သင်္ကြန်နား နီးတော့လည်း ကိုယ်တွင်း အောင်းနေတဲ့ သံချပ်ပိုး ထထလာခိုက် စိတ်အနှောင့်အယှက် ဖြစ်စရာ သတင်းစကားတစ်ခုကို ကြားလိုက်ရ၏။ ဒီသတင်းစာကို ဆောင်ယူလာသူက အစိုးရပိုင်သတင်းစာ။ ပါတဲ့ အ ကြောင်းအရာက သံချပ်ထိုးမှုကို သွယ်ဝိုက်သော နည်းဖြင့်၊ တည့်တည့်ပြောရရင် နိုင်ငံရေးအရ ဖိအားပေးတဲ့ ထုတ်ပြန်ချက်။ ထုတ်ပြန်သူက သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန။
“သူတစ်ပါး (သို့မဟုတ်) အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာပျက်ပြားထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း စသည့် အပြုအမူများ ရှောင်ကြဉ်ကြပါရန်” တဲ့။
သံချပ်ရဲ့ သဘောကို နားမလည်လို့လား၊ ဒါမှမဟုတ် အစိုးရအဖွဲ့က အဝေဖန် မခံနိုင်၊ အရည်ပါးတဲ့ သဘောလားတော့ မသိ။ နိုင်ငံရေးစကားပြောရရင် သံချပ်ဆိုတာ တိုင်းပြည်နဲ့ လူထုအတွက် ဖြစ်သင့်ဖြစ် ထိုက်တဲ့ကိစ္စတွေကို ဖော်ထုတ်ရင်း အစိုးရအပါအ၀င် တာဝန်ရှိသူတွေရဲ့ မှားယွင်းမှုတွေ၊ အားနည်းချက်တွေကို နာလိုခံခက်ဖြစ်အောင် မီးမောင်းထိုးပြခြင်းပါ။ ဒီနေရာမှာ တစ်ခုရှိတာကတော့ သံချပ်ထိုးရင် အာဃာတ တရား မပါအောင် လုပ်ဆောင်ရခြင်းပါ။ ဘယ်သူ့ကိုတော့ ထိလိုက်မဟဲ့၊ ဘယ်ဝှာကိုတော့ တိုက်လိုက်မဟဲ့ဆိုပြီး အမုန်း တရား အခြေခံပြီး သံချပ်ထိုးရတာ မဟုတ်ပါဘူး။ အမှားတစ်ခု၊ ချွတ်ချော်တာ တစ်ခုရှိလာရင် သာသာထိုးထိုး ပြောရင်း မှားတာရှိရင် ၀န္တာမိပါလို့ တောင်းပန်တာမျိုးပါ။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ သံချပ်ဆိုတာ “တက်ကြွမှုအား ကြီးမားတယ်နော်” လို့ မောင်မိုးသူက ဆိုခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က “တိုက်ပွဲပဲ” လို့ ဆိုခဲ့ကြောင်း အဘ (မောင်) မိုးသူက မှတ်တမ်းတင်ထားပါတယ်။ ဒါက သမိုင်းမှာ သံချပ်နဲ့ ပတ်သက်လို့ လုပ်ဆောင်ခဲ့မှု ဖြတ်ပိုင်းတစ်စပါ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီဆောင်းပါးရေးနေချိန် ကာတွန်းဆရာ စိုးသော်တာရဲ့ ကာတွန်းတစ်ကွက်ကို ဖတ်လိုက် ရတယ်။ အဲဒီကာတွန်းမှာ “သင်္ကြန်မဏ္ဍပ်တွေကို စီးပွားရေး ခွင့်ပြုပြီး သင်္ကြန်သံချပ်တွေကို နိုင်ငံရေးအရ စိစစ်မယ် ဆိုတော့ကာ…ဆိုတော့ကာ…” ဆိုတဲ့ စကားပါပါတယ်။ သူကတော့ ရန်ကုန်၊ မန္တလေးသင်္ကြန်နဲ့ သံချပ်ကို တွဲဖက်ထားဟန် တူပါတယ်။
