ရန်ကုန်၊ သြဂုတ် ၃၁
၂၁ ပင်လုံညီလာခံကို သြဂုတ်လ ၃၁ ရက်က နေပြည်တော်မှာ တခမ်းတနား ကျင်းပနေသလို အစိုးရပိုင် မီဒီယာဖြစ်တဲ့ MRTV ရုပ်သံလိုင်းကနေ အချိန်နှင့်တစ်ပြေးညီ Live လွှင့်ပေးတဲ့အတွက် နိုင်ငံတစ်ဝန်းက ပြည်သူတွေလည်း တိုက်ရိုက်ကြည့်ရှု နားဆင်ခွင့် ရခဲ့ပါပြီ။
တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေးအတွက် ပထမဆုံး ခြေလှမ်းတစ်ရပ်ကို စတင်လိုက်တဲ့ ညီလာခံကြီးပါပဲ။ ဒီညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်ပိုင်းဆိုင်ရာက တာဝန်ရှိသူတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပါဝင်ဆွေးနွေးခွင့် ရထားသူတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ၊ ပြည်တွင်းပြည်ပက မီဒီယာသမား ၂၀၀ ကျော် အပါအ၀င် စုစုပေါင်း လူဦးရေ ၁၅၀၀ ကျော် တက်ရောက်ခဲ့တဲ့ သမိုင်းဝင် ညီလာခံကြီးရဲ့ အဖွင့်နေ့။
ညီလာခံ ဖွင့်ပွဲ အခမ်းအနားနေ့မှာ ထူးခြားချက်အနေနဲ့က နိုင်ငံတော်အဆင့်ပွဲ ဖြစ်တဲ့အတွက် နိုင်ငံတော်အင်္ဂါစဉ်အရ အရေးကြီးပုဂ္ဂိုလ်တွေကို ရှေ့ဆုံးတန်းမှာ နေရာပေးတဲ့နေရာမှာ အရင်အစိုးရလက်ထက် ဒုသမ္မတတွေ ဖြစ်တဲ့ ဦးဉာဏ်ထွန်း၊ ဒေါက်တာစိုင်းမောက်ခမ်းတို့ကို လက်ရှိ ဒုသမ္မတဖြစ်တဲ့ ဦးမြင့်ဆွေနဲ့အတူ ရှေ့ဆုံးတန်းမှာ နေရာပေးထားတာပါ။ သူတို့ရဲ့ နောက်တန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး အဆင်ပြေပြီး ကြံ့ခိုင်ရေးပါတီက ဖယ်ထုတ်ခံရသူ၊ လက်ရှိ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို နေရာပေးထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် “ဒီနေရာမှာ အခွင့်ကြုံတုန်း MPC ကို တည်ထောင်ပြီး အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းခဲ့တဲ့ သမ္မတဟောင်းဦးသိန်းစိန်ဦးဆောင်ခဲ့တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုပါတယ်။ အရင်အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်များအပေါ် ကျွန်မတို့ ယခု ဆက်လက်ပြီးတော့ တည်ဆောက်သွားပါမယ်” လို့ အရင်အစိုးရသမ္မတဟောင်း ဦးသိန်းစိန်ကို ချီးကျူးခဲ့ပါသေးတယ်။
သူမရဲက မိန့်ခွန်းဟာ စတုတ္ထမြောက်အဖြစ် ညီလာခံအဖွင့်မိန့်ခွန်းအဖြစ် ပြောဆိုခဲ့သူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းထက် ငါးမိနစ်ကျော် ပိုကြာပြီး စုစုပေါင်း ကြာမြင့်ချိန် ၁၈ မိနစ် ကျော်ခဲ့ပါတယ်။ မိန့်ခွန်းပြောစဉ် ထူးခြားချက်အနေနဲ့ အခြားအခြားသော အခမ်းအနားတွေမှာ မိန့်ခွန်းပြောခဲ့သလို လက်တန်းပြောခဲ့တာ မဟုတ်ဘဲ အချိန်တော်တော်ကြာာကာကို စာရွက်ဖတ်ပြီး ပြောခဲ့ရခြင်းပါပဲ။ ဒါ့အပြင် မိန့်ခွန်းပြောရင် တစ်ကြိမ်တစ်ခါမှ ထစ်ငေါ့ခဲ့ခြင်းမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ၂၁ ပင်လုံညီလာခံ အဖွင့်မိန့်ခွန်း ပြောစဉ်မှာတော့ အနည်းငယ် စကားထစ်ခဲ့တာတွေ ရှိခဲ့ပါတယ်။
