ပိတ်ပင်တားမြစ်ခြင်း လုံးဝမရှိသည်ကို မှန်ကန်သော လွတ်လပ်ခြင်းဟု မခေါ်ဆိုနိုင်ချေ။ မည်သူမဆို မိမိလုပ်သင့်လုပ်ထိုက်၊ ပြုသင့်ပြုထိုက်သော အလုပ်ခပ်သိမ်းတို့ကို အတားအဆီး အချုပ်အချယ်မရှိဘဲ ပြုလုပ်နိုင်ခြင်းပင်လျှင် မှန်ကန်သော လွတ်လပ်ခြင်းပင် ဖြစ်ပေသည်။
လူသည် လူ့အစုအဖွဲ့အတွင်း နေနိုင်ရန် အများကောင်းကျိုးအဖို့ငှာ အများလိုက်နာရမည့် စည်းကမ်းဥပဒေသများ ရှိရပေလိမ့်မည်။ လူ့အသက်ကို မသတ်ရဟု တားမြစ်ခြင်းသည် သင်၏ လွတ်လပ်မှုအား ချုပ်ချယ်ထားခြင်းဟု မယူဆသင့်။ ထို့နည်းတူ အများကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုးအတွက် သင်၏ သားသမီးများအား ပညာသင်ကြားပေးရမည်ဟု ဥပဒေက ညွှန်ကြာထားခြင်းသည် သင်၏ လွတ်လပ်မှုကို ယုတ်လျော့စေလိမ့်မည် မဟုတ်။
လူသည် ချုပ်ချယ်မှုများလျှင် မကြီးပွားနိုင်။ ထို့နည်းတူ ချုပ်ချယ်မှု မရှိပါကလည်း လူ့အဖွဲ့အစည်းတွင်း ကမောက်ကမမှုများ ဖြစ်ပေါ်စေနိုင်သည်။
ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - အီအေ၊ ဘီအီးဒီ)
လူသည် လူ့အစုအဖွဲ့အတွင်း နေနိုင်ရန် အများကောင်းကျိုးအဖို့ငှာ အများလိုက်နာရမည့် စည်းကမ်းဥပဒေသများ ရှိရပေလိမ့်မည်။ လူ့အသက်ကို မသတ်ရဟု တားမြစ်ခြင်းသည် သင်၏ လွတ်လပ်မှုအား ချုပ်ချယ်ထားခြင်းဟု မယူဆသင့်။ ထို့နည်းတူ အများကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုးအတွက် သင်၏ သားသမီးများအား ပညာသင်ကြားပေးရမည်ဟု ဥပဒေက ညွှန်ကြာထားခြင်းသည် သင်၏ လွတ်လပ်မှုကို ယုတ်လျော့စေလိမ့်မည် မဟုတ်။
လူသည် ချုပ်ချယ်မှုများလျှင် မကြီးပွားနိုင်။ ထို့နည်းတူ ချုပ်ချယ်မှု မရှိပါကလည်း လူ့အဖွဲ့အစည်းတွင်း ကမောက်ကမမှုများ ဖြစ်ပေါ်စေနိုင်သည်။
Photo by clsc.soceco.uci.edu |