလေးနဲ့ သူက၊ မိသားစုနဲ့ စကားပြောလိုက်ရင်တောင် အဲဒီစိတ်တွေက ပျောက်သွားတာ သူက။ ခန္ဓာကိုယ် သွေးသားမပါတဲ့ အတွက်လေ။ စိတ်ဒဏ်ရာ၊ စိတ်ကလေး ရှိနေတာဆိုတော့...
မေး - နောက်ထပ်ကော အဲဒီအတွက် ဘယ်လောက်အထိ အားတင်းထားရသလဲ။ ကိုသန့်ဇင်တို့ကို ကတိပေးထားရတာအပြင် ကိုယ့်ဟာကိုယ် ဘယ်လိုအားတင်းထားရသလဲ။ အရင် တုန်းကလည်း ရဲဖမ်းမှာ ကြောက်ပေမယ့် ယင်းထလာရင် သောက်ချင်နေတာဆိုတော့။ အခု ကတိ တစ်လုံးတည်ဖို့အပြင် ကိုယ့်ဟာကိုယ် ဆက်မသုံးတော့ပါဘူးဆိုတဲ့ ခံယူချက်ကို ပြည့်မီအောင်လို့ ဘယ်လောက်အထိ အားတင်းထားရသလဲ။

ဖြေ - အခုတော့ ထွေထွေထူးထူးတော့ မတင်းရဘူးဗျ ဒီကောင်က။ အဲဒီကာလက လွန်မြောက်သွားပြီလေ။ စောစောတုန်းက ၁၄ ရက်စခန်းမှာကိုက တော်တော်လေးကို သံဓိဋ္ဌာန်ချခဲ့ တာကိုး။ မလုပ်တော့ဘူးလို့ ချခဲ့တဲ့အတွက်။ ဒီကောင်က တစ်ခါလည်း မလုပ်တော့ဘူး၊ နှစ်ခါလည်း မလုပ်တော့ဘူးလို့ ကျွန်တော်တို့က အဲဒီလိုမျိုးပဲ။ ထူးထူးထွေထွေတော့ မတင်းရတော့ဘူး။ ဘာလို့ ဆိုတော့ ကျွန်တော်တို့က အသွေးအသား မပါတော့ဘူးလေ။ အသွေးအသား မပါတော့တဲ့အတွက် မယ်ဒလင် ကောက်တီးတာမျိုးတို့၊ ဂစ်တာ ကောက်တီးတာမျိုးတို့၊ ခဏလေးနဲ့ သူက၊ မိသားစုနဲ့ စကားပြောလိုက်ရင်တောင် အဲဒီစိတ်တွေက ပျောက်သွားတာ သူက။ ခန္ဓာကိုယ် သွေးသားမပါတဲ့ အတွက်လေ။ စိတ်ဒဏ်ရာ၊ စိတ်ကလေး ရှိနေတာဆိုတော့ မိသားစုနဲ့သော်လည်းကောင်း၊ သားနဲ့သော်လည်းကောင်း စကားပြောနေရင် သူက ပျောက်သွားတော့တာပဲ။ လွယ်လွယ်လေးရယ် သူက။ တအားကြီးတော့ မတင်းရဘူး။ ဒီ တင်းရတဲ့ကာလတွေက ကျော်လွန်ခဲ့ပြီလေ။ တစ်ခါတည်း ပူးတွဲပြီးတော့မှ လုပ်ချလာခဲ့တာဆိုတော့။ ၁၄ ရက်စခန်းမှာ စလို့ နောင် မလုပ်တော့ဘူးဆိုတဲ့ ပုံစံမျိုး လုပ်ချလာခဲ့တာဆိုတော့။ အထူးအထွေတော့ မတင်းရဘူး။

မေး - ၁၄ ရက်စခန်းမှာ ခိုးပြီး ပြန်သုံးဖို့ လုပ်ခဲ့တာတွေ ရှိတယ်လို့ ကိုသန့်ဇင်ဆွေတို့ဆီ ကနေ ပြန်သိလာရတယ်။ အကိုကော အဲဒီလိုမျိုး ပြန်သုံးချင်စိတ် ပေါက်လာအောင် ခံစားခဲ့ရသလား။

ဖြေ - ကျွန်တော် လုပ်ရင်တော့ ပုန်းလျှိုးဝှက်လျှိုးတော့ လုပ်မှာ မဟုတ်ဘူးဗျ။ “ကဲ…သန့်ဇင်ဆွေရေ…ငါတော့ လုံးဝကို မနေနိုင်လို့ လုပ်မှာပဲဟေ့”လို့ ပြောပြီး လုပ်မှာပဲ ရှိတယ်။ အဲဒါမျိုး ပုန်းလျှိုးဝှက်လျှိုးစိတ်ဓာတ်တော့ မရှိဘူး။ မဖြစ်နိုင်ဘူး။ လုပ်ရင်တော့ ဘာထူးမှာလဲုနော့်။ ဆရာဝန်လာရင် သိမှာပဲဆိုတော့ အဲဒီလို ဖြတ်ထားတာ။ လုပ်လည်း မလုပ်ခဲ့ဘူး ၁၄ ရက်စခန်းမှာ တော့။ ဟိုကောင်တွေလည်း မလုပ်ကြပါဘူး။ ကွယ်ရာမှာတော့ မသိဘူးနော်။

မေး - နောက်တစ်ခုက ကျွန်တော်တို့ သိထားတာက အခု ဆေးဖြတ်စခန်းက စခန်းဖွင့်ဖို့ ခွင့်ပြုရုံပဲ ခွင့်ပြုခဲ့တာပေါ့။ ဒါပေမဲ့ အမှန်တကယ်က ကိုယ်ထူကိုယ်ထ လုပ်တာ။ ဒါပေမဲ့ အပြင် လောကမှာ ဆေးသုံးသူတွေ ပိုများလာတယ်၊ ကျန်တဲ့ မူးယစ်ဆေးဝါးသုံးတဲ့သူတွေ များလာတဲ့ အတွက်ကြောင့် ဒီလိုမျိုး ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းတွေဟာ ဘယ်လောက်အထိ အရေးကြီး တယ်လို့ ပြောလို့ရလဲ။

ဖြေ - ဟာ…တော်တော် အရေးကြီးတယ်ဗျ။ ဘယ်လိုအရေးကြီးသလဲဆိုရင် ကျွန်တော်တို့ ရွာထဲမှာ ကျွန်တော်ဆိုရင်လည်း ရွာထဲမှာဆိုရင် စေတနာ့ဝန်ထမ်း အရံမီးသတ်တပ်ဖွဲ့ဝင် တစ်ယောက်လေ။ ဒါဆို ကျွန်တော်တို့ ရွာပတ်ဝန်းကျင်မှာဆို အပ်တကာ အပ်၊ ဒါမျိုးတွေကစလို့ ပျောက်တာရှတာတော့ နည်းသေးတယ်၊ ရှိတော့ ရှိတယ်။ အခု နောက်ထပ်လူလည်း ကျွန်တော် တတ်နိုင်သရွေ့ကတော့ သိမ်းသွင်းထားတယ်။ တော်တော်အရေးကြီးတယ်။ ဒီကောင်တွေ ရှိတာ တော့ လူတွေအများကြီး ရှိတယ်။ ဒီကောင်တွေ လိုက်ပြီးတော့မှ ကျွန်တော်တို့ ဖြတ်သလို ဖြတ်မှ။ အဲဒီလိုတွေ ဖြတ်မှ။ သူတို့ကိုလည်းပြောပြတယ်။ “ဟေ့ကောင် သိပ်မခံရဘူး၊ ခံတော့ ခံရတာပေါ့”။ ဒါပေမဲ့ ပေါ့ပေါ့ပြောလို့ သိပ်မခံရဘူး၊ ဒီကောင်တွေလည်း ၁၄ ရက်စခန်း ၀င်လိုက်ရင် ပြတ်သွားမှာပဲ။ ဆိုတော့ အရေးကြီးပါတယ်။ ကျွန်တော် မပြောတတ်လို့ပါ။ ဒီကောင် အရေးကြီးပုံက ကျွန်တော် လိုက်ပြီး ရှုဖော်ရှုဘက်တွေပေါ့နော်။ ကျွန်တော်က ဖုန်းနဲ့ပဲ လှမ်းပြောလိုက်တာ။ လူတော့ သွားမတွေ့ ရဲသေးဘူး။ မင်းတို့ကောင်တွေ ဖြတ်ကြတော့ ဒါမျိုးပေါ့။

