အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဦးဆောင်သည့် အစိုးရလက်ထက်တွင် ၀န်ကြီးဌာနများအား ပြောင်းလဲ ဖွဲ့စည်းခဲ့ရာတွင် Information Technology – IT ကဏ္ဍနှင့် ပတ်သက်လို့ သီးခြားဝန်ကြီးဌာန မပါရှိခဲ့ပါဘူး။ အရင်အစိုးရလက်ထက်ကတော့ “သပန” လို့ အတိုကောက် ခေါ်တဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက အစိုးရရဲ့ IT ကဏ္ဍကို ကိုင်တွယ်ခဲ့တာပါ။
နိုင်ငံတကာမှာ IT ကဏ္ဍနဲ့ ပတ်သက်လို့ အစိုးရတိုင်းက အလေးထားကြပါတယ်။ အရင် စာရွက်စာတမ်းသုံး အစိုးရရုံးအဖြစ်ကနေ Paperless Office အဖြစ် Online အွန်လိုင်းက တစ်ဆင့် လုပ်ဆောင်မှုတွေကို ပြောင်းလဲခဲ့ပါတယ်။ e-Government အနေနဲ့ အစိုးရရဲ့ လုပ်ငန်းဆောင်တာ တွေကို ထုတ်ပြန်ခဲ့သလို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း အွန်လိုင်းကနေပဲ လုပ်ကိုင်ခဲ့တဲ့အတွက် အချိန်ကုန်၊ လူပန်း၊ ဘက်ဂျက်ခမ်းတဲ့ လူအင်အားသုံးလုပ်ဆောင်မှုတွေ ပျောက်ပျက်ကုန်ပါပြီ။
သက်ဆိုင်ရာ ၀န်ကြီးဌာနတွေအလိုက် e-Government စီမံကိန်းနဲ့ ချမှတ်လို့ ကိုယ်ပိုင်ဝက်ဘ် ဆိုက်တွေ ဖွင့်လှစ်လုပ်ကိုင်နေကြသလို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ၀န်ကြီးဌာနအချင်းချင်း သတင်း အချက်အလက် ဝေမျှနိုင်တဲ့အတွက် IT ကဏ္ဍ ဖွံ့ဖြိုးရေးဟာ အစိုးရတစ်ရပ်အတွက် အလေးထား ရတဲ့ ကဏ္ဍပါ။
ယူနိုက်တက်ကင်းဒမ်း UK မှာဆိုရင် Internet Safety and Security ဆိုပြီး ၀န်ကြီးအဖြစ် လူမှုကွန်ရက် Facebook နဲ့ ရှာဖွေရေး Search Engine ဖြစ်တဲ့ Google ရဲ့ အမှုဆောင်ဟောင်း Joanna Shields ကို ခန့်အပ်ထားတဲ့ သာဓကကို ကြည့်မယ်ဆိုရင် ခေတ်ရှေ့ပြေးနေတဲ့ နိုင်ငံကြီးတွေမှာ နည်းပညာကဏ္ဍနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ အလေးထားတယ်ဆိုတာ မြင်တွေ့နိုင်မှာပါ။ IT နည်းပညာ အသုံးပြုခြင်းအားဖြင့် အစိုးရက ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက ပြောမကုန်ပါဘူး။