ဒီ့နောက်မှာတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းတို့လည်း ညီလာခံအဖွင့်မိန့်ခွန်းတွေ အစဉ်လိုက် ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့ သမ္မတ ဦးထင်ကျော်ကတော့ ညီလာခံကို ရှေ့ဆုံးတန်းက တက်ရောက်ခဲ့ပေမယ့်လည်း မိန့်ခွန်းမပြောခဲ့ပါဘူး။
နိုင်ငံတော်အကြီးအကဲ သမ္မတ ဦးထင်ကျော် မိန့်ခွန်း မပြောခဲ့သည့် ၂၁ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ။
အဲဒီနောက် နိုင်ငံတော်အင်္ဂါစဉ်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အစဉ်လိုက် မိန့်ခွန်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် “အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် အဓိက နှလုံးသွင်းကြရမယ့် အချက် ၂ ချက်ကတော့ ‘တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မဟာဗျူဟာကို မျက်ခြည်မပြတ် ကျင့်သုံးခြင်း’ နဲ့ ‘ထာဝရငြိမ်းချမ်းရေး ရယူရန်အတွက် အမှန်တကယ်ဆန္ဒရှိခြင်း’ တို့ပဲ ဖြစ်ပါကြောင်း” လို့ နိဂုံးချုပ်အဖြစ် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး မိန့်ခွန်းပြောဆိုခဲ့ရာ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ်အသွင်သဏ္ဍာန်ဆောင်ပေမယ့် အနှစ်သာရအရ အားနည်းမှုရှိနေတာကိုတော့ ၀န်ခံရမှာပါ” ဟုလည်းကောင်း၊ “နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြတ်သန်းခဲ့ကြရတဲ့ ခေတ်တွေ၊ စနစ်တွေရဲ့ ပုံသွင်းမှုကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေအကြားမှာ ခံယူချက်၊ အယူအဆဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ကွာဟချက် ကြီးကြီးမားမား ရှိနေတယ်ဆိုတာကို သတိပြုကြပါ” ဟု လည်းကောင်း၊ “NCA လက်မှတ်ရေးထိုးအပြီး ကျင်းပခဲ့တဲ့ ၂၀၁၆ ဇန်န၀ါရီလက ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲ (UPC) ဟာ နိုင်ငံရေးမာရသွန်အပြေးပြိုင်ပွဲအတွက် ဖွင့်ပွဲဖဲကြိုးဖြတ်ခြင်းဘဲ ဖြစ်ပြီး ဒီနေ့ ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံဟာ တာထွက်ခရာသံပဲ ဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု လည်းကောင်း ထည့်သွင်း ပြောဆိုခဲ့သည်။ ယင်းနောက် UNFC ဥက္ကဋ္ဌနှင့် KIO ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်အင်ဘန်လက မိန့်ခွန်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်ကြီးအင်ဘန်လအား မိန့်ခွန်းပြောပေးပါရန် ဖိတ်ခေါ်စဉ် ထူးခြားချက်အနေဖြင့် မြန်မာလိုအပြင် ကချင်ဘာသာစကားနှင့်ပါ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ မိန့်ခွန်းအဖွင့်တွင်ပင် ဗိုလ်ချုပ်ကြီး အင်ဘန်လက မိန့်ခွန်းပြောဆိုရမည့်အထဲတွင်မပါဝင်သော စကားတစ်ရပ်နှင့် စတင်ခဲ့သည်။
