ရန်ကုန်၊ မတ် ၁၄
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ လက်ရှိ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်အား အာဏာပိုင်များက နေအိမ်အကျယ်ချုပ် ချထားစဉ် ၁၉၉၁ ခုနှစ်အတွင်း တောခိုကျောင်းသားများနှင့် ရန်ကုန်ရှိ ပြောက်ကြားကျောင်းသားများက သူမအား ကယ်တင်ရန် အတွက် စစ်ဆင်ရေးတစ်ရပ် စီစဉ်ခဲ့သည်။ ယင်းစစ်ဆင်ရေးကို “ပင့်ကူနီ” စစ်ဆင်ရေးဟု အမည်ပေးခဲ့သည်။
အဆိုပါ စစ်ဆင်ရေးကို စစ်ဆင်ရေးပြုလုပ်မည့် ကျောင်းသားများ၊ KNU ဥက္ကဋ္ဌ စောဗိုလ်မြနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ဘရန်ဆိုင်းတို့ ပါဝင်ခဲ့သည်ဟု စစ်ဆင်ရေးတာဝန်ခံ ကိုမင်းဟန်က အတိအကျ ပြောဆိုထားသည်။
ယင်းစစ်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ပတွင် စတင်အခြေစိုက် တည်ထောင်ခဲ့သော မဇ္ဈိမသတင်းဌာနတွင် "ထွန်းထွန်း"အမည်ဖြင့် ဖော်ထုတ်ရေးသားခဲ့ရာ အောက်ချင်းသတင်းအေဂျင်စီ၏ စာဖတ်ပရိသတ်များလည်း သိရှိနိုင်စေရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အောင်ထွန်းလင်း (အောက်ချင်း သတင်းအေဂျင်စီ)
စစ်ဆင်ရေးတွင် ထိုင်း-မြန်မာနယ်စပ်အနီး တောထဲတွင် အခြေစိုက်သော ကျောင်းသားတပ်မတော် ABSDF တပ်ဖွဲ့ဝင်အချို့နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များ ပါဝင်ခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆင်ရေး ဥက္ကဋ္ဌဖြစ်ခဲ့သူက မဇ္ဈိမကို ပြောသည်။
ဖွဲ့စည်းမည့် စင်ပြိုင်အစိုးရအနေဖြင့် အာဏာရှင်စစ်တပ်ထံမှ စစ်သားများအား စည်းရုံးသိမ်းသွင်းရန် မျှော်လင့်ခဲ့ကြသည့်အပြင် အာဏာချိန်ခွင်လျှာ ပြောင်း လဲရေးကိုလည်း မျှော်လင့်ခဲ့သည်။ သို့သော်လည်း ယင်းစီမံကိန်းမှာ ပေါက် ကြား သွားသည့်အတွက် စစ်ဆင်ရေးတွင် ပါဝင်ခဲ့သူများ အဖမ်းခံခဲ့ရသည်။
“ကျနော်တို့ ယုံကြည်တဲ့ခေါင်းဆောင်က သူတို့လက်ထဲမှာ ရှိနေတဲ့အတွက် ဓားစာခံထားပြီးတော့ ကျနော်တို့က လုပ်ရတဲ့ သဘော ဖြစ်နေတယ်။ အကယ်၍များ အန်တီက သဘောတူခဲ့ရင် အန်တီ့ကို လွတ်မြောက်တဲ့ နယ်မြေ တနေရာမှာ ထားပြီးတော့ အစိုးရဖွဲ့ပြီးတော့ ကျနော်တို့က တရားဝင် နောက်ဖွဲ့တဲ့ အစိုးရတပ်အဖြစ် သစ္စာခံပြီး ရပ်တည်ကြဖို့” ဟု “ပင့်ကူနီ” စစ်ဆင်ရေးဥက္ကဋ္ဌဖြစ်သူ ကိုမင်းဟန်က ပြန်ပြောင်းပြောပြသည်။
သို့သော် စစ်ဆင်ရေးမှာ အကောင်အထည် မပေါ်မီမှာပင် ပြိုကျခဲ့သည်။ စစ်ဆင်ရေး ဥက္ကဋ္ဌဖြစ်သူ ကိုမင်းဟန်မှာ လည်း ၁၉၉၁ ခုနှစ်တွင် ဖမ်းဆီးခံရကာ သေဒဏ် အပြစ်ပေးခံခဲ့ရသည်။ သို့သော် ယခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့က သမ္မတ၏ လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာချိန် တွင် ငြိမ်းချမ်းစွာဖြင့် သူဖြစ်ချင်သည့် စာပေထုတ်လုပ်မှု လုပ်ငန်းများနှင့် မီဒီယာသမား တယောက် အဖြစ်သာ အေးချမ်းစွာ နေထိုင်သွားလိုတော့သည်။