မေး - ဆေးသုံးနေတဲ့သူငယ်ချင်းတွေကို သွားမတွေ့ရဲဘူးဆိုတာ ဘာကြောင့်လဲ။

ဖြေ - သွားမတွေ့ရဲဘူးဆိုတာ မတော်တဆ သူတို့ကနေပြီးတော့ ဥပမာ သွေးတိုးစမ်းတဲ့ အနေနဲ့ဖြစ်ဖြစ် “ရော့ကွာ…ချ” ဆိုရင် ကိုယ်က မနေနိုင်မှာစိုးလို့။ ကိုယ့်ကိုယ်ကို တအားကြီး၊ အပြည့် အ၀ ရာနှုန်းပြည့် မယုံရဲသေးဘူး။ အဲဒါကြောင့် သွားမတွေ့ရဲတာ။
ဒီဆေးကို လုပ်လိုက်ရင်တော့ သေချာ တယ်၊ လူတောသူတော မသွားတာ။ ယောက်ျားလေးဆိုလို့ရှိရင်လည်း သူ့ရဲ့ အိမ်ထောင်ဘက်ကို စိတ်မ၀င်စားတော့ဘူး ဒီကောင်။ သူ့ရည်းစားတွေ၊ အပျိုတွေ ဘေးချိတ်၊ စိတ်မ၀င်စားတော့ဘူး။ ဒီဆေးပဲ စိတ်ဝင်စားနေတော့မှာပဲ...
မေး - နောက်ဆုံးအနေနဲ့ပေါ့။ အရှေ့က ပြောခဲ့သလို မူးယစ်ဆေးဝါး တအားပျံ့လာတယ်၊ သုံးတဲ့လူငယ်တွေ များလာတယ်ပေါ့။ အဲဒီလူငယ်တွေကိုကော မူးယစ်ဆေးဝါးရဲ့ အန္တရာယ်က ဘယ်လောက်အရေးကြီးတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဘာမျာ ပြောပြချင်သလဲ။

ဖြေ - မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ကတော့ ပြောချင်တာတွေကတော့ မနည်းပါဘူး။ ကျွန်တော်တို့ ဒီမူးယစ်ဆေးဝါးသမားကို ပတ်ဝန်းကျင်က ပစ်ပယ်တယ်ဆိုတာ ပထမဆုံး ပတ်ဝန်းကျင် က ပစ်ပယ်တာ မဟုတ်ဘူးဗျ။ အဲဒီ မူးယစ်ဆေးဝါးသမားကကိုက ရှောင်တာ။ အော်တို ရှောင်တာ။ ဘာလို့လဲဆို လူတစ်ယောက်နဲ့၊ ဒီကောင် သွားမယ်။ သူတို့က ဆေးသမား မဟုတ်ဘူးလေ။ ဆေးသမား မဟုတ်တော့ ကိုယ်နဲ့ ဇယားမကပ်ဘူး။ ဟာ…ဒီကောင်တွေဆီ သွားရတာလည်း ဆေးရနိုင်မှာ မဟုတ်ပါဘူး၊ ကိုယ့်ဆေးသမားအချင်းချင်းပဲ။ လူတောသူတောလည်း မသွားချင်ဘူး ကိုယ်က။ ဒီကောင် ဆေးလုပ်ပြီးရင် ဆူဆူပူပူလည်း မကြိုက်ဘူးလေ။ ကိုယ်က ဆေးရဲ့အရသာကို ခံစားချင်တာကိုး။ ဒါဆိုတော့ လူပြတ်တဲ့တောထဲ ရှောင်တာ။ လူတောကို တိုးကို မတိုးတာ ဒီကောင်က။ အဲဒါတွေ ဖြစ်တတ်တယ်။ လူငယ်တွေကျတော့ သူတို့ဘ၀ တက်လမ်းတွေ အများကြီး ရှိသေးတယ်လေ။ လူတောသူတော သွားရဦးမှာ။ ဒီကောင်တွေ ဒီဆေးကို လုပ်လိုက်ရင်တော့ သေချာ တယ်၊ လူတောသူတော မသွားတာ။ ယောက်ျားလေးဆိုလို့ရှိရင်လည်း သူ့ရဲ့ အိမ်ထောင်ဘက်ကို စိတ်မ၀င်စားတော့ဘူး ဒီကောင်။ သူ့ရည်းစားတွေ၊ အပျိုတွေ ဘေးချိတ်၊ စိတ်မ၀င်စားတော့ဘူး။ ဒီဆေးပဲ စိတ်ဝင်စားနေတော့မှာပဲ။ ဒါဆိုတော့ ဒီကောင့်တက်လမ်းက မရှိတော့ဘူးလေ။ တော်တော် များများ။ အခု ရည်းစားမှ စိတ်မ၀င်စားတော့ဘူးဆိုရင် ကျန်တာ ဘာမှ စိတ်မ၀င်စားတော့ဘူးဆိုတော့။ ဒါမျိုးတွေ ဖြစ်တဲ့အတွက် ဒါ အဓိက ဆိုးကျိုးပဲ ဒီကောင်က။ ဒါတွေ အများကြီးပဲ သူ့နောက်က လိုက်ခဲ့တာ။

မေး - အကို အခု အသက်ကော ဘယ်လောက်ရှိပြီလဲ။

ဖြေ - ၄၂ နှစ်ထဲမှာ။

မေး - အခု အကို မူးယစ်ဆေးဖြတ်တာ ၁၁ ကြိမ်မြောက် ဖြစ်တဲ့အခါမှာ ပြတ်သွားပြီလို့ ပြောလို့ရတဲ့အနေအထားပေါ့နော်။ အဲဒီအတွက်ကော ကိုယ့်ဟာကိုယ် ဘယ်လိုများ ပြောချင်သေးသလဲ။

ဖြေ - ကိုယ့်ကိုယ်ကို စိတ်စွမ်းအားတွေ၊ မူးယစ်ဆေးဖြတ်တယ်ဆိုတဲ့ကောင်တွေဟာ ကျန်တဲ့သူနဲ့တော့ မတူဘူးပေါ့နော်။ ကျွန်တော်ကတော့ ဒီကောင်ကို နိုင်နိုင်နင်းနင်း ဖြတ်ပြီလို့၊ ပြတ်ပြီလို့ ယူဆထားလိုက်တဲ့အတွက် စိတ်စွမ်းအားတစ်မျိုးတော့ တက်တယ်။ သဘောတစ်ခုက ငါ့ကွ ပေါ့လေ။ ဘယ်တုန်းကမှ ပြတ်အောင် မဖြတ်နိုင်တဲ့ကောင်၊ အခု ၁၈ ရက်ဆိုတော့ အကြာဆုံးပဲလေ။ ကြာသွားပြီဆိုတော့ ကိုယ့်ကိုယ်ကို နေနိုင်သွားပြီ။ ပြတ်သွားပြီလို့ ကျွန်တော်က ယူဆတာကိုး။ ဒါဆိုတော့ ဒီလိုမျိုး ဒီလောက် စွဲတာကြီးတောင် ဖြတ်နိုင်ရင် ကျွန်တော်တို့က ဗုဒ္ဓဘာသာဝင်တွေ ဆိုတော့ပေါ့လေ၊ ဒီလောက် စွဲတာကြီးပ ဖြတ်နိုင်ရင် ကျန်တဲ့ ဘာသာရေးတွေ ဘာတွေမှာလည်း တော်တော်၊ ဘာသာရေးဆိုတာက သိတဲ့အတိုင်း။ ကိုယ့်ဟာကိုယ်တောင်၊ ကိုယ့်အသက်ကိုယ် တောင် လှူရတဲ့ကိစ္စဆိုတော့လေ။ ဒီလောက် ကြီးတဲ့ကိစ္စ မဟုတ်တာတောင် ဒီလောက်ကြီး စွဲနေ တာကြီး ဖြတ်နိုင်ပြီဆိုတော့ ကျန်တဲ့ဘာသာရေးပိုင်းဆိုင်ရာတွေမှာ တော်တော်များများ လုပ်နိုင် လိမ့်မယ်လို့ ကျွန်တော် စိတ်စွမ်းအားတော့ တော်တော် တက်လာခဲ့တာပဲ ဒီကောင်။ ကျန်တဲ့ စီးပွားရေး ဘာတွေကတော့ မတွေးမိသေးဘူး တစ်ခါမှ။ အခုမှ အစဆိုတော့။