အဲဒီနောက်မှာတော့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ၂၁ ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ ပြောခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုဟာ စုဖွဲ့ပြီး အေးအတူ၊ ပူအမျှ ယှဉ်တွဲနေထိုင်ဖို့ ဖြစ်သလိုပဲ အခု ကျွန်တော်တို့ ပြောတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဟာလည်း ခွဲထွက်ရေး မဟုတ်ဘူးဆိုတာကို ပြောလိုတယ်” ဟု လည်းကောင်း၊ “ဗမာမဟုတ်တဲ့ ကျွန်တော်တို့တိုင်းရင်းသားတွေ လက်နက်စွဲကိုင်ပြီး တော်လှန်မှုတွေ ပြုလုပ်နေကြတာဟာ ဘာကြောင့်လဲလို့ မေးချင်ကြပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ပင်လုံမှာ ပြုခဲ့ကြတဲ့ ကတိ၊ ချုပ်ခဲ့ကြတဲ့ စာချုပ်ပါ သဘောတူညီချက်တွေကို ပြီးပြည့်စုံအောင် အကောင်အထည် မဖော်ခဲ့ကြလို့။ ကျွန်တော်တို့ လိုလားတောင့်တတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရလို့ပဲဆိုတာကို ပြောလိုပါတယ်” လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် “ဒီနေရာမှာ ပြောလိုတာကတော့ အားလုံး တန်းတူရည်တူအခြေခံအောက်မှာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ညှိနှိုင်းအဖြေရှာ ဆွေးနွေးကြဖို့နဲ့ ပြည်သူတစ်ရပ်လုံး အကျိုးစီးပွားကို ရှေ့တန်းတင် ပူးပေါင်းလုပ်ဆောင်ကြဖို့က ပိုအရေးကြီးပါတယ်” လို့ ဆိုခဲ့ပါတယ်။
ထူးခြားချက်အနေနဲ့ ပြောဆိုကြတဲ့ မိန့်ခွန်းတွေကို ဘယ်သူကမှ လက်တန်းပြောဆိုခဲ့ကြတာ မဟုတ်ဘဲ မိန့်ခွန်းပြောဆိုဖို့ စင်ပေါ်တက်ခါနီးအချိန်ကျမှ ပြောဆိုရမယ့်မိန့်ခွန်း ထည့်ထားတဲ့ဖိုင်ကို အခမ်းအနား စီစဉ်သူတွေက ပေးအပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
အဲဒီနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သူရဦးတင်ဦး မိန့်ခွန်းပြောဆိုခဲ့ရာမှာတော့ ၂၁ ပင်လုံညီလာခံ တက်ရောက်သူများအား မည်သည့်အတွက် ညီလာခံကို ရောက်လာကြသည်ဖြစ်ပါစေ…ငြိမ်းချမ်းရေး ရအောင် လုပ်မယ်ဆိုသည့် စိတ်ဖြင့် လာရောက်ခြင်း ဖြစ်သည်ဟု ထင်မြင်ပါကြောင်း၊ ပြည်သူလူထု လိုလားသည့် ငြိမ်းချမ်းရေးအတွက် စကားပြောကြပါလို့ ပြောဆိုခဲ့ပါတယ်။
သူရဦးတင်ဦး နောက်မှာတော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မိန့်ခွန်းပြောကြားရာတွင် ပထမဦးဆုံးအနေဖြင့် မြန်မာစကားဖြင့် အားလုံးကို ဂါရ၀ပြုပါကြောင်း ပြောဆိုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ၂၁ ညီလာခံ ဖွင့်ပွဲအခမ်းအနား ပြီးဆုံးကြောင်းနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းတို့ကို လုပ်ခဲ့ပါတယ်။ ဖွင့်ပွဲနေ့ ညနေပိုင်းမှာတော့ တက်ရောက်လာတဲ့ အဖွဲ့အစည်းအသီးသီးက စာတမ်းတင်သွင်းခြင်းများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
မည်သို့ပင်ဖြစ်စေ အများမျှော်လင့်နေသည့် ၂၁ ပင်လုံညီလာခံကတော့ စတင်လိုက်ပြီ ဖြစ်ပါတယ်။ မိန့်ခွန်းပြောတာတောင် သတိထားနေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နှုတ်ဆိတ်နေတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ တပ်ရဲ့ ငြိမ်းချမ်းရေးမူခြောက်ချက်ကို စွဲကိုင်ထားမယ်လို့ ပြောခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဖက်ဒရယ်အရေးကို တစိုက်မက်မက် ပြောခဲ့တဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လ။ ဖက်ဒရယ်စနစ်အတွက်၂၀၀၈ အခြေခံဥပဒေဟာ အနှစ်သာရ အရ အားနည်းတယ်လို့ ဝေဖန်လိုက်တဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဂုဏ်ပြုချီးကျူးခံရတဲ့ အရင်အစိုးရသမ္မတဟောင်း ဦးသိန်းစိန်နဲ့ ရှေ့တန်းကနေ နေရာပေးခံထားရတဲ့ အရင်အစိုးရလက်ထက် ဒုသမ္မတဟောင်းများနဲ့ ၂၁ ပင်လုံညီလာခံကြီးကတော့ မြန်မာ့နိုင်ငံရေးအတွက် ထူးခြားတဲ့ ညီလာခံကြီးဆိုတာကတော့ ငြင်းဆိုလို့ မရတော့ပါကြောင်း။