“ပင့်ကူနီ” အထူးလျှို့ဝှက်စစ်ဆင်ရေးတွင် ကရင်အစည်းအရုံး KNU မှ ခေါင်းဆောင်တဦးဖြစ်သူ စောဗိုလ်မြနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA မှ ဥက္ကဋ္ဌဖြစ်ခဲ့သူ ဗိုလ်ချုပ် ဘရန်ဆိုင်းတို့လည်း ပါဝင်ခဲ့ကြောင်း ကိုမင်းဟန်က အခိုင်အမာ ပြောဆိုသည်။ ယင်းအချိန်က ဒေါ်အောင်ဆန်း စုကြည်မှာ စစ်အစိုးရ၏ အရေးပေါ် လုံခြုံရေး ဥပဒေဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့မှစ၍ ဖမ်းဆီးခံထားရချိန် ဖြစ်သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်ကကော လက်ခံမှာလား၊ လက်မခံဘူးလား ဆိုသည်ကိုတော့ မည်သူမျှ မသိရှိဘဲ ဖြစ်နေသည်။ သို့အတွက် စစ်ဆင်ရေး ရေးဆွဲသူများက ရန်ကုန်မြို့ရှိ အင်းစိန်ထောင်၊ အစိုးရနှင့် ဆက်စပ် လုပ်ကိုင်နေသည့် စီးပွားရေး ကုမ္ပဏီများအား ဦးစွာဖောက်ခွဲ၍ အစိုးရမှ သတင်းစာ ရှင်းလင်းပွဲ ဖြစ်ပေါ်စေရန် ဖန်တီးရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့် ကျောင်းသားများထံ ဒေါ်အောင်ဆန်းစုကြည်က တစုံတရာ သတင်းစကား ပါးလာလိမ့်မည်ဟု ယုံကြည်နေကြသည်။
“အဓိက ပြဿနာက ဘာလဲဆိုတော့ အန်တီက ကျနော်တို့ လုပ်ရပ်ကို သဘောတူမှာလား၊ မတူဘူးလား။ အန်တီ့ သဘောထား ဘယ်လို ရှိသလဲ ဆိုတာကျတော့ ဘယ်သူကမှ တာဝန် မယူရဲဘူးလေ။ မယူရဲတဲ့ အခါကျတော့ ကျနော် က အန်တီ့ဆီက သတင်းတခု ထွက်လာအောင် စီမံကိန်း တခုကို ရေးဆွဲမယ်ဆိုတဲ့ သဘောပါ” ဟု ကိုမင်းဟန်က ဆိုသည်။
“ကျနော်တို့က အချိန် ပြန်ယူပြီး စောင့်မှာကိုး။ စောင့်တဲ့အချိန်မှာ အန်တီ့သဘောထားက ဘာမှမပြောဘူး၊ ဒါမှမဟုတ် Yes လို့ ယူဆရတဲ့ အခြေအနေ တရပ်ကို မီးမောင်းထိုးပြမယ်ဆိုရင် ကျနော်တို့က နောက်ထပ် စစ်ဆင်ရေးတရပ်နဲ့ အဲဒီကို ဝင်တော့မှာ” ဟု ပြောဆိုသည်။
ဖောက်ခွဲရေးအတွက် ကိုမင်းဟန်နှင့်အတူ ဗိုလ်တိုးလင်း (ခ) သီဟတို့နှစ်ဦးမှာ KNU အခြေစိုက်ရာ ကရင်ပြည်နယ် မာနယ်ပလောစခန်းမှ ရန်ကုန်မြို့သို့ ဆင်းလာခဲ့ခြင်း ဖြစ်သည်။ ဖောက်ခွဲရေးသင်တန်းလည်း တက်ခဲ့ဖူးပြီး လောင်ချာ၊ ရှေ့ထွက်မိုင်းအပါအဝင် အခြားလက်နက်များ အသုံးပြုနည်းများလည်း သင်ယူခဲ့သည်။
စစ်ဆင်ရေး ဥက္ကဋ္ဌဖြစ်သူ ကိုမင်းဟန်မှာ ရှစ်လေးလုံး အရေးအခင်းမတိုင်ခင်က စာပေလောကသား တဦးဖြစ်ကာ ဂီတကောင်စီမှ ထုတ်ဝေသည့် “ဂီတပဒေသာမဂ္ဂဇင်း” တွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ယင်းမဂ္ဂဇင်းကို ယမုန်နာစာအုပ်တိုက်မှ ထုတ်ဝေခြင်းဖြစ်ကာ ပိုင်ရှင်မှာ ၎င်း၏ ဖခင် ဖြစ်သည်။ ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ကျ ခဲ့သည့်အတွက် တက္ကသိုလ်ဝင်တန်းဖြင့် ကျောင်းထွက်ကာ ၁၉၈၆ မှစ၍ စာပေလောကထဲ ဝင်လာသူ ဖြစ်သည်။
ယင်း၏ စာပေလွတ်လပ်ခွင့်နှင့် ပတ်သက်၍ “သူက တက်တက်ကြွကြွရှိတယ်။ တချို့အပိုင်းတွေမှာတော့ ကြမ်းကြမ်းတမ်းတမ်းလေးပေါ့။ သူက မျက်မှန်အထူကြီးတပ်ရတာဗျ။ သူက ပါဝါအဝေးကြည့်၊ အနီးကြည့် မဟုတ်ဘူး။ အဲဒီလို မျက်မှန်ကြီးနဲ့ လူကောင်က ထွားထွားပဲ” ဟု ကိုမင်းဟန်နှင့် ကျောင်းသား ဘဝကတည်းက ရင်းနှီးခဲ့သူ ကိုသက်ဦး က ပြန်ပြောပြသည်။