မြန်မာပြည်မှာလည်း အစိုးရဌာနတွေကို e-Government စီမံကိန်းတွေ ချမှတ်ပြီး အရင်အစိုးရ လက်ထက်အဆက်ဆက်မှာ လုပ်ကိုင်ခဲ့ဖူးပါတယ်။ e-Government နဲ့ပတ်သက်လို့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဦးသိန်းစိန်က အနာဂတ်မှာ ပြည်သူတွေရဲ့ လူမှုစီးပွားရေး လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအဆင့်အထိ ရောက်ရှိရေး၊ e-Government စနစ် ထိရောက်စွာ အသုံးပြုရေးဆိုပြီး ၀န်ကြီးဌာနတိုင်းကို လ ၂၀ အစီအမံ ရေးဆွဲပြီး လက်တွေ့ချိတ်ဆက် အသုံးပြုနိုင်ရေးအတွက် ၀န်ထမ်းတွေကို လေ့ကျင့်ဆောင်ရွက်ပေးဖို့ တိုက်တွန်း မှာကြားခဲ့ဖူးပါတယ်။
အခု NLD အစိုးရ တက်လာပါပြီ။ အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းတွေကို အစိုးရပိုင် ရုပ်သံတွေ၊ သတင်းစာတွေမှာ ဖော်ပြနေပေမယ့် IT ကဏ္ဍနဲ့ ပတ်သက်လို့ တစ်လုံးတစ်ပါဒမှ မပါဝင်သေးပါဘူး။ e-Government စီမံကိန်းတွေ ဆက်လုပ်သလား၊ မလုပ်သေးသလားလည်း မသိရသေးပါဘူး။ ဒါပေမဲ့လည်း ဗဟိုအစိုးရ အပါအ၀င် တိုင်းနဲ့ ပြည်နယ် အစိုးရတွေရဲ့ လုပ်ဆောင်မှုတွေကိုတော့ လူမှုကွန်ရက် Facebook ကို အသုံးပြုပြီး သတင်းအချက်အလက် မျှဝေတာတွေတော့ ရှိနေပါတယ်။
မြန်မာပြည်က နက်တီဇင်တွေရဲ့ ရာခိုင်နှုန်းအများစုဟာ Facebook သုံးတဲ့အတွက် Facebook ကို အခြေခံပြီး သတင်းအချက်အလက် ဖြန့်ဝေမှုက ပိုပြီး ထိရောက်တယ်လို့ ပြောဆိုသူတွေ ရှိပေမယ့်လည်း အစိုးရတစ်ရပ်အနေနဲ့ Facebook သုံး သတင်းဖြန့်ဖြူးခြင်းဟာ မဖြစ်သင့်တဲ့ကိစ္စ တစ်ရပ်ပါ။ အစိုးရရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေကနေ သတင်းထုတ်ပြန်ခြင်းကသာလျှင် တရားဝင် ဖြစ်ပြီး လူမှုကွန်ရက် Facebook ပေါ် ဖြန့်နေတဲ့ အချက်အလက်တွေဟာ နိုင်ငံတကာအဆင့် အနေနဲ့ ကြည့်မယ်ဆိုရင် တရားမ၀င်ပါဘူး။
အရင် အစိုးရရဲ့ e-Government စီမံကိန်းအတိုင်း လုပ်ဆောင်မယ်ဆိုရင်တော့ အခု အစိုးရ လက်ထက်မှာလည်း အောင်မြင်ဖို့က ခဲယဉ်းတယ်လို့ ဆိုရမှာပါ။ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို အစိုးရပိုင် ၀က်ဘ်ဆိုက်တွေကနေ သတင်းထုတ်ပြန်မယ်ဆိုရင် လူသားအရင်းအမြစ် အပါအ၀င် အခြားသော အရင်းအမြစ်တွေ များစွာ လိုအပ်နေပါသေးတယ်။