အောင်ထွန်းလင်း (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)

ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေ စိတ်ကူးပေးနိုင်မလားဆိုတာကတော့ ဒီကနေ့ ညီလာခံခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ ခေါင်းဆောင်တွေ အားလုံးပေါ်မှာမူတည်နေပါတယ်သမိုင်းဝင် ညီလာခံ အဖွင့်မိန့်ခွန်းအဖြစ် စတင်ပြောကြားခဲ့သူကတော့ ညီလာခံဥက္ကဋ္ဌ ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါ။ ဒေါ်အောင်ဆန်းစုကြည်က “အခုဆိုရင် တစ်နိုင်ငံမှာရှိကြတဲ့ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေအားလုံးဟာ စိုးရိမ်မျှော်လင့်ချက်များနဲ့ စောင့်ကြည့်နေကြပါတယ်။ မငြိမ်းချမ်းသေးတဲ့ နယ်မြေဒေသမှာရှိနေကြတဲ့ ကျွန်မတို့ရဲ့တိုင်းရင်းသား တိုင်းရင်းသူတွေဟာလည်း ကျွန်မတို့ရဲ့ညီလာခံကြီး ဘယ်လိုဖြစ်လာမလဲဆိုတာကို အားကိုးတကြီး စောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။ စစ်ဘေးရှောင်ဖို့ဟိုဟိုဒီဒီပြေးလွှားနေကြတဲ့ ဒုက္ခသည်တွေထဲမှာ အရွယ်အမျိုးမျိုး ပါနေကြပါတယ် သူတို့အားလုံးရဲ့ မျှော်လင့်ချက်တွေ မှေးမှိန်အားပျော့နေတာကြာခဲ့ပါပြီ။ ဒီတခါတော့ ဘယ်လိုများဖြစ်လာမလဲဆိုတာကိုလည်း မဝံ့မရဲနဲ့ မျှော်လင့်နေကြပါတယ်။ သူတို့ရဲ့ဒုက္ခတွေကို ကျွန်မတို့တွေ မေ့လို့မရပါဘူး ဒီကနေ့မှာတော့ ကျွန်မတို့ရဲ့နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်းအဖြေရှာဖို့ ၂၁ ရာစုပင်လုံညီလာခံကြီးကနေတဆင့် ငြိမ်းချမ်းရေးလမ်းကို ကျွန်မတို့တွေ စတင်လျှောက်လှမ်းလိုက်ပြီ ဖြစ်ပါတယ် ဘယ်အထိရောက်မလဲ ငြိမ်းချမ်းရေးကိုရအောင် လှမ်းနိုင်မလားဆိုတာ မြန်မာသာမက ကမ္ဘာကပါ စောင့်ကြည့်နေကြပါတယ် ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေ စိတ်ကူးပေးနိုင်မလားဆိုတာကတော့ ဒီကနေ့ ညီလာခံခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ ခေါင်းဆောင်တွေ အားလုံးပေါ်မှာမူတည်နေပါတယ်” လို့ သူမရဲ့ ညီလာခံ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် “ဒီနေရာမှာ အခွင့်ကြုံတုန်း MPC ကို တည်ထောင်ပြီး အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းခဲ့တဲ့ သမ္မတဟောင်းဦးသိန်းစိန်ဦးဆောင်ခဲ့တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုပါတယ်။ အရင်အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်များအပေါ် ကျွန်မတို့ ယခု ဆက်လက်ပြီးတော့ တည်ဆောက်သွားပါမယ်” လို့ အရင်အစိုးရသမ္မတဟောင်း ဦးသိန်းစိန်ကို ချီးကျူးခဲ့ပါသေးတယ်။