သူက ဆက်ပြီး “သူက ထောင်ထဲမှာ အာဏာပိုင်တွေကို Fight တယ်။ သတင်း အချက်အလက်တွေကို စုဆောင်း တယ်။ စာပေနဲ့ ပတ်သက်တဲ့ဟာတွေကို ထောင်ထဲမှာ လုပ်တယ်။ ဒါ သူ့ရဲ့ ထောင်ထဲမှာ လုပ်တဲ့ အပိုင်းလေးတွေပေါ့။ ထွက်ထွက်လာချင်းကတည်းကလည်း ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အပိုင်းကို စိတ်ဆန္ဒ အရမ်း ပြင်းပြနေတယ်” ဟု ဆိုသည်။
အာဏာရှင် ဆန့်ကျင်ရေး ၁၉၈၈ ခုနှစ်အပြီး၊ ၁၉၉၀ ပြည့်နှစ်တွင် ပထမဆုံး လွတ်လပ်သော ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကျင်းပ ရာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD မှ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် မဲအပြတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ရလဒ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပြီး အမတ်များမှာ အခြေခံ ဥပဒေရေးဆွဲရာတွင်သာ ပါဝင် လုပ်ကိုင်ရမည်ဟု ဆိုခဲ့သည်။ ဆက်တိုက် ဆိုသလိုပင် အဖမ်းအဆီးများလည်း ပိုက်စိတ်တိုက် လာခဲ့ရာက NLD အမတ် တချို့က ကြားဖြတ် အစိုးရသစ် ထူထောင်ရန် အတွက် ကြိုးပမ်းခဲ့ကြသည်။
“အန်တီ ကျနော်တို့နဲ့အတူ အတူတကွ လိုက်ခဲ့မယ် ဆိုရင်တော့ နိုင်ငံရေး အခြေအနေက တမျိုး ပြောင်းလဲသွားမှာပေါ့” ဟု “ပင့်ကူနီ” စစ်ဆင်ရေးခေါင်းဆောင် ကိုမင်းဟန်က ပြန်ပြောပြသည်။
စစ်ဆင်ရေးက မစမီမှာပင် ပေါက်ကြားသွားခဲ့ပြီး အဖမ်းခံရကာ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကိုမင်းဟန် အပါအဝင် ၁၅ ဦးမှာ နိုင်ငံတော် ပုန်ကန်မှုဖြင့် အပြစ်ပေးခံရသည်။ ကိုမင်းဟန် အပါအဝင် ငါးဦးမှာ သေဒဏ်နှင့် ကျန် ၁ဝ ဦးမှာ တသက်တကျွန်း အဖြစ် ပြစ်ဒဏ်ကျ ခဲ့သည်။ သို့သော် သေဒဏ်ကျသူများမှာ ၁၉၉၄ ခုနှစ်တွင် ကျွန်းဒဏ်သို့ ပြောင်းလဲခဲ့ရာမှ ယခုအချိန်မှ ပြန်လည်လွတ်မြောက် လာခြင်း ဖြစ်သည်။
ဖောက်ခွဲရေးပစ္စည်းများ လက်လွှဲရယူရန်အတွက် ပြင်ဆင်ထားချိန်ဖြစ်ကာ ရန်ကုန်မြို့ တာမွေမြို့နယ် ၁၆၅ လမ်းရှိ ကိုမင်းဟန်၏ နေအိမ်သို့ ကွန်မန်ဒိုတပ်သား ငါးဦးနှင့် လမ်းထိပ် တဘက်တချက်စီတွင် စစ်ကားတစီးစီဖြင့် ပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“အဲဒီတုန်းက ကျနော်တို့အိမ်မှာ ဘာလက်နက်မှ ရှိမနေဘူး။ ကျနော်တို့က လူတွေချည်းပဲ မိတာ။ ဒါပေမဲ့လည်း သူတို့ကလည်း ထင်တာက ဆောင်ထားလိမ့်မယ်လို့ ထင်တယ်။ အဲဒါနဲ့ အိမ်ကို လာဝိုင်း တယ်ပေါ့။ အဲဒီအချိန် ကျနော်က ထမင်းစားနေတုန်း။ ထမင်းစားတဲ့အချိန်မှာပဲ ကျနော့်အနားကို လာပြီးတော့ ပစ္စတိုနဲ့ တေ့ပြီး ကျနော့်ကို ဖမ်းသွားတာ။” ဟု ကိုမင်းဟန်က ပြန်ပြောပြသည်။