IT ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မြန်မာပြည်မှာ လူသားရင်းမြစ် များစွာ ရှိပါတယ်။ နိုင်ငံတွင်း ဒေသ အသီးသီးက နည်းပညာကျောင်းထွက် လူငယ်ပေါင်းများစွာဟာ အလုပ်အကိုင်ရှားပါးမှုကြောင့် ပြည်တွင်းက ကုမ္ပဏီတွေမှာ ၀င်လုပ်နေကြရသလို တချို့ကတော့ ပြည်ပနိုင်ငံတွေမှာ လုပ်ကိုင်နေ ကြပါတယ်။ အစိုးရအနေနဲ့ နည်းပညာပိုင်း ကျွမ်းကျင်တဲ့ နည်းပညာတက္ကသိုလ်ထွက် လူငယ်တွေကို အစိုးရဌာနတွေမှာ အလုပ်ပေးနိုင်မယ်ဆိုရင် နည်းပညာပိုင်း ကျွမ်းကျင်မှုအတွက် သင်တန်းထပ်ပေးစရာမလိုတဲ့အပြင် စီမံကိန်းအတွက် ပြင်ပက ကုမ္ပဏီတွေကို ဈေးကြီးပေး လုပ်ဆောင်ခိုင်းနေရတာတွေကိုပါ လျှော့ချနိုင်ပြီး ဘက်ဂျက်ကုန်ကျမှု သက်သာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်လုပ်မဲ့ ပြဿနာကို တစ်ပါတည်း ဖြေရှင်းပြီး ဖြစ်ပါလိမ့်မယ်။
“နည်းပညာကျောင်းတွေ မြို့ကြီးတွေမှာရှိတယ်။ အဲဒီ ကျောင်းတွေက နောက်ဆုံးနှစ်ကျောင်းသား တွေကို လက်တွေ့အနေနဲ့ ၀န်ကြီးဌာနတွေမှာ သုံးလဖြစ်ဖြစ်၊ ခြောက်လဖြစ်ဖြစ် လက်တွေ့ ဆင်းပြီး လုပ်ခိုင်းတာမျိုး၊ အပြင်ကနေ ပညာရှင်တချို့ခန့်ပြီး ကျောင်းကနေလာမယ့် နောက်ဆုံးနှစ် ကျောင်းသားတွေကို ၀န်ကြီးဌာနတွေမှာ လက်တွေ့ဆင်း လုပ်ခိုင်းရင် ရုံးလုပ်ငန်းလည်းနားလည်၊ လက်တွေ့လည်းဖြစ်၊ ကုန်ကျစရိတ်ပါ နှစ်ဘက်လုံး သက်သာ၊ အလုပ်အတွက်လည်း အာမခံချက်ရှိ။ သူတို့သင်လာတဲ့ အတွေ့အကြုံပေါ်၊ ပညာပေါ်မူတည်ပြီး ဌာနတွေမှာ လုပ်ခိုင်းရင် ရုံးဌာနတွေမှာ e-Government ဖြစ်ဖို့ အားကောင်းလာမယ်” လို့ ဆိုသူတွေကလည်း ရှိပါတယ်။
အဲဒီလိုမျိုး လူသားအရင်းအမြစ်အတွက် ပြင်ဆင်ပြီးပြီဆိုရင်တော့ ကျန်တဲ့ ရင်းမြစ်ဖြစ်တဲ့ လျှပ်စစ်မီး၊ ကွန်ပျူတာ စတဲ့ဟာတွေကို ဖြည့်တင်းပြီး ဘယ်လို အချက်အလက်တွေ စုဆောင်း ထည့်သွင်းမယ်၊ ၀န်ကြီးဌာနအချင်းချင်း ချိတ်ဆက်ပြီး သတင်းအချက်အလက် စီးဆင်းမယ်၊ ပြည်သူတွေကို ဘယ်လို အချက်အလက်တွေ မျှဝေမယ်ဆိုတာကို Sector တစ်ခုချင်းစီအလိုက် စီမံကိန်းချ လုပ်ကိုင်မယ်ဆိုရင်ဖြင့် နောင်လာမယ့် ငါးနှစ်မှာတော့ e-Government စီမံကိန်း တွေဟာ အလုပ်ဖြစ်လာမှာ ဖြစ်သလို နည်းပညာအသုံးချ အစိုးရတစ်ရပ်ကို အခြေတည်နိုင်မှာ ဖြစ်ပါတယ်။