မေး - အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ - အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)


တွေ့ဆုံမေးမြန်းခန်း ပထမပိုင်းအား အောက်ပါလင့်ခ်တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။

Read More

Wednesday, September 14, 2016

မြန်မာ့အောင်သံ

“သူ့ (မူးယစ်ဆေး) ကို မှီခိုအားထားနေရတာချည်းကို အဓိက မကျေနပ်တာပဲ”

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ထိုမာစံပြကျေးရွာ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဖြတ်ခန်းတွင် ဆေးဖြတ်ခဲ့သူ ကိုရွှေလုံးနှင့် တွေ့ဆုံမေးမြန်းခြင်း (အပိုင်း - ၁)


မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ နာမည်ကြီးမြို့တွေထဲမှာဆိုရင် စစ်ကိုင်းတိုင်း၊ ကလေးမြို့လည်း တစ်ခုအပါအ၀င်ပါ။ သုံးစွဲမှု မဟုတ်။ ဖမ်းဆီးမှုတွင်မှာပဲ ၂၀၁၃ ခုနှစ်က ၁၆၅ မှု၊ ၂၀၁၄ ခုနှစ်က ၁၂၂၄ မှု၊ ၂၀၁၅ မှာ ၁၀၃ မှုနဲ့ ၂၀၁၆ နှစ်စကနေ သြဂုတ်လအထိ ၁၃၆ မှု ထိရှိတယ် လို့ ကလေးခရိုင် ရဲစခန်းရဲ့ ကိန်းဂဏန်းမှတ်တမ်းတွေအရ သိရပါတယ်။

တစ်ဖက်မှာ မူးယစ်ဆေးဝါး အန္တရာယ် ရှိနေပေမယ့်၊ မူးယစ်ဆေးရဲ့ သားကောင်အဖြစ် ကျခံနေရပေမယ့် လွတ်မြောက်လိုသူတွေလည်း ရှိနေပါသေးတယ်။ အဲဒီသူတွေကတော့ ကလေးမြို့၊ ထိုမာ စက်မှုလယ်ယာစံပြကျေးရွာမှာ ကိုယ်ထူကိုယ်ထဖွင့်ခဲ့တဲ့ မူးယစ်ဆေးဖြတ်စခန်းက ကိုရွှေလုံး အပါအ၀င် ရွာသား ခုနစ်ယောက်ပါ။

အဲဒီသူတွေထဲမှာ ကိုရွှေလုံးဟာ (၁၁) ကြိမ်မြောက် မူးယစ်ဆေးဝါးသုံးစွဲမှုကို ကြိုးစားဖြတ်ခဲ့သူပါ။ အရင် (၁၀) ကြိမ်မြောက်အထိ မိမိဘာသာ ကြိတ်မှိတ်ဖြတ်ခဲ့ပေမယ့် မူးယစ်ဆေးဝါးတွေ လွယ်လင့် တကူ ရနေတာတွေ၊ စိတ်မနိုင်တာတွေကြောင့် ဆေးမပြတ်ဘဲ ဆက်သုံးနေခဲ့မိတာပါ။ ဒါပေမဲ့လည်း (၁၁) ကြိမ်မြောက်ဖြစ်တဲ့ အခုအခါမှာတော့ ဆေးပြတ်ပြီလို့ ကိုရွှေလုံးက ဆိုလိုက်ပါတယ်။

ထိုမာကျေးရွာက ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းကို သက်ဆိုင်ရာအာဏာပိုင်တွေက ဆေးဖြတ် စခန်းဖွင့်ဖို့သာ ခွင့်ပြုချက်ပေးထားပြီး ဆေးဖြတ်ဖို့ လိုအပ်တဲ့ဆေးဝါးတွေ၊ အကူအညီတွေကိုတော့ ကျေးရွာက မူးယစ်ဆန့်ကျင့်ရေးအဖွဲ့ MANA နဲ့ ဒေသခံတွေက ကိုယ်ထူကိုယ်ထ စရိတ်ကျခံပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆေးဖြတ်စခန်းမှာ ကြုံတွေ့ ခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ ဆေးသုံးစဉ်ကာလ ဖြတ်သန်းခဲ့ရပုံတွေ၊ ဆေးဖြတ်ဖို့ ဘယ်လိုသံဓိဋ္ဌာန်ချခဲ့ရတာတွေနဲ့ ပတ်သက်လို့ ထိုမာ ကိုယ်ထူကိုယ်ထ မူးယစ်ဆေးဖြတ် စခန်းကတစ်ဆင့် မူးယစ်သားကောင်အဖြစ် လွတ်မြောက်လာသူ ကိုရွှေလုံးနဲ့ အောက်ချင်းသစ္စာ သတင်းအေဂျင်စီတို့ စက်တင်ဘာလ ၁၂ ရက်က တွေ့ဆုံမေးမြန်းခဲ့မှုများကို တင်ပြလိုက်ပါတယ်။

 မေး - အကို့ နာမည်လေးနဲ့ ဘယ်မှာ နေတယ်၊ ဘာလုပ်သလဲဆိုတာ ပြောပေးပါဦး။

ဖြေ - နာမည်ကတော့ ရွှေလုံးပါ။ အမှတ် (၁) ရပ်ကွက်မှာ နေပါတယ်။ (စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ထိုမာ စက်မှုလယ်ယာစံပြကျေးရွာ)။ အလုပ်ကတော့ တောင်သူပေါ့ဗျာ။ တောင်သူ၊ မိရိုးဖလား လုပ်ငန်းပေါ့။

မေး - အကိုက အခု ကိုယ်ထူကိုယ်ထဆေးပေးခန်းမှာပေါ့နော်။ ဆေးဖြတ်ဖို့ ဆုံးဖြတ်လိုက် တယ်ပေါ့။ အဲဒီလို ဆေးဖြတ်မယ်လို့ ဆုံးဖြတ်တယ်ဆိုတော့ ဘယ်လိုခံယူချက်နဲ့ ဆုံးဖြတ်လိုက်တာလဲ။

ဖြေ - ကျွန်တော်တို့ ဆေးဖြတ်မယ်လို့ ဆုံးဖြတ်တယ်ဆိုတာက ကျွန်တော်တို့က ဆေးစွဲလို့၊ ပိုက်ဆံလည်း ပြောင်ပြီပေါ့ဗျာ။ နောက် ရဲ ကြောက်ရတယ်ပေါ့နော်။ ခေတ်ကလည်း နည်းနည်း ကောင်းလာပြီဆိုတော့။ ပြီးတော့ ကျွန်တော်တို့က အဲဒီဆေးကို မှီခိုအားထားနေရတာချည်းကို လုံးဝ မကြိုက်တာ…အမှန်တကယ်က။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က တောင်သူဆိုတော့ စောစော စီးစီး၊ လင်းလင်းချင်းချင်း အလုပ်ဆင်းရတယ်ဗျာ။ ဒီဆေးစွဲတဲ့အခါကျတော့ ကျွန်တော်တို့က အလုပ် မဆင်းခင်ကိုက ဒီဆေးကို လုပ်ပြီးတော့မှ အလုပ်လုပ်နိုင်တာ။ အဲဒါကြီးကို ကျွန်တော်တို့က မကျေနပ်တာ။ သူ့ (ဆေး) ကို မှီခိုအားထားနေရတာချည်းကို အဓိက မကျေနပ်တာပဲ ကျွန်တော် တို့က။ အဲဒါကြောင့် ဖြတ်ပစ်တာ၊ အဓိက ကတော့။