သူက ဆက်ပြီး “ကျနော် ထောင်ထဲရောက်သွားပြီးမှတော့ ကျနော်တို့ ကြားရတာပေါ့။ အန်တီက Message တခု ပေး တယ်။ အဲဒါ ဘာလဲဆိုတော့ အန်တီတို့ လာတွေ့တဲ့ အတွင်းထဲက လူတယောက်နဲ့ မှာလိုက်တယ်။ အဲဒီမှာ အန်တီက ပြောတယ်လို့ ပြောတယ်။ ကျောင်းသားတွေ ကျမကို ကယ်ဖို့ ကြိုးစားနေတယ်။ ကျမ ဒုက္ခ မရောက်ပါဘူးလို့ အန်တီ က ပြောလိုက်တယ်။ အဲဒီလို မက်ဆော့ခ်မျိုးပေါ့ဗျာ။ အဲဒီဟာသာ အမှန်ဆိုရင် အန်တီကို ကယ်ဖို့ စီမံကိန်းက ကျနော် တို့ ဖျက်လိုက်ပြီ၊ သေချာတယ်။” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်ဖို့ သို့မဟုတ် နိုင်ငံအပြင် လွတ်လပ်ရာကို ခေါ်ဆောင်ဖို့ ကြိုးစားတာကတော့ ယခုတကြိမ်တည်းသာ မဟုတ်ပေ။ နောက် ဆယ်စုနှစ် နှစ်ခုနီးပါးတွင်လည်း အလားတူ ကြိုးပမ်းမှု ဖြစ်ပေါ်ခဲ့သေးသည်။
အသက် (၅၄) နှစ်အရွယ် အမေရိကန်နိုင်ငံသာ ဂျွန်ဝီလျံ ယက်ထောဆိုသူမှာ ၂၀၀၉ ခုနှစ် မေလ ၃ ရက်နေ့တွင် ငါးလီတာဝင် ရေသန့်ဘူးအား အသုံးပြု၍ အင်းလျားကန်ကို ဖြတ်ကူးကာ နေအိမ်ဝင်းအတွင်း ဝင်ရောက်ခဲ့ခြင်း ဖြစ် သည်။ နေအိမ်တွင် သုံးရက်ကြာနေထိုင်ပြီး ပြန်အထွက် ရေပြင်တွင် ရဲက တွေ့ရှိရာက ဖမ်းဆီးမိခဲ့သည်။
၎င်းနှင့် အတူ နိုင်ငံကူးလက်မှတ်တခု၊ အနက်ရောင် ကျောပိုးအိတ်တလုံး၊ ဓာတ်မီးတလက်၊ ခေါက်ပလာယာ တလက်၊ Canon ကင်မရာ တလုံး၊ အမေရိကန်ဒေါ် ၁၀၀ တန် နှစ်ရွက်နှင့် မြန်မာငွေကျပ် ၁၀၀၀ တန် ၉၃ ရွက်တို့ကို ပါ တပါတည်း ဖမ်းမိခဲ့သည်။ ဂျွန်ယက်ထောမှာ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခဲ့ရစဉ်အတွင်း အစ္စလာမ် အမျိုးသမီးများ ဝတ်ဆင်သည့် မျက်နှာအုပ် ဝတ်စုံနှစ်ထည်နှင့် နေကာမျက်မှန်များ ပေးအပ်ခဲ့ကြောင်း၊ ယင်းပစ္စည်း များကို ဝတ်ဆင်မည်ဆိုပါက မည်သူမှန်း မှတ်မိနိုင်တော့မည် မဟုတ်ကြောင်း ၂ဝဝ၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် အစိုးရ သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီက ပြောကြားခဲ့သည်။
ယင်းအပြင် ယက်ထောမှာ ဆင်းရဲသူတဦး ဖြစ်သည့် အတွက် မြန်မာနိုင်ငံသို့ လာရောက်ရန် ကုန်ကျမှုများကိုလည်း နောက် ကွယ်မှ ကူညီပံ့ပိုးပေးသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ ရှိနိုင်ကြောင်း ရဲချုပ် ခင်ရီက ပြောဆိုသည်။ သို့သော် ယက်ထောကမူ မိမိအနေဖြင့် ယခုကဲ့သို့ ဝင်ရောက်လာရ ခြင်းမှာ “အကြမ်းဖက်အုပ်စု တခုမှ ဒေါ်စုကို အသက်အန္တရာယ် ပြုတော့ မည် ဖြစ်ကြောင်း အာရုံထဲတွင် ပေါ်နေသည့် အတွက် ဘုရားသခင်က စေလွှတ်ခြင်း” ဖြစ်ကြောင်း တရားရုံးတွင် ပြောဆိုခဲ့သည်။
ယင်းကဲ့သို့ ဂျွန်ယက်ထော ဝင်ရောက်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် မှာ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလို သူကို ကူညီမှု ပုဒ်မ ၂၂/၁၀၉ အရ ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမိန့်ဖြင့် ဆိုင်းငံ့ပြစ်ဒဏ် ၁၈ သို့ လျှော့ချပေးခဲ့သည်။