စီးပွားဖြစ် မဏ္ဍပ်တွေဟာ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုပြီး အရင်နှစ်တွေက မဏ္ဍပ်ဆောက်လုပ်ခွင့်တွေကို ရန်ကုန် မှာ ပိတ်ပင်ခဲ့ပြီး ဒီနှစ်ကျတော့ မဏ္ဍပ်ပေါင်း ၁၀၀ နီးပါး ခွင့်ပြုပေးမယ်လို့ ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) က မီဒီယာတချို့မှာ ဖြေဆိုထားပြီး မန္တလေးမှာတော့ မဏ္ဍပ်ပေါင်း ၁၆၆ ခု ခွင့်ပြုမယ်လို့ တာဝန်ရှိသူတွေက ဆိုထားပါတယ်။ ဒါပေမဲ့လည်း သံချပ်တွေကို ကန့်သတ်မှုနဲ့ ပတ်သက်ပြီး ယဉ်ကျေးမှုနှင့် သာသနာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီနှစ်ခုကို ကာတွန်းဆရာက ပေါင်းစပ်ထားဟန် တူပါတယ်။ ဒါပေမဲ့ ကာတွန်းဆရာက ပြောထားသလို စီးပွားရေးအရ မဏ္ဍပ်တွေကို ခွင့်ပြုပြီး နိုင်ငံရေးအရ သံချပ်တွေကို စိစစ်ကန့်သတ်ထားတယ်ဆိုတော့ကာ…ဆိုတော့ကာပါပဲ။
သံချပ်ရဲ့ သဘောသဘာဝ (နိုင်ငံရေးရှုထောင့်) အရ ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း တိုင်းပြည်မဏ္ဍိုင်သုံး ရပ်ဖြစ်တဲ့ လွှတ်တော်၊ အစိုးရ (၀ါ) အုပ်ချုပ်ရေး၊ တရားစီရင်ရေး အပါအ၀င် လူမှုရေး၊ စီးပွားရေး စတာတွေနဲ့ ပတ်သက်လို့ ပြင်ဆင်သင့်တယ်လို့ အများက ယူဆတဲ့ကိစ္စတွေကို ပြင်ဆင်နိုင်အောင်အတွက် တိုက်တွန်းကြ တာပါ။ ဒီလို သံချပ်သံတွေ တိတ်သွားရင် ပြည်သူတွေရဲ့ အော်သံကို ဘယ်သူကများ ကြားနိုင်ပါ့မလဲ။ လူထု လက်နက်ဖြစ်တဲ့ ဖြစ်တဲ့ ငြိမ်းစုစီဥပဒေကလည်း ခြေမန်းကွင်း စွပ်ခံထားရချိန်မှာ သံချပ်က လူထုရဲ့ ထွက်ပေါက် တစ်ခုပါပဲ။ လူထုရဲ့ ထွက်ပေါက်မှန်သမျှကို ပိတ်ဆို့နေကြမယ်ဆိုရင်တော့ အဘဦးဝင်းတင် စကားအတိုင်း ဖောက်ထွက်တာနဲ့ အစိုးရက ကြုံရမှာပါ။
ယခု မည်သို့ပင် အစိုးရတာဝန်ရှိသူတွေကို သံချပ်တွေနဲ့ ပတ်သက်လို့ မည်သို့ မလုပ်ရ၊ မည်ဝှာ မလုပ်ရနဲ့ မည်သို့ပင် ကန့်သတ်ပါစေ၊ သံချပ်ထိုးသူတွေ ထွက်လာကြပါဦးမယ်။ သံချပ်ထိုးသူတွေ ပုဒ်မ ၆၆ (ဃ) နဲ့ ကင်းဝေးကြပါစေ။ ၅၀၅ (ခ) နဲ့ လွတ်ကင်းကြပါစေ။ သံချပ်သံတွေ မြိုင်ပါစေ…ဒီမိုကရေစီသံတွေ လှိုင်ပါစေ…။
အောင်ထွန်းလင်း
(ယခုဆောင်းပါးအား ၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်ထုတ် မြန်မာသံတော်ဆင့် နေ့စဉ်သတင်းစာတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။)

