ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေအား ဒုသမ္မတအဖြစ် တပ်ဘက် ကိုယ်စားလှယ်အစုအဖွဲ့ ရွေးချယ်
ရန်ကုန်၊ မတ် ၁၁
လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေအား တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့၏ ဒုသမ္မတအဖြစ် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က မတ်လ ၁၁ ရက်တွင် ရွေးချယ်လိုက်သည်။
|
ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ |
နေပြည်တော် ဆင်ဖြူရှင်ခန်းမတွင် ပြုလုပ်သည့် ဒုသမ္မတ ရွေးချယ်ရေးအခမ်းအနားတွင် တပ်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သန်းလွင်က အဆိုပြုကာ ဗိုလ်မှူးချုပ် တင်စန်းနိုင်က ထောက်ခံခဲ့ပြီးနောက် ကန့်ကွက်သူ မရှိသဖြင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းနှင့် လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေအား တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့၏ ဒုသမ္မတအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ဦးမြင့်ဆွေမှာ၂၀၁၂ ခုနှစ်လည်း ဒုသမ္မတအဖြစ် သီဟသူရ ဦးတင်အောင်မြင့်ဦးနေရာတွင် တာဝန်ထမ်းဆောင်ရန် အမည်စာရင်း တင်သွင်းခံခဲ့ရဖူးသော်လည်း ၎င်း၏ သားသမီးတစ်ဦးမှာ နိုင်ငံခြားသားအဖြစ် ခံယူထားသည့်အတွက် ပုဒ်မ ၅၉ (စ) နှင့် ငြိစွန်းနေသည့်အတွက် ဒုသမ္မတဖြစ်ခွင့် မရခဲ့သူလည်း ဖြစ်သည်။
|
ဓာတ်ပုံ - မြဝတီ |
|
ဓာတ်ပုံ - မြဝတီ |
|
ဓာတ်ပုံ - မြဝတီ |
|
ဓာတ်ပုံ - မြဝတီ |
ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်ကာလတွင်လည်း ကျူးကျော်တဲများအား အတင်းအဓမ္မ ဖျက်ဆီးမှု၊ မြေယာသိမ်းမှု၊ ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စ၊ ဒဂုံစီးတီး အိမ်ယာကိစ္စများကြောင့် ဝေဖန်ခံခဲ့ရသူဖြစ်ပြီး အဆိုးဝါးဆုံး ဝေဖန်ခံရမှုမှာ မြို့တော်ခန်းမရှေ့ လက်ပက်နီဝတ် လူရမ်းကားများသုံးကာ ဆန္ဒပြနေသူများအား အကြမ်းဖက်ဖြိုခွဲခဲ့သည့် ကိစ္စ ဖြစ်သည်။ အဆိုပါ လက်ပက်နီအကြမ်းဖက်ဖြိုခွဲမှုကို ကော်မရှင်ဖွဲ့ စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း တစ်နှစ်ကျော်သည့်တိုင် ထူးခြားမှု မရှိခဲ့ပေ။
အောက်ချင်း သတင်းအေဂျင်စီ
About မြန်မာ့အောင်သံ -
Aung Htun Linn.. TThe Hurrah Myanmar News Agency | မြန်မာ့အောင်သံ.