ABSDF ၏ “ပင့်ကူနီစစ်ဆင်ရေး” မှာ ဒေါ်အောင်ဆန်းစုကြည် ကယ်တင်ရေး အတွက် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေး တရပ်သာ ဖြစ်သော်လည်း ယင်းကာလက အာဏာလက်စောင်းထက်သည့် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်အား လုပ်ကြံမည့် အစီအစဉ်အဖြစ်လည်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ဧရာဝတီ သတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် “The Would-Be assassin who couldn't kill” ဆောင်းပါး၌ “၁၉၉၀ နှစ်ဦးပိုင်တွင်း ABSDF မှ စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ အား လုပ်ကြံသတ်ဖြတ်ရန် “သိမ်းငှက်” စစ်ဆင်ရေးဖြင့် စီစဉ်ခဲ့ဖူးကြောင်း၊ ၁၉၉၁ ခုနှစ်တွင်လည်း ကိုမင်းဟန်နှင့် ရဲဘော်တချို့မှာ အလားတူ လုပ်ကြံရေး အစီအစဉ်မျိုးကို အခြား စစ်ဆင်ရေးတရပ် အနေဖြင့် လုပ်ဆောင်ခဲ့ကြောင်း” အောက်တိုဘာလ ၁၀ ရက်တွင် ဖော်ပြထားသည်။
သို့သော် မိမိတို့၏ စစ်ဆင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ရေးသာဖြစ်ပြီး အစိုးရထိပ်ပိုင်း ခေါင်းဆောင် များအား လုပ်ကြံရန် မဟုတ်ကြောင်း၊ စစ်ဆင်ရေးများမှာ အထူးလျှို့ဝှက်ဖြစ်၍ မိမိနှင့်သက်ဆိုင်သည့် စစ်ဆင်ရေးကို သာသိကြောင်း “ပင့်ကူနီ” ဥက္ကဋ္ဌ ကိုမင်းဟန်က ဆိုသည်။
“ကျနော်တို့ဆီမှာ ထုတ်ဝေမယ့် Statement တခု ရှိတယ်ဗျ။ အဲဒီမှာ အချက်ငါးချက် ပါတယ်။ အင်းစိန်ထောင်၊ အစိုးရနဲ့ ဆက်ဆံနေတဲ့ ကုမ္ဗဏီတွေ အဲဒီဟာတွေကို တိုက်ခိုက်မယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်မယ် ဆိုတာ ပါသွားတဲ့အတွက် အဲဒီ ဗိုလ်ခင်ညွန့်တို့ လိုင်းနဲ့ ကျနော်တို့က စစ်ချက်ထဲမှာကို မရှိဘူး။ စစ်ကြောရေး ဝင်တဲ့ကာလမှာလည်း သူတို့က အဲဒီလိုင်းနဲ့ မမေးဘူး။” ဟု စစ်ကြောရေးစခန်းတွင် စစ်မေးခဲ့မှုများနှင့် ပတ်သက်၍ ကိုမင်းဟန်က ပြန်ပြောပြသည်။
ယင်းကာလက ABSDF ၏ ဥက္ကဋ္ဌဖြစ်သူ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်ကလည်း “အဲဒီတုန်းက ကျနော် ABSDF မှာ တာဝန်ယူနေတယ်။ ခင်ဗျားပြောတဲ့ ခုနကရဲဘော်ကို တာဝန်ပေးပြီးတော့ ဗိုလ်ချုပ်ခင်ညွန့်ကို Target ထားပြီး လုပ်ကြံတာတို့ ဘာတို့ကတော့ အဲဒီ Project တော့ ကျနော် မကြားဖူးဘူး။ သိလည်း မသိဘူး ဖြစ်နေတယ်။ အဲဒီလိုမျိုးတော့ မရှိခဲ့ဘူး အမှန်အတိုင်းပြောရရင်။” ဟု မဇ္ဈိမကို ပြောသည်။
ABSDF အနေဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် စစ်အစိုးရအနေဖြင့် အာဏာ စွန့်သွားမည်ဟု မယုံကြည်ကြောင်း၊ တယောက်မရှိလျှင် တယောက် တက်လာမည်သာ ဖြစ်သည့်အတွက် ယင်းလမ်းစဉ်ကို အသုံးမချခဲ့ဟု သိရသည်။
“ပင့်ကူနီ” စစ်ဆင်ရေးကို ၁၉၉၀ နိုဝင်ဘာလမှ စတင်၍ ပြင်ဆင်ခဲ့ခြင်းဖြစ်ကာ ကိုမိုးသီးဇွန် အနေဖြင့် ABSDF ဥက္ကဋ္ဌ ရာထူးအား လွှဲပြောင်းယူချိန် ဖြစ်သည်။ ၎င်းမှာ တပ်အား ထိန်းသိမ်းရန်နှင့် နေရာချထားရေးအတွက် အလုပ်များနေ သည့် အချိန်ဖြစ်ကာ စစ်ဆင်ရေးအား တိုင်းရင်းသား ခေါင်းဆောင်တချို့နှင့် ABSDF အောက်ခြေ အဆင့်များမှ ပူးတွဲ လုပ်ခဲ့ခြင်းသာ ဖြစ်သည်။