သူမရဲက မိန့်ခွန်းဟာ စတုတ္ထမြောက်အဖြစ် ညီလာခံအဖွင့်မိန့်ခွန်းအဖြစ် ပြောဆိုခဲ့သူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းထက် ငါးမိနစ်ကျော် ပိုကြာပြီး စုစုပေါင်း ကြာမြင့်ချိန် ၁၈ မိနစ် ကျော်ခဲ့ပါတယ်။ မိန့်ခွန်းပြောစဉ် ထူးခြားချက်အနေနဲ့ အခြားအခြားသော အခမ်းအနားတွေမှာ မိန့်ခွန်းပြောခဲ့သလို လက်တန်းပြောခဲ့တာ မဟုတ်ဘဲ အချိန်တော်တော်ကြာာကာကို စာရွက်ဖတ်ပြီး ပြောခဲ့ရခြင်းပါပဲ။ ဒါ့အပြင် မိန့်ခွန်းပြောရင် တစ်ကြိမ်တစ်ခါမှ ထစ်ငေါ့ခဲ့ခြင်းမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု ၂၁ ပင်လုံညီလာခံ အဖွင့်မိန့်ခွန်း ပြောစဉ်မှာတော့ အနည်းငယ် စကားထစ်ခဲ့တာတွေ ရှိခဲ့ပါတယ်။
ဒီ့နောက်မှာတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းတို့လည်း ညီလာခံအဖွင့်မိန့်ခွန်းတွေ အစဉ်လိုက် ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့ သမ္မတ ဦးထင်ကျော်ကတော့ ညီလာခံကို ရှေ့ဆုံးတန်းက တက်ရောက်ခဲ့ပေမယ့်လည်း မိန့်ခွန်းမပြောခဲ့ပါဘူး။
နိုင်ငံတော်အကြီးအကဲ သမ္မတ ဦးထင်ကျော် မိန့်ခွန်း မပြောခဲ့သည့် ၂၁ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ။
အဲဒီနောက် နိုင်ငံတော်အင်္ဂါစဉ်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အစဉ်လိုက် မိန့်ခွန်းပြောဆိုခဲ့ပါတယ်။
တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ဟာဆိုရင်လည်း ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ အတိတ်သမိုင်းကြောင်းတစ်လျှောက်မှာ တွေ့ကြုံသိမြင် ခံစားခဲ့ရတာတွေကို လက်ရှိအခြေအနေနဲ့ယှဉ်ပြီး သုံးသပ်ဖော်ထုတ်ထားတာဖြစ်လို့ နှစ်ဖက်စလုံးက လိုက်နာလုပ်ဆောင်သင့်တဲ့ အခြေခံအချက်အလက်များပဲ ဖြစ်ပါတယ်။ ဒီမူဝါဒကို နှစ်ဦးနှစ်ဖက် ပူးပေါင်းလိုက်နာဆောင်ရွက်ခြင်းဖြင့် စစ်မှန်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေဖို့ အထောက်အကူပြုသည့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမိုခိုင်မာ အားကောင်းစေမှာပဲ ဖြစ်ပါတယ်...ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောဆိုရာမှာ “တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်ဟာဆိုရင်လည်း ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ အတိတ်သမိုင်းကြောင်းတစ်လျှောက်မှာ တွေ့ကြုံသိမြင် ခံစားခဲ့ရတာတွေကို လက်ရှိအခြေအနေနဲ့ယှဉ်ပြီး သုံးသပ်ဖော်ထုတ်ထားတာဖြစ်လို့ နှစ်ဖက်စလုံးက လိုက်နာလုပ်ဆောင်သင့်တဲ့ အခြေခံအချက်အလက်များပဲ ဖြစ်ပါတယ်။ ဒီမူဝါဒကို နှစ်ဦးနှစ်ဖက် ပူးပေါင်းလိုက်နာဆောင်ရွက်ခြင်းဖြင့် စစ်မှန်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိစေဖို့ အထောက်အကူပြုသည့်အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပိုမိုခိုင်မာ အားကောင်းစေမှာပဲ ဖြစ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။
