FAO မှ ထောက်ပံ့ပေးမည့်ပစ္စည်းများအား သယ်ဆောင်လာစဉ်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ) |
ရေဘေးသင့်မှုကြောင့် စိုက်ပျိုးရေးလုပ်ရန်အတွက် အခက်အခဲရှိနေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာ စက်မှုလယ်ယာစံပြကျေးရွာရှိ နေကြာစိုက်တောင်သူ ၆၅၅ ဦးအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO က စိုက်ပျိုးရေးသုံးပစ္စည်းများကို မေလ ၃၀ ရက်တွင် ထောက်ပံ့ကူညီလိုက်သည်။
အဆိုပါ FAO ၏ အကူအညီများကို World Vision အဖွဲ့က တစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယင်းထောက်ပံ့ရေး ပစ္စည်းများ မပေးအပ်မီ မတ်လ ၂၉ ရက်ကလည်း စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များနှင့် ပတ်သက်၍ သင်တန်းများလည်း ပေးခဲ့သေးသည်။
ရွာသူရွာသားများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်နေစဉ်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ) |
FAO မှ ထောက်ပံ့သည့်ပစ္စည်းများအား ရွာသားများက တစ်ဦးချင်းစီအလိုက် လက်မှတ်ထိုး ထုတ်ယူနေကြစဉ်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ) |
“ရေဘေးသင့်တဲ့ တောင်သူတွေကို အခုလို ထောက်ပံ့တာ အင်မတန်ကို ၀မ်းသာပါတယ်။ လက်တွေ့ သူတို့ကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ ပေးတယ်။ တိုက်ရိုက်ယူတဲ့ စနစ်ပါ။ လူတွေလက်ထဲကို တိုက်ရိုက်ရောက်တဲ့စနစ်ပါ” ဟု ထောက်ပံ့ရေးပစ္စည်းများ ရရှိခဲ့သူ ဒေသခံ ဦးသန်းညွန့်ဦးက အောက်ချင်း သတင်းအေဂျင်စီသို့ ပြောသည်။
FAO မှ ထောက်ပံ့ပေးသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများ။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ) |
သန့်ဇင်ဆွေ (အောက်ချင်းသတင်းအေဂျင်စီ)