မေး - အကို ဖြတ်ဖို့ ကြိုးစားတာကော ဘယ်နှခေါက်လောက် ရှိပြီလဲ။

ဖြေ - ကျွန်တော် အခုက (၁၁) ကြိမ်ရှိပြီ။ (၁၁) ကြိမ်မြောက်ပေါ့နော်။ ကိုသန့်ဇင်တို့ ဖြတ်ပေးတာကောဆို (၁၁) ကြိမ်မြောက် ရှိပြီ။ (အနားရှိ ကျေးရွာ MANA အတွင်းရေးမှူး ကိုသန့်ဇင်အား လက်ညှိုးထိုးပြလျက်)။ ကျန်တဲ့ (၁၀) ကြိမ်မြောက်တုန်းကတော့ ဘာဆေးဝါး အကူအညီ မပါခဲ့ဘူးပေါ့ဗျာ။ ကိုယ့်ဟာကိုယ် ကြိတ်မှိတ်ပြီး လှိမ့်ခံပြီးတော့ ဖြတ်ခဲ့တာပေါ့။ ဖြတ်လို့ ပြတ်ပါနီးလောက် ရှိသွားပြီဆိုရင် ပြန်ပြန်လုပ်မိတာပဲ သူက။ ဘာလို့ဆိုတော့ ဆေးဝါးအကူအညီ မပါလို့လေ။ အခု ဆေးဝါးအကူအညီနဲ့ ဖြတ်ထားတာတောင်မှ အခုထိ ၁၈၊ ၁၉ ရက်အထိနော်။ ဒါတောင်မှ အရိပ်အငွေ့ နည်းနည်းကျန်သေးတယ်။ ညောင်းတာကိုက်တာတို့၊ အခု မိုးအေးရင် ပိုဆိုးတာပေါ့ (အပြင်တွင် မိုးရွာနေသည်ကို ငေးလျက်)။ အဲဒီလို ဖြစ်တာတောင် ကျန်သေးတယ်။ ကျွန်တော်တို့က လှိမ့်ခံတော့ ပထမ (၁၀) ကြိမ် ဖြတ်ခဲ့တာတောင် အဲဒီလောက်ဆိုရင် တစ်ခါတည်း ပြန်လုပ်မိတော့တာပဲ။ ဆေးပေါတာလည်း ပါတာပေါ့ဗျာ။ မပါဘူးဆိုရင်လည်း၊ ကိုယ့်ပတ်ဝန်းကျင်မှာ မရှိဘူးဆိုရင်လည်း ကျွန်တော်တို့က ပြတ်ချင် ပြတ်သွားမှာလေ။ ဆေးဖြတ်လို့တော့ သေတာတော့ မသေပါဘူး။ ဒါပေမဲ့ ခံရတာကတော့ မချောင်ဘူးဗျ။ ကိုယ်ကိုယ်တိုင်ပဲ သိတာ၊ အဲဒီလို ဖြစ်တယ်။

မေး - အကိုပြောတဲ့ထဲမှာ ဆေးကလည်း ပေါတယ်ဆိုတော့ ဘယ်လောက်တောင်မှ ပေါတာကို မြင်နေရသလဲ။

ဖြေ - အခုတော့ မသိဘူးဗျ။ ကျွန်တော်တို့ လုပ်ချိန်က ပေါတာကတော့ အိမ်ကနေကို ဘေးကို မသွားရဲဘူး ကျွန်တော်တို့က။ သွားလိုက်ရင်ကို ဒါက တွေ့သလောက်ပဲ နေတော့တာ သူက။ ပိုက်ဆံလေး ၂၀၀၀၊ ၃၀၀၀ လောက်ဆိုရင် တွေ့ပြန်တော့တာ။ အစဆိုတော့ ဒါက ၂၀၀၀၊ ၃၀၀၀ ကနေ စလုပ်လိုက်ရင် များသွားတာပဲလေ အရင်းက။ နဂိုအရင်း ပြန်ရောက်သွားတာပဲ။ ပေါတာ ကတော့ ရွာပြင်ကို ထွက်လိုက်ရင်ကို သူ့ဟာသူ အော်တိုမစ်တစ် ရှိနေတော့တယ်ဆိုတဲ့ဟာ ဖြစ်နေတာ ဆေးက။ အခုတော့ အဲဒီလိုမျိုး ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။
ပိုက်ဆံလေး ၂၀၀၀၊ ၃၀၀၀ လောက်ဆိုရင် တွေ့ပြန်တော့တာ။ အစဆိုတော့ ဒါက ၂၀၀၀၊ ၃၀၀၀ ကနေ စလုပ်လိုက်ရင် များသွားတာပဲလေ အရင်းက။ နဂိုအရင်း ပြန်ရောက်သွားတာပဲ။ ပေါတာ ကတော့ ရွာပြင်ကို ထွက်လိုက်ရင်ကို သူ့ဟာသူ အော်တိုမစ်တစ် ရှိနေတော့တယ်ဆိုတဲ့ဟာ ဖြစ်နေတာ ဆေးက...
မေး - ဆေးဖြတ်ဖို့ လုပ်တုန်းက ဆေးမသုံးရတော့ ဘယ်လောက်တောင် ခံစားခဲ့ရသလဲ။

ဖြေ - ခံစားရတာကတော့ ပြောမဖြစ်ဘူးဗျ။ ဒီကောင်က မသုံးစွဲရရင်တော့ ဒီကောင်က လူးလှိမ့်နေရတာပဲ။ ဒီ အဆစ်အမြစ်တွေ ကိုက်တာတို့၊ ပထမဆုံး မျက်ရည်ယိုတာတို့၊ အာသန်းလာ တာတို့လေ။ သူက စလာခဲ့တော့တာ။ သူက အဆစ်အမြစ်တွေ ကိုက်ခဲလာခဲ့တော့တာ။ တစ်ကိုယ်လုံး ကိုက်ခဲလာပြီးတော့မှ။ နောက်ပြီး ညနေလောက်ဆိုရင် ဒါ ၀မ်းက သွားတော့တာ။ တဗျစ်ဗျစ်ပဲ။ ညောင်းကိုက်တာကတော့ ဘာနဲ့မှ မတူတော့ဘူး။ တခြားအာရုံ စိတ်ထဲကို မရောက်တာ သူက။ ဒီဆေးမှ ဒီဆေးပဲ သူက။ ကျန်တဲ့ ဘာအရေးဆိုသမျှကို စိတ်ထဲ မရှိတော့ဘူး။ မိသားစုအရေးတွေ၊ ဒါပြီး နောက်ဆုံးဗျာ…ကုန်ကုန်ပြောရရင် ကိုယ့်ရဲ့ ထမင်းတောင်မှ၊ နေ့တိုင်းစားနေတဲ့ ထမင်းတောင်မှ သူက မဆာတော့ဘူးပေါ့။ စားချင်စိတ် မရှိတော့ဘူးပေါ့။ ဒီဆေးလုပ်ပြီးရင်တော့ ဆာလာခဲ့တော့တာ။ အဲဒါမျိုး ဖြစ်တာ။ အဲဒီလောက်အထိ ပြင်းထန်တယ်။ သူ့စိတ် တစ်မျိုးတည်းပဲ၊ ကျန်တာ သူက မရှိဘူး။

မေး - အကို အဲဒီလိုမျိုး ယင်းထနေတဲ့အချိန်မျိုးမှာ ငါ မသုံးတော့ဘူးဆိုပြီး ဘယ်လိုမျိုး စိတ်တင်းခဲ့ရသလဲ။

ဖြေ - အခုက ဆေးဝါးအကူအညီလေး ပါတယ်ဆိုတော့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို၊ အခု ကျွန်တော်တို့ ဖြတ်တယ်ဆိုတာက စပြောရမှာ။ အခုက ကိုယ့်အပေါ် အချုပ်ကျသလို လုပ်ပြီး ဖြတ်တာ ကိုဗျ။ အဓိက ဆေးဝါး ဆိုပေမယ့်လို့။ သူတို့ (မြို့နယ်) က အကူအညီပေးတဲ့ ဆေးဝါးမဟုတ်ဘဲနဲ့ ဘေးဆရာဝန်တွေ ပေးတဲ့ သင့်တော်မယ့်၊ တခြားလူနာတွေကို ပေးတဲ့ ဆေးဝါးမျိုးလေ။ ဒါမျိုးနဲ့ ကိုယ်က နည်းနည်းခံသာအောင် လုပ်တယ်ဆိုတော့ (ဘေးမှ ကိုသန့်ဇင်ဆွေအား လက်ညှိုး ထိုးပြလျက်) သူတို့ကို အားနာတာက၊ သန့်ဇင်ဆွေတို့ အဖွဲ့ကို အားနာတာက တစ်ကြောင်း၊ နောက်ပြီး ကိုယ့်ကို ထမင်းလာပို့တဲ့ အိမ်သူတွေပေါ့နော်။ ကိုယ့်အိမ်သူတွေက ကိုယ့်ကို ကြိုးစားပြီးတော့ နေ့တစ် ကြိမ်၊ ညတစ်ကြိမ်ပေါ့။ ထမင်းတွေ၊ စားစရာတွေ လာပို့တယ်။ ဒါတွေ အားနာတာက တစ်ကြောင်း၊ ဒါတွေနဲ့ ဒါမျိုး သည်းခံရတာပေါ့။ အမှန်က ကိုယ့်တစ်ယောက်တည်း မဟုတ်ဘူးလေ။ အုပ်စုဖွဲ့ပြီးမှဆို တော့ ကိုယ့်ရဲ့ ဝေဒနာကို ဟန်ဆောင်တာမျိုးလည်း လုပ်လို့ရတယ်လေ။ ကြိတ်မှိတ်ပြီးတော့။ အဲဒီလို ပုံစံမျိုးနဲ့ ဖြတ်ခဲ့တာ။ တစ်ယောက်တည်းဆိုရင် မလွယ်ဘူးလေ။ တစ်ယောက်တည်းဆိုရင်တော့ သွားပြီပဲ။ တွေးမိတွေးရာ တွေးထည့်တာ။ ကျွန်တော်တို့ ဆေးဖြတ်တဲ့အချိန်မှာ ဂစ်တာ တီးတယ်၊ မယ်ဒလင်တီးတယ်၊ စာဖတ်တယ်။ ၀ိုင်းဖွဲ့ပြီးတော့မှ စကားပြောတယ်။ နောက်ပြီးတော့ စစ်တုရင် ထိုး တယ်။ ဒါမျိုးတွေနဲ့ အစားထိုးပြီးတော့မှ ကျွန်တော်တို့ ဖြတ်ခဲ့ရတယ်။ တစ်ယောက်တည်းဆိုရင်တော့ သွားပြီ။ ရှာတော့တာပဲ ဆေးရှိတဲ့နေရာကို။

