Friday, April 8, 2016

မြန်မာ့အောင်သံ

ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသား၊ တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားများ လွတ်မြောက်ရေး အစွမ်းကုန်ကြိုးစားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ရန်ကုန်၊ ဧပြီ ၇

အကျဉ်းထောင်နှင့် တရားရုံးအသီးသီးတွင် ဖမ်းဆီး၊ တရားစွဲခံထားရသော နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားများ လွတ်မြောက်ရေးမှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော ပြည်သူ့အစိုးရ၏ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပြီး အမြန်ဆုံး လွတ်မြောက်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ဧပြီလ ၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၏ ၁/၂၀၁၆ ထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ ပါရှိခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ထုတ်ပြန်ချက်လည်းဖြစ်သည်။
အောက်ချင်း သတင်းအေဂျင်စီ

မြန်မာ့အောင်သံ

About မြန်မာ့အောင်သံ -

Aung Htun Linn.. TThe Hurrah Myanmar News Agency | မြန်မာ့အောင်သံ.

Subscribe to this Blog via Email :