IT ကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ဆောင်ဖို့ ၀န်ကြီးဌာနတစ်ခုအနေနဲ့ မရှိပေမယ့်လည်း ဒီကဏ္ဍဟာ မေ့လျော့ထားလို့ ရတဲ့ကဏ္ဍ မဟုတ်ပါဘူး။ ဒီကဏ္ဍကနေ ရလာမယ့် အကျိုးရလဒ်တွေက မြောက်မြားစွာ ရှိပါတယ်။ ဒါကြောင့် IT ကဏ္ဍ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ အခု အစိုးရလက်ထက်တင်မက၊ နောင်ဖြစ်လာမယ့် အစိုးရ အဆက်ဆက်အတွက် ရေခံမြေခံ ကောင်းတွေ ဖြစ်ပေါ်စေဖို့အတွက် စီမံကိန်းတွေ ချမှတ်လုပ်ကိုင်သင့်ပြီ ဖြစ်ပါကြောင်း တိုက်တွန်း လိုက်ရပါတယ်။
အောင်ထွန်းလင်း
နိုင်ငံတကာမှာ IT ကဏ္ဍနဲ့ ပတ်သက်လို့ အစိုးရတိုင်းက အလေးထားကြပါတယ်။ အရင် စာရွက်စာတမ်းသုံး အစိုးရရုံးအဖြစ်ကနေ Paperless Office အဖြစ် Online အွန်လိုင်းက တစ်ဆင့် လုပ်ဆောင်မှုတွေကို ပြောင်းလဲခဲ့ပါတယ်။ e-Government အနေနဲ့ အစိုးရရဲ့ လုပ်ငန်းဆောင်တာ တွေကို ထုတ်ပြန်ခဲ့သလို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း အွန်လိုင်းကနေပဲ လုပ်ကိုင်ခဲ့တဲ့အတွက် အချိန်ကုန်၊ လူပန်း၊ ဘက်ဂျက်ခမ်းတဲ့ လူအင်အားသုံးလုပ်ဆောင်မှုတွေ ပျောက်ပျက်ကုန်ပါပြီ။
သက်ဆိုင်ရာ ၀န်ကြီးဌာနတွေအလိုက် e-Government စီမံကိန်းနဲ့ ချမှတ်လို့ ကိုယ်ပိုင်ဝက်ဘ် ဆိုက်တွေ ဖွင့်လှစ်လုပ်ကိုင်နေကြသလို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ ၀န်ကြီးဌာနအချင်းချင်း သတင်း အချက်အလက် ဝေမျှနိုင်တဲ့အတွက် IT ကဏ္ဍ ဖွံ့ဖြိုးရေးဟာ အစိုးရတစ်ရပ်အတွက် အလေးထား ရတဲ့ ကဏ္ဍပါ။
ယူနိုက်တက်ကင်းဒမ်း UK မှာဆိုရင် Internet Safety and Security ဆိုပြီး ၀န်ကြီးအဖြစ် လူမှုကွန်ရက် Facebook နဲ့ ရှာဖွေရေး Search Engine ဖြစ်တဲ့ Google ရဲ့ အမှုဆောင်ဟောင်း Joanna Shields ကို ခန့်အပ်ထားတဲ့ သာဓကကို ကြည့်မယ်ဆိုရင် ခေတ်ရှေ့ပြေးနေတဲ့ နိုင်ငံကြီးတွေမှာ နည်းပညာကဏ္ဍနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ အလေးထားတယ်ဆိုတာ မြင်တွေ့နိုင်မှာပါ။ IT နည်းပညာ အသုံးပြုခြင်းအားဖြင့် အစိုးရက ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက ပြောမကုန်ပါဘူး။