စစ်ဆင်ရေး ဥက္ကဋ္ဌဖြစ်သူ ကိုမင်းဟန်မှာ စစ်ဆင်ရေး ပြင်ဆင်ချိန် နှစ်လတာ ကာလအတွင်း ဥက္ကဋ္ဌဖြစ်သူ ကိုမိုးသီးဇွန်နှင့် တကြိမ်သာ တွေ့ဆုံခွင့်ရခဲ့ပြီး စစ်ဆင်ရေးကိစ္စနှင့် ပြောခွင့်မရခဲ့ကြောင်း၊ စစ်ဆင်ရေး အစဦး အနေဖြင့် ဖောက်ခွဲရေး လုပ်ငန်းစဉ် အပြီး ဒေါ်အောင်ဆန်းစုကြည်ထံမှ သတင်းစကား ရမှသာလျှင် အသေးစိတ် တိုင်ပင်ရန် စီစဉ်ခဲ့ကြောင်း ကိုမင်းဟန်က ပြောဆိုသည်။
၁၉၉၁ ခုနှစ်ကာလအတွင်းက ABSDF အပါအဝင် မြန်မာအဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တပ်ပေါင်းစု - National Democratic Front တို့ ပေါင်းစည်းထားသည့် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်ကြီး (မဒတ) DAB အတွင်း စင်ပြိုင် အစိုးရဖွဲ့ရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများလည်း ရှိခဲ့သည်။ ယင်း DAB အဖွဲ့မှာ ၁၉၈၈ နိုဝင်ဘာလ ၁ ရက်နေ့တွင် ABSDF တည်ထောင်အပြီး မကြာခင်တွင် ပေါ်ပေါက်လာသည့် မဟာမိတ် အဖွဲ့ကြီးလည်း ဖြစ်သည်။
“အထူးသဖြင့် ကိုမိုးသီးဇွန်တို့ ဘာတို့စသဖြင့် တပ်ပေါင်းစုမှာ ဆွေးနွေးကြတာ ရှိတယ်။ ဆွေးနွေးကြတဲ့ နေရာမှာ အဓိက အရေးကြီးတာကတော့ DAB ပေါ့။ DAB မှာ KNU အပါအဝင် တချို့ခေါင်းဆောင်တွေက သူတို့ဟာ သူတို့ တောထဲမှာပဲ စင်ပြိုင် အစိုးရဖွဲ့ကြမယ်ဆိုတဲ့ စဉ်းစားချက်တွေ ရှိပါတယ်။ ရှိတဲ့အခါကျတော့ နောက်ပိတ်ဆုံး ထူးခြားချက်တွေ၊ အခြေခံ ဥပဒေမူကြမ်းတွေ၊ တံဆိပ်တုံးတွေ ဘာတွေ အကုန်လုပ်ပြီးသား။” ဟု ယင်းကာလက မာနယ်ပလောတွင် တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ABSDF ကျောင်းသား ကိုအောင်သူငြိမ်းက မဇ္ဈိမကို ပြောသည်။
၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အား မကျေနပ်သည့် ဒေါက်တာ စိန်ဝင်းအပါအဝင် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် တချို့ ကလည်း စင်ပြိုင် အစိုးရ တည်ထောင်ရန် အတွက် အောက်တို ဘာလ ၁ ရက်နေ့တွင် မန္တလေးတွင် လျှို့ဝှက် ဆွေးနွေးကြကာ ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် KNU နှင့် DAB ဌာနချုပ်ဖြစ်သည့် မာနယ်ပလော၌ အဝေးရောက်ညွန့်ပေါင်း အစိုးရ NCGUB ကို ဖွဲ့စည်းခဲ့ကြသည်။ “အဲဒီအချိန်မှာတင် ဒေါက်တာ စိန်ဝင်းတို့၊ အထဲက ရွေးကောက်ပွဲ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေ ရောက်လာတော့ ဒါတွေ အားလုံး သူတို့ကို ပေးလိုက်တယ်။ ပေးလိုက်ပြီးတော့ သူတို့ကို စင်ပြိုင်အစိုးရ ဖွဲ့ပေးလိုက်တယ်ပေါ့ဗျာ။” ဟု ABSDF ၏ ဘုရားသုံးဆူဒေသ နိုင်ငံရေး မှူးလည်း ဖြစ်ခဲ့သူ ကိုအောင်သူငြိမ်းက NCGUB ဖွဲ့စည်းခဲ့ပုံနှင့် ပတ်သက် ၍ ပြန်ပြောပြသည်။
ယင်းကာလက မြန်မာ့ဒီမိုကရေစီရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အား ခေါင်းဆောင်တင်၍ စင်ပြိုင် အစိုးရဖွဲ့မှသာလျှင် အပြောင်းအလဲများ ဖြစ်လာမည်ဟု “ပင့်ကူနီ” စစ်ဆင်ရေးသမားများက ယုံကြည်ထားကြသည်။