ဒါ့အပြင် “အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် အဓိက နှလုံးသွင်းကြရမယ့် အချက် ၂ ချက်ကတော့ ‘တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မဟာဗျူဟာကို မျက်ခြည်မပြတ် ကျင့်သုံးခြင်း’ နဲ့ ‘ထာဝရငြိမ်းချမ်းရေး ရယူရန်အတွက် အမှန်တကယ်ဆန္ဒရှိခြင်း’ တို့ပဲ ဖြစ်ပါကြောင်း” လို့ နိဂုံးချုပ်အဖြစ် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အဲဒီနောက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး မိန့်ခွန်းပြောဆိုခဲ့ရာ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ်အသွင်သဏ္ဍာန်ဆောင်ပေမယ့် အနှစ်သာရအရ အားနည်းမှုရှိနေတာကိုတော့ ၀န်ခံရမှာပါ” ဟုလည်းကောင်း၊ “နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြတ်သန်းခဲ့ကြရတဲ့ ခေတ်တွေ၊ စနစ်တွေရဲ့ ပုံသွင်းမှုကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေအကြားမှာ ခံယူချက်၊ အယူအဆဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ကွာဟချက် ကြီးကြီးမားမား ရှိနေတယ်ဆိုတာကို သတိပြုကြပါ” ဟု လည်းကောင်း၊ “NCA လက်မှတ်ရေးထိုးအပြီး ကျင်းပခဲ့တဲ့ ၂၀၁၆ ဇန်န၀ါရီလက ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲ (UPC) ဟာ နိုင်ငံရေးမာရသွန်အပြေးပြိုင်ပွဲအတွက် ဖွင့်ပွဲဖဲကြိုးဖြတ်ခြင်းဘဲ ဖြစ်ပြီး ဒီနေ့ ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံဟာ တာထွက်ခရာသံပဲ ဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု လည်းကောင်း ထည့်သွင်း ပြောဆိုခဲ့သည်။ ယင်းနောက် UNFC ဥက္ကဋ္ဌနှင့် KIO ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်အင်ဘန်လက မိန့်ခွန်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်ကြီးအင်ဘန်လအား မိန့်ခွန်းပြောပေးပါရန် ဖိတ်ခေါ်စဉ် ထူးခြားချက်အနေဖြင့် မြန်မာလိုအပြင် ကချင်ဘာသာစကားနှင့်ပါ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ မိန့်ခွန်းအဖွင့်တွင်ပင် ဗိုလ်ချုပ်ကြီး အင်ဘန်လက မိန့်ခွန်းပြောဆိုရမည့်အထဲတွင်မပါဝင်သော စကားတစ်ရပ်နှင့် စတင်ခဲ့သည်။
ကျွန်တော့်နာမည် ဦးအန်ဘန်လပါ။ UNFC မှာ ဥက္ကဌ နဲ့ KIO မှာ ဒုဥက္ကဌ အဖြစ် တာဝန်ယူပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေကတော့ ကျွန်တော့်ကို ဗိုလ်ချုပ် အန်ဘန်လ လို့ ခေါ်ပါတယ်...ယင်းမှာ "ကျွန်တော့်နာမည် ဦးအန်ဘန်လပါ။ UNFC မှာ ဥက္ကဌ နဲ့ KIO မှာ ဒုဥက္ကဌ အဖြစ် တာဝန်ယူပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေကတော့ ကျွန်တော့်ကို ဗိုလ်ချုပ် အန်ဘန်လ လို့ ခေါ်ပါတယ်" ဆိုတဲ့ စကားပါ။