မေး - ဒီအတိုင်း ဖြတ်ဖို့ မလွယ်နိုင်ဘူးပေါ့။

ဖြေ - မလွယ်ဘူး။ မလွယ်ဘူး ဒီကောင်က။

မေး - အကိုက ကိုယ့်ဟာကိုယ်လည်း ဆေးဖြတ်ခဲ့တယ်၊ ဒီမှာကျတော့ ကိုသန့်ဇင်ဆွေတို့ လုပ်တဲ့ MANA အဖွဲ့လုပ်တဲ့ပုံစံမျိုးနဲ့ ဖြတ်တယ်ပေါ့နော်။ အဲဒီနှစ်ခုက ဘာကွာသလဲ။

ဖြေ - ကွာတယ်ဗျ။ ဘာလို့လဲဆိုတော့ ကိုယ့်ဟာကိုယ် ဖြတ်တာက ကိုယ်တစ်ယောက်တည်း လေ။ ကိုယ်တစ်ယောက်တည်းဆိုတော့ ကိုယ့်ဝေဒနာ ကိုယ်ဟာကိုယ် ကြိတ်မှိတ်ခံစား၊ အိပ်ပြီးတော့မှ သူက နေရတာ။ လူးလှိမ့်ခံစားနေရချိန်မှာ ကျန်တဲ့ စကားပြောဖော်တို့၊ အားပေးဖော်တို့က၊ ကိုယ့်အိမ် သူဆိုတာကလည်း တောလုပ်၊ တောင်လုပ်နဲ့လေ။ ကိုယ့်ကို အားပေးစကား မပြောနိုင်ဘူး။ နောက်ပြီး တော့ ကိုယ့်ဝေဒနာကို သူတို့လည်း မသိဘူး သေသေချာချာ။ ကိုသန့်ဇင်ဆွေတို့ အဖွဲ့ကျတော့၊ သူတို့ MANA အဖွဲ့ကျတော့ ဝေဒနာတွေကို သူတို့ကိုယ်တိုင် မခံစားဘူးပေမယ့် ကျွန်တော်တို့ လူနာတွေရဲ့ အပြောကြောင့် သူတို့ သိနေတယ် အတော်များများ။ ဒီလို ဝေဒနာရှိလို့ရှိရင် သူတို့က ဘေးနားကနေ လာပြီးတော့မှ အားပေးစကားပြောတယ်။ အားပေးစကား ပြောတဲ့အချိန်မှာ ဝေဒနာတွေဟာ ပျောက် သွားတာ မဟုတ်ပေမယ့် ခဏ မေ့နေတယ်ပေါ့ဗျာ။ အဲဒါမျိုးတွေ။ သူတို့က “မင်း ဂစ်တာ တီးပစ်လိုက် ကွာ”၊ “ဟေ့ စစ်တုရင် ထိုးရအောင်ဟေ့”၊ ဒါမျိုးတွေနဲ့ ရယ်စရာတွေ လာပြော။ အဲဒါတွေနဲ့ အစားထိုး ပြီးတော့မှ အဖွဲ့နဲ့ကျတော့ တစ်ယောက်နဲ့ အဖွဲ့နဲ့ အဲဒါမျိုးတွေ ကွာဟမှု ရှိတယ်။ အဲဒီပုံစံမျိုးတွေ ရှိတယ်ပေါ့။

မေး - အကို ဆေးဖြတ်တဲ့ကာလ၊ ၁၅ ရက်တာ ကာလမှာဆိုရင် ဘယ်အချိန်က အကို့အတွက် အခက်ခဲဆုံးလဲ။

ဖြေ - ကျွန်တော့်အတွက် အခက်အခဲဆုံးကတော့ လေးရက်မြောက်နေ့ဗျ။ အဲဒီအချိန်မှာ သူက ခံစားရတာ အထွတ်အထိပ်ကို ရောက်တဲ့နေ့လို့တောင် ပြောလို့ရတယ်။ လေးရက်မြောက်နေ့ - အဲဒီနေ့ကတော့ အလူးအလိမ့်ပဲ။ နောက်နေ့က စလို့ ခံရတာပေါ့လေ ခံရတာပေါ့။ ဒါပေမဲ့ ဖြည်းဖြည်းချင်း ခံသွားရတာ။ လေးရက်မြောက်နေ့ကျတော့ နောက်နေ့ဆိုရင် အနာက သက်သာတော့ မှာ။ ကိုယ်က သိတော့ သိနေပြီ။ ဒါပေမဲ့ အဲဒီနေ့ကို ခံရတာ အခက်အခဲဆုံး။ နောက်ပြီး နှစ်ကြိမ်ရှိတဲ့ အခက်အခဲဆုံးကတော့ အခုလို ပြတ်သွားပြီးတဲ့၊ မပြတ်တပြတ်ပေါ့လေ။ ကျွန်တော်တို့လည်း ပြတ်သွားပြီလို့ ပြောလို့ရတယ်။ ဒါ နည်းနည်းတော့ ကျန်သေးတာကိုး။ အခုလို အချိန်လည်း တအား ခက်ခဲတယ်။ ပြတ်သွားပြီးတဲ့အချိန်လည်း။ လေးရက်မြောက်ရယ်၊ အခုလို အချိန်ရယ်ပေါ့။
အပေါက်တွေ ပိတ်၊ အိမ်သာ သွားတာတောင် (ဘေးမှ ကိုသန့်ဇင်ဆွေအား လက်ညှိုးထိုးပြလျက်) သူတို့ ပါမှ သွား။ ရေချိုးသွားရင် သူတို့ပါမှ သွားဆိုတော့ ကိုယ်က ထွက်ပြေးချင်စိတ်တောင် ပေါက်တာ။ “ဟာ ငါ မဖြစ်ဘူး။ သူတို့ကို အာမခံ ကိုယ်က ပေးထားတယ်” အဲဒါကြီး ထပ်တလဲလဲ ကိုယ့်ဟာကိုယ် တွေးနေရတယ်။ ဝေဒနာဆို တာတော့ ပြောကို မပြတတ်နိုင်လောက်အောင်ပဲ။ ကျန်တဲ့ ဝေဒနာထက် မကဘူး။ အဲဒီလို ခံစား၊ ဝေဒနာက ပြင်းထန်နေတော့ ပြေးမယ်၊ ဆေးရှိတဲ့ဆီ ပြေးမယ်ပေါ့လေ...
မေး - လေးရက်မြောက်နေ့က အကို ခံစားခဲ့ရတဲ့အဖြစ်အပျက်ကို ပြန်ပြောပြပါလား။