ဒေါ်အောင်ဆန်းစုကြည်အစိုးရနှင့် စစ်အစိုးရကြား ထိပ်တိုက် ဖြစ်လာမည်ဆိုပါက ဒီမိုကရေစီ လိုလားသူ တပ်မတော်သားများ ဘက်ပြောင်းလာမယ့်အတွက် ယင်းစစ်ဆင်ရေးအတွက် အလေးတယူ လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။
“အစိုးရနောက်တရပ်ရှိမှ ဒီအစိုးရကို သစ္စာမခံဘူး၊ နောက်အစိုးရကို သစ္စာခံမယ်လို့ ဖြစ်မှာပေါ့။ ကျနော်တို့ က ပလက်ဖောင်းတခု ခင်းပေးရတာပေါ့ဗျာ။ ကျနော်တို့ ယုံကြည်ထားတာက အစိုးရသစ်တရပ် ပေါ်ပေါက်လာရင် တပ်မတော်ထဲမှာလည်း ဒီမိုကရေစီလိုလားတဲ့ ရဲဘော်တွေကလည်း ကျနော်တို့နဲ့ ပူးပေါင်းလာကြလိမ့်မယ်။ အဲဒီ လိုမျိုး ယုံကြည်တာကိုး။ အဲဒါကြောင့် အဲဒါကို တော်တော် အလေးအနက် သဘောထားတာပေါ့ဗျာ။” ဟု စစ်ဆင်ရေးဥက္ကဋ္ဌ ဖြစ်သူ ကိုမင်းဟန်က ဆိုသည်။
သူက ဆက်ပြီး ယင်းကာလက NCGUB ခေါ် စင်ပြိုင်အစိုးရ ဖွဲ့စည်းရန် အတွက် ပြည်တွင်းရှိ လွှတ်တော်အမတ်များ စီစဉ်နေခြင်းကိုလည်း မသိကြောင်းပြောသည်။ ယနေ့အချိန်တွင်မူ “ပင့်ကူနီ” စစ်ဆင်ရေး ကဲ့သို့သော လုပ်ငန်းမျိုး မိမိအနေဖြင့် မပြုလုပ်လိုတော့ကြောင်း၊ ထောင် တွင်း နှစ် ၂၀ ကျော်ကျခဲ့သည့်အတွက် တပ်သဘောအရ ပင်စင်စား နေပြီ ဖြစ်သည့်အတွက် ABSDF မှ ပင်စင်ယူလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ခရိုင် ပြောက်ကျား တာဝန်ခံက ခံယူထားသည်။
“ဘယ်လို အချိန်ကာလမျိုးမှာ ပြန်ဖြစ်လာနိုင်သလဲ ဆိုတော့ အေးအေးချမ်းချမ်း ဆွေးနွေးလို့ နေရဲ့သားနဲ့မှ လပြည့်နေ့က လွတ်လာတဲ့ ရှစ်လေးလုံး အုပ်စုတွေပေါ့ဗျာ။ အဲဒါမျိုးတွေ ပြန်ပြီး အဖမ်းခံလိုက်ရပြီဆိုရင်တော့ တမျိုးပေါ့ဗျာ။ အဲဒါဆိုရင်တော့ ဘာမှ ပြောစမရာ မရှိတော့ဘူး။” ဟု “ပင့်ကူနီ” စစ်ဆင်ရေးဥက္ကဋ္ဌက ဆိုသည်။
လွတ်မြောက်လာချိန်တွင် ငယ်စဉ်ကပင် မျှော်လင့်ခဲ့သည့် ယမုန်နာ စာပေ ပြန်လည် ထူထောင်ရန်နှင့် ဂျာနယ် တစောင် ထုတ်ဝေနိုင်ရေး အတွက် လုပ်ဆောင်သွားမည်ဟု သူက ဆုံးဖြတ်ချက် ချထားသည်။
“ကျနော့်စိတ်ထဲမှာ နိုင်ငံရေးအရ လွတ်လပ်တဲ့ဂျာနယ်တစောင် လုံးဝထုတ်ချင်တာ။ ကျနော် ဒီ Field ထဲကို ဝင်လာရ တဲ့အကြောင်းအရကလည်း အဲဒီစာပေလွတ်လပ်မှု ရှိဖို့ပဲ။ အဲဒါကို ကျနော် သိပ်အဓိကထားတာ၊ တော်တော်လည်း မြတ်နိုးတယ်ပေါ့။” ဟု ကိုမင်းဟန်က ဆိုသည်။
သူကဆက်ပြီး “ဂျာနယ်လစ်တယောက်အနေနဲ့ ဆောင်းပါးရေးသူ၊ ဂျာနယ်ထုတ်ဝေသူ၊ စာရေးဆရာ၊ အဲဒီလိုမျိုး ကျနော်က ရပ်တည်ချင်တာဗျ။ တကယ့် ကျနော့်ရဲ့ ရင်ထဲမှာ ရှိတဲ့ အနာဂတ်ပေါ့ဗျာ” ဟု ပြောသည်။
ထွန်းထွန်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ၏ လက်ရှိ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်အား အာဏာပိုင်များက နေအိမ်အကျယ်ချုပ် ချထားစဉ် ၁၉၉၁ ခုနှစ်အတွင်း တောခိုကျောင်းသားများနှင့် ရန်ကုန်ရှိ ပြောက်ကြားကျောင်းသားများက သူမအား ကယ်တင်ရန် အတွက် စစ်ဆင်ရေးတစ်ရပ် စီစဉ်ခဲ့သည်။ ယင်းစစ်ဆင်ရေးကို “ပင့်ကူနီ” စစ်ဆင်ရေးဟု အမည်ပေးခဲ့သည်။