မြန်မာပြည်မှာလည်း အစိုးရဌာနတွေကို e-Government စီမံကိန်းတွေ ချမှတ်ပြီး အရင်အစိုးရ လက်ထက်အဆက်ဆက်မှာ လုပ်ကိုင်ခဲ့ဖူးပါတယ်။ e-Government နဲ့ပတ်သက်လို့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဦးသိန်းစိန်က အနာဂတ်မှာ ပြည်သူတွေရဲ့ လူမှုစီးပွားရေး လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအဆင့်အထိ ရောက်ရှိရေး၊ e-Government စနစ် ထိရောက်စွာ အသုံးပြုရေးဆိုပြီး ၀န်ကြီးဌာနတိုင်းကို လ ၂၀ အစီအမံ ရေးဆွဲပြီး လက်တွေ့ချိတ်ဆက် အသုံးပြုနိုင်ရေးအတွက် ၀န်ထမ်းတွေကို လေ့ကျင့်ဆောင်ရွက်ပေးဖို့ တိုက်တွန်း မှာကြားခဲ့ဖူးပါတယ်။
ဝက်ဘ်ဆိုက်တွေဟာ အစိုးရကောင်းကြောင်း ၀ါဒဖြန့်ရုံသက်သက်သာ အသုံးဝင်ခဲ့ပြီး ပြည်သူသိချင်တဲ့ အချက်အလက်တွေကို အဲဒီဝက်ဘ်ဆိုက်တွေကနေ ကိုးကားရယူ နိုင်ခြင်း မရှိပါဘူး။ အဲဒီထဲက တချို့ဝက်ဘ်ဆိုက်တွေဆိုရင် Update မဖြစ်တာတွေ အများကြီး ရှိနေပါသေးတယ် ...စီမံကိန်းတွေရဲ့ ရလဒ်အနေနဲ့ ၀န်ကြီးဌာနတွေမှာ ၀က်ဘ်ဆိုက်တွေ ရှိလာသလို ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းအစိုးရတွေရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီဝက်ဘ်ဆိုက်တွေဟာ အစိုးရကောင်းကြောင်း ၀ါဒဖြန့်ရုံသက်သက်သာ အသုံးဝင်ခဲ့ပြီး ပြည်သူသိချင်တဲ့ အချက်အလက်တွေကို အဲဒီဝက်ဘ်ဆိုက်တွေကနေ ကိုးကားရယူ နိုင်ခြင်း မရှိပါဘူး။ အဲဒီထဲက တချို့ဝက်ဘ်ဆိုက်တွေဆိုရင် Update မဖြစ်တာတွေ အများကြီး ရှိနေပါသေးတယ်။ ဒါကြောင့်လားတော့ မသိ။ ၂၀၁၂ ခုနှစ် ကုလသမဂ္ဂရဲ့ e-Government အစီရင်ခံစာအရ အာဆီယံတွင်း နိုင်ငံတွေထဲမှာ အဆင့် ၁၀ သာ ရှိပြီး မြန်မာအောက်မှာ တီမော တစ်နိုင်ငံပဲ ရှိခဲ့ပါတယ်။
Update မဖြစ်တော့သည့် ရန်ကုန်တိုင်းအစိုးရ ၀က်ဘ်ဆိုက်အား ၂၀၁၆ ခုနှစ် မေလ ၂၀ ရက်တွင် တွေ့ရစဉ် |