ဖြေ - လေးရက်မြောက်နေ့ကတော့ ကျွန်တော်တို့ ကိုယ့်ဟာကိုယ်၊ ကိုယ့်အာမခံနဲ့ ကိုယ် ဘုန်းကြီးကျောင်းထဲမှာ ပိတ်လှောင်ထားတဲ့ သဘောပေါ့လေ။ အပေါက်တွေ ပိတ်၊ အိမ်သာ သွားတာတောင် (ဘေးမှ ကိုသန့်ဇင်ဆွေအား လက်ညှိုးထိုးပြလျက်) သူတို့ ပါမှ သွား။ ရေချိုးသွားရင် သူတို့ပါမှ သွားဆိုတော့ ကိုယ်က ထွက်ပြေးချင်စိတ်တောင် ပေါက်တာ။ “ဟာ ငါ မဖြစ်ဘူး။ သူတို့ကို အာမခံ ကိုယ်က ပေးထားတယ်” အဲဒါကြီး ထပ်တလဲလဲ ကိုယ့်ဟာကိုယ် တွေးနေရတယ်။ ဝေဒနာဆို တာတော့ ပြောကို မပြတတ်နိုင်လောက်အောင်ပဲ။ ကျန်တဲ့ ဝေဒနာထက် မကဘူး။ အဲဒီလို ခံစား၊ ဝေဒနာက ပြင်းထန်နေတော့ ပြေးမယ်၊ ဆေးရှိတဲ့ဆီ ပြေးမယ်ပေါ့လေ ကိုယ်ကနော်။ အဲဒီလို ခဏခဏ တွေးမိတယ်။ ဒါပေမဲ့ သူတို့တွေကို မြင်ယောင်လိုက်၊ အိမ်ကဟာတွေ မြင်ယောင်လိုက်၊ ဆေးစွဲတဲ့ဒုက္ခတွေ မြင်ယောင်လိုက်၊ ဒါပေမဲ့ ကိုယ့်ဝေဒနာကို ကိုယ်ပြန်မြင်ယောင်လိုက်၊ ပြေးမယ်။ ဟိုဟာတွေ မြင်ယောင်လိုက် ဒီဟာတွေ မြင်ယောင်လိုက်ပေါ့နော် ဒါမျိုးတွေ။ ကိုယ့်ဟာကိုယ် ဟိုဘက် ဒီဘက် ဆွဲနေတာ။ ဒါပေမဲ့ သူတို့အဖွဲ့နဲ့ကျတော့ ဒါကို အနိုင်ရပါတယ် ကိုယ်က။ တစ်ယောက်တည်း ဆို အနိုင်မရဘူးလေ၊ ပါပြီ၊ မထိန်းတော့ဘူး။ အဲဒီလိုမျိုးတွေ။
ကိုယ့်ဟာကိုယ် တစ်သောင်းခွဲဖိုး လုပ်၊ ၀င်ငွေက မရှိဘူး။ ကိုယ့်ရဲ့ သားသမီးတွေ၊ ကိုယ့်မိန်းမတွေမှာတော့ မ၀တ်ရ၊ မစားရပါလေနော်။ ကိုယ့်မှာတော့ ဒီတစ်သောင်းခွဲကြီး သုံးလို့။ တစ်ခါတစ်လေ မျက်ရည် ပိုးပိုးပေါက်ပေါက်တောင် ကျမိတယ်။ ဒါပေမဲ့လို့ ကိုယ့်ခန္ဓာကိုယ်ကတော့ မလွန်ဆန်နိုင်ဘူး...
မေး - ဆေးဖြတ်တဲ့အချိန်မှာ ကျန်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရတာတွေ ရှိသေးလား။

ဖြေ - ဆေးဖြတ်တဲ့အချိန်မှာတော့ မရှိဘူးဗျ။ ဒါပေမဲ့ ကျွန်တော်တို့ ဆေးဖြတ်ရတဲ့အကြောင်း အရင်းမှာ တစ်ခုရှိတယ်၊ အဲဒါမျိုး စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ။ ဘယ်လိုရှိသလဲဆိုတော့ ကျွန်တော် ဆိုရင် ယင်း တအားကြီးတဲ့ကောင် မဟုတ်သေးဘူးနော်။ တစ်ရက်ကိုမှ ကိုယ်ဟာကိုယ် ဖြတ်တုန်းကမှ တစ်လုံးပြောင်တာပေါ့လေ။ (တစ်လုံး = ပင်နဆီလင်တစ်လုံး)။ တစ်လုံးကို သုံးသောင်းရှိတယ်လေ။ တစ်လုံးကနေ အခု ဖြတ်တဲ့အချိန်ကျတော့ တစ်ဝက်လောက် ပြောင်။ တစ်ဝက်ဆို တစ်သောင်းခွဲ။ ဒီ ငွေတစ်သောင်းခွဲဟာ ကျွန်တော်တို့မှာ ၀င်ငွေ မရှိဘူး။ ၀င်ငွေမရှိပေမယ့်လို့ ကိုယ်က မဖြစ်ဖြစ်တဲ့ နည်းနဲ့ စပါးပေးတာတို့၊ ပဲပေး ယူတာတို့ပေါ့။ အဲဒါမျိုးတွေ ဘေးက ယူလို့ ရတယ်လေ။ ဒါ အိမ်က မိန်းမ မသိဘူး။ ဒါမျိုးတွေ ယူပြီးတော့မှ ရှာရတယ်။ ကိုယ့်ဟာကိုယ် တစ်သောင်းခွဲဖိုး လုပ်၊ ၀င်ငွေက မရှိဘူး။ ကိုယ့်ရဲ့ သားသမီးတွေ၊ ကိုယ့်မိန်းမတွေမှာတော့ မ၀တ်ရ၊ မစားရပါလေနော်။ ကိုယ့်မှာတော့ ဒီတစ်သောင်းခွဲကြီး သုံးလို့။ တစ်ခါတစ်လေ မျက်ရည် ပိုးပိုးပေါက်ပေါက်တောင် ကျမိတယ်။ ဒါပေမဲ့လို့ ကိုယ့်ခန္ဓာကိုယ်ကတော့ မလွန်ဆန်နိုင်ဘူး။ ဂွကျတာက။ ဒီငွေကို မိသားစုနဲ့ သုံးစွဲလိုက်ရင် ဒီငွေလေးဟာ ကောင်းကောင်းစားရမယ်၊ ကောင်းကောင်း ၀တ်ရမယ်ပေါ့နော်။ ဒါမျိုးတွေ မတွေးမိလို့ မဟုတ်ပါဘူး။ ဆေးသမား အတော်များများကတော့ တွေးမိပါတယ်။ ဒါပေမဲ့လို့ ကိုယ့်ရဲ့ခန္ဓာကိုယ်က ကိုယ်လုပ်မိတော့ စွဲမိချေတယ်ဆိုတော့ ဘယ်လိုမှ ကိုယ့်ဟာကိုယ် မလွန်ဆန်နိုင်ဘူး။ အဲဒီလို ဖြစ်တာ။

မေး - တခြားကော မူးယစ်ဆေးသုံးမိလို့ ခံစားရတဲ့ ခံစားချက်တွေ ရှိသေးလား။ ဥပမာ ပတ်ဝန်းကျင်က ပြောတာလည်း ဖြစ်နိုင်တယ်၊ ပတ်ဝန်းကျင်က ဖြစ်လာတဲ့ ဖိအားပေးတွေပေါ့နော်။ အဲဒါနဲ့ အကို ဘယ်လို ကြုံတွေ့ခဲ့တာ ရှိသေးလဲ။

ဖြေ - ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကတော့ ကျွန်တော်တို့ စိတ်ထဲတော့ မရောက်ဘူး။ ဒါပေမဲ့ ရှိတာတော့ ရှိတယ်။ မိဘက ပြောတာတို့၊ မိဘဆိုလည်း ကျွန်တော်တို့ ခဏခဏ နားရင်းရိုက်ခံရ တယ်။ အဖေက ရှိသေးတာကိုး။ ရိုက်ခံရရင်လည်း ရိုက်ပ။ အကိုဆိုလည်း ဒါ ဦးဇင်း ရှိတယ်။ အကိုဆို လည်း အခုဆို စကားတောင် မပြောတော့ဘူး။ ဆေးပြတ်မှ စကားပြောမယ်လို့ သူက ပြောထားတာ။ ဒါလည်း စိတ်မရောက်ဘူး။ ဘယ်လို မရောက်ဘူးလဲဆိုတော့ ကိုယ့်ခန္ဓာကိုယ်ပဲ၊ ကိုယ့်ကိုယ်ကိုပဲ ချစ်နေတာကိုး။ နောက်ပြီးတော့ ကိုယ် ဒီငွေကုန်တာတွေ၊ ဥပဒေအရ ဖမ်းမှာ ဆီးမှာတွေ ဘေးက ခြောက်ပေမယ့် အဲဒါတွေလည်း စိတ်ထဲ မရောက်ဘူး။ စိတ်ရောက်တာကတော့ ကျွန်တော်တို့က၊ ဒီမူး ယစ်ဆေးသမားဆိုတာတွေက အမှန်တကယ်က ရဲတော့ ကြောက်တယ်။ ဖမ်းဆီးခံရမှာတော့ ကြောက်တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲဒါကို လုံးဝ မကြောက်ဘူး။ ဂွကျတာက။ ဘာလို့ဆို တော့ ကိုယ့်သွေးသားကို မလွန်ဆန်နိုင်လို့လေ။ တွေ့ရာနေရာ၊ ရတဲ့နေရာ ထိုးတဲ့ကောင်ဆို ခြေထောက်ထိုးသွားတဲ့ကောင်တွေတောင် ရှိတယ်။