အဲဒီနောက်မှာတော့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ၂၁ ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ ပြောခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုဟာ စုဖွဲ့ပြီး အေးအတူ၊ ပူအမျှ ယှဉ်တွဲနေထိုင်ဖို့ ဖြစ်သလိုပဲ အခု ကျွန်တော်တို့ ပြောတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဟာလည်း ခွဲထွက်ရေး မဟုတ်ဘူးဆိုတာကို ပြောလိုတယ်” ဟု လည်းကောင်း၊ “ဗမာမဟုတ်တဲ့ ကျွန်တော်တို့တိုင်းရင်းသားတွေ လက်နက်စွဲကိုင်ပြီး တော်လှန်မှုတွေ ပြုလုပ်နေကြတာဟာ ဘာကြောင့်လဲလို့ မေးချင်ကြပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ပင်လုံမှာ ပြုခဲ့ကြတဲ့ ကတိ၊ ချုပ်ခဲ့ကြတဲ့ စာချုပ်ပါ သဘောတူညီချက်တွေကို ပြီးပြည့်စုံအောင် အကောင်အထည် မဖော်ခဲ့ကြလို့။ ကျွန်တော်တို့ လိုလားတောင့်တတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရလို့ပဲဆိုတာကို ပြောလိုပါတယ်” လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် “ဒီနေရာမှာ ပြောလိုတာကတော့ အားလုံး တန်းတူရည်တူအခြေခံအောက်မှာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် ညှိနှိုင်းအဖြေရှာ ဆွေးနွေးကြဖို့နဲ့ ပြည်သူတစ်ရပ်လုံး အကျိုးစီးပွားကို ရှေ့တန်းတင် ပူးပေါင်းလုပ်ဆောင်ကြဖို့က ပိုအရေးကြီးပါတယ်” လို့ ဆိုခဲ့ပါတယ်။
ထူးခြားချက်အနေနဲ့ ပြောဆိုကြတဲ့ မိန့်ခွန်းတွေကို ဘယ်သူကမှ လက်တန်းပြောဆိုခဲ့ကြတာ မဟုတ်ဘဲ မိန့်ခွန်းပြောဆိုဖို့ စင်ပေါ်တက်ခါနီးအချိန်ကျမှ ပြောဆိုရမယ့်မိန့်ခွန်း ထည့်ထားတဲ့ဖိုင်ကို အခမ်းအနား စီစဉ်သူတွေက ပေးအပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
အဲဒီနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သူရဦးတင်ဦး မိန့်ခွန်းပြောဆိုခဲ့ရာမှာတော့ ၂၁ ပင်လုံညီလာခံ တက်ရောက်သူများအား မည်သည့်အတွက် ညီလာခံကို ရောက်လာကြသည်ဖြစ်ပါစေ…ငြိမ်းချမ်းရေး ရအောင် လုပ်မယ်ဆိုသည့် စိတ်ဖြင့် လာရောက်ခြင်း ဖြစ်သည်ဟု ထင်မြင်ပါကြောင်း၊ ပြည်သူလူထု လိုလားသည့် ငြိမ်းချမ်းရေးအတွက် စကားပြောကြပါလို့ ပြောဆိုခဲ့ပါတယ်။
သူရဦးတင်ဦး နောက်မှာတော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မိန့်ခွန်းပြောကြားရာတွင် ပထမဦးဆုံးအနေဖြင့် မြန်မာစကားဖြင့် အားလုံးကို ဂါရ၀ပြုပါကြောင်း ပြောဆိုခဲ့ပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် သိမ်မွေ့မှုကို အခြေခံပြီး ပျော့ပြောင်းစွာ လုပ်ဆောင်ရမှာဖြစ်ပြီး NCA သဘောတူ လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေအပြင် လက်မှတ်မထိုးထားရသေးတဲ့ အဖွဲ့တွေအပေါ်လည်း လေးစားမှုရှိဖို့ လိုတယ်...ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက “လွန်ခဲ့တဲ့ ခြောက်နှစ်တာကာလ ယခင်သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး တံခါးတွေ ဖွင့်ပေးခဲ့တဲ့အချိန်ကစပြီး မြန်မာနိုင်ငံဟာ သမိုင်းတွင်ရစ်မယ့် ပြောင်းလဲမှုတစ်ရပ်ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် သိမ်မွေ့မှုကို အခြေခံပြီး ပျော့ပြောင်းစွာ လုပ်ဆောင်ရမှာဖြစ်ပြီး NCA သဘောတူ လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေအပြင် လက်မှတ်မထိုးထားရသေးတဲ့ အဖွဲ့တွေအပေါ်လည်း လေးစားမှုရှိဖို့ လိုတယ်” လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။