Facebook ဆိုတာ သတင်းဖြန့်ချိတဲ့နေရာမှ မဟုတ်တာ။ သတင်းဖြန်ဖို့က သတင်း ၀က်ဘ်ဆိုဒ်တွေ မရှိတာ မဟုတ်ဘူး။ ရှိတာကိုမသုံးဘဲ Facebook ကို အားကိုးတာ။ Facebook မှာတင် နာမည်တူ၊ ဓာတ်ပုံတူတွေနဲ့ ရောချပြီး သတင်းမှားဖြန့်၊ မဟုတ်မမှန် လုပ်နေတာတွေကို မသိတာမဟုတ်။ သိသိနဲ့ သတင်းမှားဖြန့်၊ မဟုတ်တာလုပ်တာကိုလည်း တိုင်မှ အရေးယူ ဆိုတော့လည်း...“Facebook ဆိုတာ သတင်းဖြန့်ချိတဲ့နေရာမှ မဟုတ်တာ။ သတင်းဖြန်ဖို့က သတင်း ၀က်ဘ်ဆိုဒ်တွေ မရှိတာ မဟုတ်ဘူး။ ရှိတာကိုမသုံးဘဲ Facebook ကို အားကိုးတာ။ Facebook မှာတင် နာမည်တူ၊ ဓာတ်ပုံတူတွေနဲ့ ရောချပြီး သတင်းမှားဖြန့်၊ မဟုတ်မမှန် လုပ်နေတာတွေကို မသိတာမဟုတ်။ သိသိနဲ့ သတင်းမှားဖြန့်၊ မဟုတ်တာလုပ်တာကိုလည်း တိုင်မှ အရေးယူ ဆိုတော့လည်း လမ်းကြောင်းလွဲနေသလားလို့လေ။ Facebook မှာ သတင်းခေါင်းစဉ် အချက် အလက် နည်းနည်းထုတ်ပြန်ပြီး အတိအကျကို ၀က်ဘ်ဆိုဒ်မှာ ထုတ်ပြန်တာမျိုး ဖြစ်သင့်တာ။ ဘယ်အစိုးရမှ Facebook ကနေသတင်းထုတ်ပြန်တယ်ဆိုတာ မလုပ်ဖူးလေ” ဟု ဆွီဒင်နိုင်ငံ ရောက် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး နည်းပညာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူ ဦးမင်းကျော်က ဆိုထားပါတယ်။
မြန်မာပြည်က နက်တီဇင်တွေရဲ့ ရာခိုင်နှုန်းအများစုဟာ Facebook သုံးတဲ့အတွက် Facebook ကို အခြေခံပြီး သတင်းအချက်အလက် ဖြန့်ဝေမှုက ပိုပြီး ထိရောက်တယ်လို့ ပြောဆိုသူတွေ ရှိပေမယ့်လည်း အစိုးရတစ်ရပ်အနေနဲ့ Facebook သုံး သတင်းဖြန့်ဖြူးခြင်းဟာ မဖြစ်သင့်တဲ့ကိစ္စ တစ်ရပ်ပါ။ အစိုးရရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေကနေ သတင်းထုတ်ပြန်ခြင်းကသာလျှင် တရားဝင် ဖြစ်ပြီး လူမှုကွန်ရက် Facebook ပေါ် ဖြန့်နေတဲ့ အချက်အလက်တွေဟာ နိုင်ငံတကာအဆင့် အနေနဲ့ ကြည့်မယ်ဆိုရင် တရားမ၀င်ပါဘူး။
ဝန်ကြီးချုပ်သစ် သတင်းအား အချိန်နှင့်တစ်ပြေးညီ ဖော်ပြနေသည့် မန္တလေးတိုင်းအစိုးရ ၀က်ဘ်ဆိုက်အား ၂၀၁၆ ခုနှစ် မေလ ၂၀ ရက်တွင် တွေ့ရစဉ် |