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သံချပ်ဆိုတာ တိုက်ပွဲဖြစ်တယ်လို့ ပြောဆိုဖူး...လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သံချပ်ဆိုတာ တိုက်ပွဲဖြစ်တယ်လို့ ပြောဆိုဖူးတယ် လို့ အဘ (မောင်) မိုးသူက သူ့ရဲ့ NLD ဦးဝင်းတင်နှင့် မောင်မိုးသူ ဆောင်းပါးမှာ ဖော်ထုတ်ရေးသားဖူးပါတယ်။ စစ်အစိုးရခေတ်တစ်လျှောက်လုံး ပိတ်ထားတဲ့ သံချပ်မဏ္ဍပ်ထိုးဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆုံးဖြတ်ခဲ့ဖူး သလို သံချပ်ပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်နဲ့ NLD က တက်သိတွေ တက်ခဲ့ကြပါတယ်။ အဲဒီ နောက်ပိုင်း သံချပ်ထိုးခဲ့တာကြောင့် သံချပ်ထိုးလူငယ်တွေအပြင် ဦးအောင်လွင်၊ ဦးဝင်းတင်၊ မောင်မိုးသူတို့ တတွေ တန်းစီ တရားစွဲခံခဲ့ရတယ်လို့ ဆောင်းပါးထဲမှာ ဆိုခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ သံချပ်ဆိုတာ “တက်ကြွမှုအား ကြီးမားတယ်နော်” လို့ မောင်မိုးသူက ဆိုခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က “တိုက်ပွဲပဲ” လို့ ဆိုခဲ့ကြောင်း အဘ (မောင်) မိုးသူက မှတ်တမ်းတင်ထားပါတယ်။ ဒါက သမိုင်းမှာ သံချပ်နဲ့ ပတ်သက်လို့ လုပ်ဆောင်ခဲ့မှု ဖြတ်ပိုင်းတစ်စပါ။
သံချပ်သံတွေ တိတ်သွားရင် ပြည်သူတွေရဲ့ အော်သံကို ဘယ်သူကများ ကြားနိုင်ပါ့မလဲ။ လူထု လက်နက်ဖြစ်တဲ့ ဖြစ်တဲ့ ငြိမ်းစုစီဥပဒေကလည်း ခြေမန်းကွင်း စွပ်ခံထားရချိန်မှာ သံချပ်က လူထုရဲ့ ထွက်ပေါက် တစ်ခုပါပဲ...ဒီလိုပဲ စစ်အစိုးရလက်ထက်လွန်လို့ အရပ်သား အစိုးရပါလို့ ဘောင်းဘီလဲ ချိတ်ထမီဝတ် အစိုးရလက်ထက်မှာ လည်း သံချပ်ထိုးတဲ့ကိစ္စကို တားမြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ၈၈ မျိုးဆက် ကျောင်းသားတွေအပါအ၀င် လူငယ်မျိုးဆက်တွေက ခေတ်နဲ့ စနစ်ကို သရော်ခဲ့၊ သံချပ်ထိုးခဲ့ကြတာပါပဲ။ သံချပ်သံ ရပ်သွားတာဆိုလို့ သံချပ် သမိုင်းမှာ လူသိများခဲ့တဲ့ အနောက်ဘက်ဒေသ သံချပ်အဖွဲ့သားတွေရဲ့ သံချပ်တွေပါပဲ။ အကြောင်းအမျိုးမျိုး ကြောင့် လူစုကွဲပြီး ဆက်မလုပ်နိုင်ကြတော့တာပါ။ အနောက်ဘက်ဒေသ သံချပ်အဖွဲ့ရဲ့ ထူးခြားချက်က အဘ ဦးဝင်းတင်က နှစ်အလိုက် နှစ်အလိုက် နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ပြီး ပေးလိုတဲ့ သတင်းစကားကို သံချပ်ခေါင်းစဉ်အဖြစ် ရွေးချယ်ပေးတာပါ။ မှတ်မှတ်သားသား ခေါင်းစဉ်တစ်ခုဆိုရင် ၂၀၀၈ အခြေခံဥပဒေ အောက်မှာ ဖောက်ထွက်ဖို့ မစဉ်းစားဘဲ ထွက်ပေါက်ချည်း လှိမ့်ရှာကြရင်း နစ်နေတဲ့ နိုင်ငံရေးသမားတွေ၊ ပြည်သူတွေကို “ထွက်ပေါက်မရှာ ဖောက်ထွက်ပါလော့” ဆိုတဲ့ သတင်းစကားပါ။ ဒီကနေ့အထိ အဲဒီသတင်းစ ကားဟာ မှန်နေတုန်းပဲဆိုတာ အထူး ပြောစရာ လိုမယ် မထင်တော့ပါဘူး။ ဒါတွေဟာ သံချပ်နဲ့ ပတ်သက်လို့ ဖြစ်ပျက်ခဲ့တဲ့ ဖြတ်ပိုင်းတစ်စပါပဲ။