ရေကြီးခြင်းသည် သင်နှင့် သင့်အိမ်အတွက် ဘေးအန္တရာယ်ပင်။ မြေနိမ့်ဒေသများတွင် အရိပ်လက္ခဏာ မပြသော ရုတ်တရက် ရေကြီးမှုများ ဖြစ်ပေါ်လေ့ ရှိသည်။ သင် ဘေးအန္တရာယ်မှ လွတ်ကင်းစေရန် အောက်ပါအချက်များကို လိုက်နာပါ။
“ကြိုတင်ပြင်ဆင်ထားပါ”
- သင့်အရေးပေါ်အိတ်အား ပြင်ဆင်ထားပါ။
- သင်ဒေ့သ၏ ပထ၀ီနှင့် ရေအနေအထားကို လေ့လာထားပါ။
- ဘေးကင်းရန် မည်သည့်နေရာကို ပြောင်းရွှေ့ရမည်ကို ကြိုတင်လေ့လာထားပါ။
- အချိန်မရွေး ရေကြီးနိုင်သဖြင့် မိုးလေ၀သအခြေအနေအား အမြဲစောင့်ကြည့်လေ့လာပါ။
- အရေးကြီးသောပစ္စည်းများကို ရေမရောက်နိုင်မည့် အမြင့်နေရာတွင် ရွှေ့ပြောင်းထားပါ။
- ရေကြီးလေ့ရှိသော ဒေသတွင် နေထိုင်ပါက ပလတ်စတစ်စ၊ သဲအိတ်နှင့် အခြားကိရိယာများကို အရန်သင့် ဆောင်ထားပါ။
- အိမ်အမိုးပေါ်သို့တက်ရန် လိုအပ်သည့်အခါအတွက် လှေခါးနှင့် ကြိုးအား ဆောင်ထားပါ။
- ဖြစ်နိုင်လျှင် ဖောင်နှင့် အခြား ရေပေါ်ပေါ်စေနိုင်သောအရာများ ဆောင်ထားပါ။
“ရေကြီးမှု သတိပေးချက် ကြေညာသည့်အခါ”
- အချိန်ရပါက ဘေးလွတ်ရာသို့ မပြေးခင် မိန်းချသွားပါ။
- ဂတ်စ်အိုးများ ပိတ်သွားပါ။
- ပိုမိုမြင့်မားသော နေရာသို့ ပြောင်းရွှေ့ပါ။
- ရေကြီးနေသော နေရာများတွင် ဘယ်တော့မှ လမ်းမလျှောက်ပါနှင့်။
“ရေလွှမ်းမိုးပြီးသွားသောအခါ”
- ရေကြီးနေသော နေရာများတွင် ဘယ်တော့မှ ရေမကူးပါနှင့်။
- ရေစီးကြောင်းကို ဖြတ်ပြီး ကားမမောင်းပါနှင့်။
- လျှပ်စစ်မီးကြိုးနှင့် ထိစပ်နေသော ရေပြင်အား မထိမိစေရန် သတိထားပါ။
- ဒေသခံ တာဝန်ရှိသူများက လုံခြုံပြီဟု အတည်မပြုမချင်း အိမ်မပြန်ပါနှင့်။
ဘာသာပြန် - စိုင်းထင်လင်းထက်
ကိုးကား - Safe Steps Tips Approved by International Federation of Red Cross and Red Crescent Socities