ဒီဘက်ရုံးကနေ ပါဝါပွိုင့်နဲ့ သေချာလုပ်လာ၊ ၀န်ကြီးအစည်းဝေးရောက်တော့ ပါဝါပွိုင့်က စာတွေလွဲကုန်လို့ အဆင်မပြေတာတွေ ဖြစ်နေ၊ ကြုံနေတာတွေကို အရင်စရမှာ။ ၀န်ကြီးတွေ ကိုယ်တိုင်လည်း သုံးတတ်အောင် အရင် လေ့လာဖို့လိုသေးတယ်။ လက်ရှိ ၀န်ကြီးနဲ့ ဒုဝန်ကြီး အပါး ၃၀ ကျော်မှာ တကယ်တမ်း အီးမေလ်းသုံးနေသူ ၁၀ ယောက်တောင် ရှိပါ့မလားပဲ။ ၀န်ကြီးတွေကိုယ်တိုင် အချက်အလက်ရှာကြည့်ဖို့ ညွှန်းသင့်တယ်။ သူတို့ဌာနထဲမှာတင် သတင်းအချက်အလက် စီးဆင်း နိုင်အောင် အရင်ကြိုးစားပြီးသာ e-Government ဖြစ်ဖို့ နောက်တစ်ဆင့် လုပ်နိုင်မှာ ...“အစိုးရဝက်ဘ်ဆိုဒ်တွေမှာ သတင်းထုတ်ပြန်ဖို့က မလွယ်သေးဘူး။ ရုံးတိုင်းမှာ ဝက်ဘ်ဆိုဒ်ကိုင်သူ သီးသန့် မရှိသေးသလို မီး၊ အင်တာနက်နဲ့ ကွန်ပျူတာ ကောင်းကောင်း မရှိသေးဘူးလေ။ ဝက်ဘ်ဆိုဒ်တွေကိုက ကုမ္ပဏီတွေကိုပဲ ပေးပြီးလုပ်ခိုင်းနေရတာ။ ဝက်ဘ်ဆိုဒ်ကိုင်သူတချို့ဆို မြန်မာစာတောင် ဖြောင့်အောင် မရိုက်တတ်သေးဘူးလေ။ စာစီစာရိုက်တာတောင် နည်းမှန် လမ်းမှန်ရိုက်ပြီး စနစ်တကျသိမ်းဆည်းဖို့ မလုပ်နိုင်သရွေ့ မလွယ်ဘူး။ နောက်တဆင့်မှ ဇော်ဂျီလား၊ မြန်မာ၃ လား သင်ရမှာ။ ဇော်ဂျီမှာတင် ဇော်ဂျီစာလုံး ၃ ခုလောက် မြန်မာ ၃ မှာကလည်း ၃မျိုးလောက် ရိုက်ထားတာကိုဘဲ ပြန်ဖတ်ရင် လွဲနေတာမျိုး။ ဒီဘက်ရုံးက မြန်မာ ၃ နဲ့ ရိုက်ထားတာ ဟိုဘက်ရုံးက မြန်မာ ၃ နဲ့ စနစ်တကျမဖြစ်လို့ ပြန်ပြင်ရတာမျိုး။ ဒီဘက်ရုံးကနေ ပါဝါပွိုင့်နဲ့ သေချာလုပ်လာ၊ ၀န်ကြီးအစည်းဝေးရောက်တော့ ပါဝါပွိုင့်က စာတွေလွဲကုန်လို့ အဆင်မပြေတာတွေ ဖြစ်နေ၊ ကြုံနေတာတွေကို အရင်စရမှာ။ ၀န်ကြီးတွေ ကိုယ်တိုင်လည်း သုံးတတ်အောင် အရင် လေ့လာဖို့လိုသေးတယ်။ လက်ရှိ ၀န်ကြီးနဲ့ ဒုဝန်ကြီး အပါး ၃၀ ကျော်မှာ တကယ်တမ်း အီးမေလ်းသုံးနေသူ ၁၀ ယောက်တောင် ရှိပါ့မလားပဲ။ ၀န်ကြီးတွေကိုယ်တိုင် အချက်အလက်ရှာကြည့်ဖို့ ညွှန်းသင့်တယ်။ သူတို့ဌာနထဲမှာတင် သတင်းအချက်အလက် စီးဆင်း နိုင်အောင် အရင်ကြိုးစားပြီးသာ e-Government ဖြစ်ဖို့ နောက်တစ်ဆင့် လုပ်နိုင်မှာ။ ၀န်ကြီး ဌာနတစ်ခုထဲမှာ သတင်းအချက်အလက် အလွယ်တကူ မစီးဆင်းရင် တခြားဝန်ကြီးဌာနတွေနဲ့ ပေါင်းစည်းဖို့ ခက်မယ်” ဟု ဦးမင်းကျော်က ဆိုပါတယ်။