တွေ့ဆုံမေးမြန်းသူ - အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)

(တွေ့ဆုံမေးမြန်းခြင်း ဒုတိယပိုင်းအား ဆက်လက်ဖော်ပြပေးပါမည်။)
Read More

Saturday, April 2, 2016

မြန်မာ့အောင်သံ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် NLD အစိုးရ ကြိုဆိုဂုဏ်ပြု ချီတက်ပွဲအား ဧပြီလ ၁ ရက်က ပြုလုပ်နေကြစဉ် (Video Clip)

ကလေး၊ ဧပြီ ၁

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များနှင့် ပြည်သူများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော သမ္မတ ဦးထင်ကျော်နှင့် အစိုးရအဖွဲ့သစ်အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဧပြီလ ၁ ရက် နံနက်ပိုင်းက မြို့တွင်းလှည့်လည် ချီတက်ပွဲပြုလုပ် ကျင်းပခဲ့ကြသည်။

အဆိုပါ ချီတက်လှည့်လည်ပွဲအား NLD ပါတီဝင်များ အပါဝင် ပြည်သူ စုစုပေါင်း ၁၀၀၀ ကျော်က မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် ကြိုဆိုဂုဏ်ပြုကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ခွင့်ပြုမိန့်ရယူ၍ လှည့်လည်ခဲ့ကြခြင်း ဖြစ်သည်။



အောက်ချင်းသတင်းအေဂျင်စီ
Read More

Thursday, March 17, 2016

မြန်မာ့အောင်သံ

လုယက်ခံရသည့် ကလေးမြို့၊ ရွှေဝါလင်း ရွှေဆိုင်မှ ပစ္စည်းများအား ပြန်လည်ပေးအပ်

ကလေး၊ မတ် ၁၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ရွှေဝါလင်းရွှေဆိုင်အား တူမီးသေနတ်ကိုင် အမျိုးသားတစ်ဦးမှ လုယက်ခဲ့ရာ လုယက်သူအား နာရီပိုင်းအတွင်း ပြန်လည် ဖမ်းဆီးမိပြီးနောက် လုယက်ခံရသည့် ရွှေထည်ပစ္စည်း ၅၀ ကျပ်သားကျော်ကို ပိုင်ရှင်ဖြစ်သူထံ အပ်နှံမှုအား မတ်လ ၁၅ ရက်က ကလေးမြို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် လုယက်ခံရသည့် ရွှေဆွဲကြိုး ၄၁ ကုံး၊ ရွှေနားကပ် ၂၈ ရံတို့ကို ပိုင်ရှင်ဖြစ်သူထံ ပြန်လည်အပ်နှံခြင်းအပြင် အခြား လူသတ်မှုအပါအ၀င် မှုခင်းဖြစ်ရပ်များအား ဖော်ထုတ်ပေးနိုင်ခဲ့သည့် ကလေးမြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကိုလည်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရွှေဝါလင်း ရွှေဆိုင်တို့မှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။

ထို့ပြင် ရွှေဝါလင်းရွှေဆိုင်မှ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ရုံးများတွင် အသုံးပြုနိုင်ရန်အတွက် ဒီဇယ်ဂါလံ ၁၀၀ ကိုလည်း ပေးအပ်လှူဒါန်းခဲ့ပြီး အဆိုပါ အခမ်းအနားသို့ လူဦးရေ ငါးဆယ်ခန့် တက်ရောက်ခဲ့သည်။
ရွှေဆိုင်လုယက်မှုအား ဖော်ထုတ်ပေးခဲ့သည့် ကလေးမြို့နယ် ရဲစခန်းမှ ရဲအုပ် သီဟနှင့် အဖွဲ့အား ရွှေဝါလင်းရွှေဆိုင်ပိုင်ရှင်မှ ဂုဏ်ပြုဆုငွေ ပေးအပ်စဉ်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
မှုခင်းများ ဖော်ထုတ်ပေးခဲ့သည့် ကလေးမြို့နယ် ရဲစခန်းမှ ၀န်ထမ်းများအား ခရိုင်ရဲတပ်ဖွဲ့မှူးမှ ဂုဏ်ပြုဆုငွေ ပေးအပ်စဉ်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
မှုခင်းများ ဖော်ထုတ်ပေးခဲ့သည့် ကလေးမြို့နယ် ရဲစခန်းမှ ၀န်ထမ်းများအား ခရိုင်အုပ်ချုပ်ရေးမှူးမှ ဂုဏ်ပြုဆုငွေ ပေးအပ်စဉ်၏။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ရုံးများတွင် အသုံးပြုနိုင်ရန်အတွက် ရွှေဝါလင်း ရွှေဆိုင်မှ ဒီဇယ်ဂါလံ ၁၀၀ ပေးအပ်နေစဉ်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)

အောက်ချင်း သတင်းအေဂျင်စီ
Read More

Wednesday, March 16, 2016

မြန်မာ့အောင်သံ

ကလေးမြို့ပေါ် လုယက်မှု ဖြစ်ပွား (ရုပ်သံ)

ကလေး၊ မတ် ၁၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မင်္ဂလာဥယျာဉ်ရပ်ကွက်၊ နယ်မြေ (၄)၊ အိမ်အမှတ် ၁၁ တွင် ဖွင့်လှစ်ထားသော ကုန်စုံဆိုင်တွင် မတ်လ ၁၅ ရက်၊ နံနက် ၉ နာရီခွဲခန့်က လုယက်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

လုယက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်တင်အောင်၏ သမီးဖြစ်သူ မပြည့်ဖြိုးဝင်းအား မေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။


ကလေးမြို့ပေါ် လုယက်မှု ဖြစ်ပွားကလေး၊ မတ် ၁၅စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မင်္ဂလာဥယျာဉ်ရပ်ကွက်၊ နယ်မြေ (၄)၊ အိမ်အမှတ် ၁၁ တွင် ဖွင့်လှစ်ထားသော ကုန်စုံဆိုင်တွင် မတ်လ ၁၅ ရက်၊ နံနက် ၉ နာရီခွဲခန့်က လုယက်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။လုယက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်တင်အောင်၏ သမီးဖြစ်သူ မပြည့်ဖြိုးဝင်းအား မေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။ သတင်းနှင့် ရိုက်ကူး - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
Posted by The Hornbill News Agency on Tuesday, March 15, 2016


သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
Read More

Friday, March 11, 2016

မြန်မာ့အောင်သံ

ရွှေဝါလင်းရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်လင်း ပြောပြသည့် လုယက်ခံရမှု ဖြစ်စဉ် (ရုပ်သံ)

ကလေး၊ မတ် ၁၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ရွှေဝါလင်း ရွှေဆိုင်အား မတ်လ ၁၀ ရက် နံနက် ၉ နာရီဝန်းကျင်ခန့်က မျက်နှာဖုံးစွပ်ထားသော ဆိုင်ကယ်စီးသမားက တူမီးသေနတ် ကိုင်ဆောင်ကာ ၀င်ရောက် လုယက်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

အဆိုပါ ရွှေဆိုင်မှာ ဒေါ်ခင်လင်း၊ ဒေါ်လှလှဆွေ ပိုင်ဆိုင်သော ရွှေဆိုင်ဖြစ်ပြီး ဆိုင်ကယ်ဦးထုပ် ဆောင်းထားသူ (ခန့်မှန်းခြေ အသက် ၄၅ နှစ်) ခန့်က ရွှေများ ထည့်ထားသည့် မှန်ဘောင်အား ရိုက်ခွဲကာ လုယက်သွားခြင်းဖြစ်ပြီး ရွှေချိန် ၅၀ ကျပ်သားခန့် ဆုံးရှုံးခဲ့သည်။

