Wednesday, March 9, 2016

မြန်မာ့အောင်သံ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ကလေးမြို့တွင် ကျင်းပ

ကလေး၊ မတ် ၈

မတ်လ ၈ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲတစ်ရပ်ကို ကလေးမြို့ သိမ့်ခန်းမတွင် မတ်လ ၈ ရက်က ပြုလုပ်ခဲ့ရာ ကဗျာဆရာ (ဦး) စောဝေနှင့် စာရေးဆရာမ မသီတာ (စမ်းချောင်း) တို့ တက်ရောက် ဟောပြောခဲ့သည်။
ကဗျာဆရာ (ဦး) စောဝေ ဟောပြောနေစဉ်။ ဓာတ်ပုံ - ပိုင်စိုး
တက်ရောက်လာသည့် ပရိသတ်များ။ ဓာတ်ပုံ - ပိုင်စိုး
အဆိုပါ စာပေဟောပြောပွဲကို အထက်ချင်းတွင်း လူငယ်ကွန်ယက်နှင့် အရုဏ်ဦးအဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကဗျာဆရာ (ဦး) စောဝေက "မိန်းမဆိုတာ စံပယ်တစ်ခင်းကြယ်တစ်စင်း" ၊ စာရေးဆရာမ မသီတာ (စမ်းချောင်း) က "ကံမှသည် ကတ္တားဆီသို့" ခေါင်းစဉ်ဖြင့် ဟောပြောရာ ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့သည်။
စာရေးဆရာမ မသီတာ (စမ်းချောင်း) ဟောပြောနေစဉ်။ ဓာတ်ပုံ - ပိုင်စိုး
တက်ရောက်လာသည့် ပရိသတ်များ။ ဓာတ်ပုံ - ပိုင်စိုး
ထို့ပြင် မြို့ခံကဗျာဆရာတစ်ဦးဖြစ်သူ ကိုဇော်(ကလေးမြို့)ကလည်း သူ၏ ရိုစီအမည်ရှိ ကဗျာကိုလည်း စာပေဟောပြောပွဲ၌ ရွတ်ဆိုပြခဲ့သည်။

အောက်ချင်း သတင်းအေဂျင်စီ

မြန်မာ့အောင်သံ

About မြန်မာ့အောင်သံ -

Aung Htun Linn.. TThe Hurrah Myanmar News Agency | မြန်မာ့အောင်သံ.

Subscribe to this Blog via Email :