“သူက တစ်ယောက်တည်း လာတယ်။ တူမီးသေနတ် ပါတယ်။ နေကာမျက်မှန်ပါတယ်။ မျက်နှာကို မသိအောင်။ ပြီးတော့ အင်္ကျီ၊ ဘောင်းဘီ အနက်ပေါ့။ ဒါ ပေါ်တင်ကြီး။ ဈေးရောင်းရင်းနဲ့ ရိုက်ခွဲပြီးတော့ လစ်ပြေးသွားတာ။ အိမ်ရှင် ပြောပုံအရဆိုရင် ၅၀ သားလောက်တော့ ပါမယ်။ အကြီးတွေပေါ့။ အထုပ်တွေကို ယူသွားတယ်ပေါ့။ ပေါ်တင်ယူသွားတာ” ဟု လုယက်ခံရသူ ဆိုင်ပိုင်ရှင်၏ မိတ်ဆွေတစ်ဦးက အောက်ချင်းသတင်းအေဂျင်စီသို့ ပြောသည်။

ရွှေဝါလင်း ရွှေဆိုင်တွင် ၂၀၀၈ ခုနှစ့်ကလည်း လုယက်မှုတစ်ကြိမ် ဖြစ်ပွားခဲ့ဖူးသေးသည်။

ရွှေဝါလင်းရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်လင်း ပြောပြတဲ့ လုယက်ခံရမှု ဖြစ...
ရွှေဝါလင်းရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်လင်း ပြောပြတဲ့ လုယက်ခံရမှု ဖြစ်စဉ်
Posted by The Hornbill News Agency on Wednesday, March 9, 2016


အောက်ချင်းသတင်းအေဂျင်စီ
Read More

Tuesday, March 8, 2016

မြန်မာ့အောင်သံ

ကလေးမြို့နယ် စည်ပင်ဥက္ကဋ္ဌအဖြစ် ဦးသောင်းရွှေ ရွေးချယ်ခံရ (ရုပ်သံ)

ကလေး၊ မတ် ၇

မြို့နယ် စည်ပင်ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် ကလေးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ရွေးချယ်ပွဲကို မတ်လ ၇ ရက်က ကလေးမြို့နယ်၊ မျြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ဦးသောင်းရွှေ (အောင်မြေမာန်) မှ ဆန္ဒမဲ အများဆုံးဖြင့် ရွေးချယ်ခံလိုက်ရပြီ ဖြစ်သည်။

အဆိုပါ စည်ပင်ဥက္ကဋ္ဌ ရွေးချယ်ပွဲတွင် ဦးသောင်းရွှေ (အောင်မြေမာန်)၊ ဦးခေါသွလာ (တာဟန်း)၊ ဦးလှဝင်း (မြို့သာ)၊ ဦးလားကျန်းလျံနာ (တာဟန်း)၊ ဦးငူလ်ဒိုတွောင် (သဇင်၊ တပ်ဦး)၊ ဦးလျန်နောင် (အင်ဒိုင်းကုန်း)၊ ဦးကျော်ဆန်း (တောင်ဇလပ်)၊ ဦးငွန်ထန်အုပ် (တောင်ဖီလာ) တို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်သူများအား မြို့ပေါ်ရပ်ကွက် ၁၉ ခုမှ တစ်ရပ်ကွက်လျှင် မဲ ၃၀ နှုန်းဖြင့် ဆန္ဒမဲ ပေးခဲ့ကြရာ ဦးသောင်းရွှေ (အောင်မြေမာန်) မှာ မဲစုစုပေါင်း ၂၆၂ မဲဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္က...
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံခဲ့ရသူ ဦးသောင်းရွှေရိုက်ကူး - ပိုင်စိုး
Posted by The Hornbill News Agency on Sunday, March 6, 2016
ရိုက်ကူး - ပိုင်စိုး
Read More

Tuesday, March 1, 2016

မြန်မာ့အောင်သံ

ကလေးမြို့ ဗိုလ်ချုက်လမ်းပေါ်က အဆောက်အဦ ပြိုကျမှု ရုပ်သံမှတ်တမ်း

ကလေး၊ ဖေဖော်ဝါရီ ၂၉

နေအိမ်ရှေ့တွင် ထပ်တိုးဆိုင်ခန်း ဆောက်လုပ်ရန်အတွက် သံဘောင်များဖြင့် ငြမ်းစင်၍ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ကလေးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ အောင်မြေမာန်ရပ်ကွက် အမှတ် ၅/၄ ဧကရီဖိနပ်ဆိုင်တွင် နှစ်စ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရစေခဲ့သော ငြမ်းပြိုကျမှုတစ်ရပ် ဖေဖော်ဝါရီလ ၂၉ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်အား ၂၀၁၅ ခုနှစ်မေလက စတင်ဆောက်လုပ်ခဲ့ပြီး အရှေ့ဆိုင်ခန်းနေရာစလစ်လောင်းရာမှ သံဖရိန်ပြိုကျခဲ့မှုကြောင့် အိမ်ပိုင်ရှင်ဖြစ်သူ ဦးဌေးအောင်နှင့် တူဖြစ်သူ ကိုစည်သူတို့ သေဆုံးခဲ့ကာ အလုပ်သမား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။



ကလေးမြို့ ဗိုလ်ချုက်လမ်းပေါ်က အဆောက်အဦ ပြိုကျမှု (ဖေဖော်ဝါရီ ၂၉)ရိုက်ကူး - ပိုင်စိုး
Posted by The Hornbill News Agency on Monday, February 29, 2016
ရိုက်ကူး - ပိုင်စိုး
Read More

Saturday, February 27, 2016

မြန်မာ့အောင်သံ

ရာဇဂြိုဟ်ဆည်

ကလေး၊ ဖေဖော်ဝါရီ ၂၇

မကြာမီ ဖွင့်လှစ်တော့မည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ ရာဇဂြိုဟ်ဆည်



မကြာမီ ဖွင့်လှစ်တော့မည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ ရာဇဂြိုဟ်ဆည်ရိုက်ကူး - အောင်ထွန်းလင်း (အောက်ချင်း သတင်းအေဂျင်စီ)
Posted by The Hornbill News Agency on Friday, February 26, 2016
ရိုက်ကူး - အောင်ထွန်းလင်း (အောက်ချင်း သတင်းအေဂျင်စီ)
Read More

Wednesday, February 24, 2016

မြန်မာ့အောင်သံ

တစ်မူထူးတဲ့ ပိုက်ကျော်ခြင်းခတ် ပြိုင်ပွဲ

ကလေး၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ သာစည်စံပြကျေးရွာ ရပ်ကွက် နှစ် ၁၀၀ ပြည့်နှင့် စမ်းချောင်းကျောင်းတိုက် ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ နွားနှင့် မြင်းပြိုင်ပွဲကို ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်။

အဆိုပါပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲလည်း ထည့်သွင်းကျင်းကခဲ့ရာ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်မှ ကိုထူးကိုတို့အသင်း ယှဉ်ပြိုင်နေစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ သာစည်စံပြကျေးရွာ ရပ်ကွက် နှစ် ၁၀၀ ပြည့်နှင့် စမ်းချောင်းကျောင်းတိုက် ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ နွားနှင့် မြင်းပြိုင်ပွဲကို ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်။ အဆိုပါပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲလည်း ထည့်သွင်းကျင်းကခဲ့ရာ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်မှ ကိုထူးကိုတို့အသင်း ယှဉ်ပြိုင်နေစဉ်။ရိုက်ကူး - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)

Posted by The Hornbill News Agency on Wednesday, February 24, 2016

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ သာစည်စံပြကျေးရွာ ရပ်ကွက် နှစ် ၁၀၀ ပြည့်နှင့် စမ်းချောင်းကျောင်းတိုက် ၇၅ နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ နွားနှင့် မြင်းပြိုင်ပွဲကို ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်။ အဆိုပါပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲလည်း ထည့်သွင်းကျင်းကခဲ့ရာ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်မှ ကိုထူးကိုတို့အသင်း ယှဉ်ပြိုင်နေစဉ်။ရိုက်ကူး - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
Posted by The Hornbill News Agency on Wednesday, February 24, 2016 ရိုက်ကူး - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
Read More