အဆိုပါ စစ်ဆင်ရေးကို စစ်ဆင်ရေးပြုလုပ်မည့် ကျောင်းသားများ၊ KNU ဥက္ကဋ္ဌ စောဗိုလ်မြနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ဘရန်ဆိုင်းတို့ ပါဝင်ခဲ့သည်ဟု စစ်ဆင်ရေးတာဝန်ခံ ကိုမင်းဟန်က အတိအကျ ပြောဆိုထားသည်။
ယင်းစစ်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ပတွင် စတင်အခြေစိုက် တည်ထောင်ခဲ့သော မဇ္ဈိမသတင်းဌာနတွင် "ထွန်းထွန်း"အမည်ဖြင့် ဖော်ထုတ်ရေးသားခဲ့ရာ အောက်ချင်းသတင်းအေဂျင်စီ၏ စာဖတ်ပရိသတ်များလည်း သိရှိနိုင်စေရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အောင်ထွန်းလင်း (အောက်ချင်း သတင်းအေဂျင်စီ)
ဒေါ်စုကို ကယ်တင်ဖို့ ကြိုးစားတဲ့ “ပင့်ကူနီ” စစ်ဆင်ရေး
နယူးဒေလီ (မဇ္ဈိမ) ။ ။ ၁၉၉၁ ခုနှစ်တွင်းက နေအိမ်အကျယ်ချုပ် ကျခံနေရသည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ရန်အတွက် “ပင့်ကူနီ” အမည်ရ စစ်ဆင်ရေးတရပ်အား လျှို့ဝှက် ရေးဆွဲခဲ့ပြီး စင်ပြိုင်အစိုးရ ထူထောင်ရန်အတွက် ကြိုးစားခဲ့ကြသည်။စစ်ဆင်ရေးတွင် ထိုင်း-မြန်မာနယ်စပ်အနီး တောထဲတွင် အခြေစိုက်သော ကျောင်းသားတပ်မတော် ABSDF တပ်ဖွဲ့ဝင်အချို့နှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များ ပါဝင်ခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆင်ရေး ဥက္ကဋ္ဌဖြစ်ခဲ့သူက မဇ္ဈိမကို ပြောသည်။
ဖွဲ့စည်းမည့် စင်ပြိုင်အစိုးရအနေဖြင့် အာဏာရှင်စစ်တပ်ထံမှ စစ်သားများအား စည်းရုံးသိမ်းသွင်းရန် မျှော်လင့်ခဲ့ကြသည့်အပြင် အာဏာချိန်ခွင်လျှာ ပြောင်း လဲရေးကိုလည်း မျှော်လင့်ခဲ့သည်။ သို့သော်လည်း ယင်းစီမံကိန်းမှာ ပေါက် ကြား သွားသည့်အတွက် စစ်ဆင်ရေးတွင် ပါဝင်ခဲ့သူများ အဖမ်းခံခဲ့ရသည်။
“ကျနော်တို့ ယုံကြည်တဲ့ခေါင်းဆောင်က သူတို့လက်ထဲမှာ ရှိနေတဲ့အတွက် ဓားစာခံထားပြီးတော့ ကျနော်တို့က လုပ်ရတဲ့ သဘော ဖြစ်နေတယ်။ အကယ်၍များ အန်တီက သဘောတူခဲ့ရင် အန်တီ့ကို လွတ်မြောက်တဲ့ နယ်မြေ တနေရာမှာ ထားပြီးတော့ အစိုးရဖွဲ့ပြီးတော့ ကျနော်တို့က တရားဝင် နောက်ဖွဲ့တဲ့ အစိုးရတပ်အဖြစ် သစ္စာခံပြီး ရပ်တည်ကြဖို့” ဟု “ပင့်ကူနီ” စစ်ဆင်ရေးဥက္ကဋ္ဌဖြစ်သူ ကိုမင်းဟန်က ပြန်ပြောင်းပြောပြသည်။
သို့သော် စစ်ဆင်ရေးမှာ အကောင်အထည် မပေါ်မီမှာပင် ပြိုကျခဲ့သည်။ စစ်ဆင်ရေး ဥက္ကဋ္ဌဖြစ်သူ ကိုမင်းဟန်မှာ လည်း ၁၉၉၁ ခုနှစ်တွင် ဖမ်းဆီးခံရကာ သေဒဏ် အပြစ်ပေးခံခဲ့ရသည်။ သို့သော် ယခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့က သမ္မတ၏ လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ ပြန်လည် လွတ်မြောက်လာချိန် တွင် ငြိမ်းချမ်းစွာဖြင့် သူဖြစ်ချင်သည့် စာပေထုတ်လုပ်မှု လုပ်ငန်းများနှင့် မီဒီယာသမား တယောက် အဖြစ်သာ အေးချမ်းစွာ နေထိုင်သွားလိုတော့သည်။
“ပင့်ကူနီ” အထူးလျှို့ဝှက်စစ်ဆင်ရေးတွင် ကရင်အစည်းအရုံး KNU မှ ခေါင်းဆောင်တဦးဖြစ်သူ စောဗိုလ်မြနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA မှ ဥက္ကဋ္ဌဖြစ်ခဲ့သူ ဗိုလ်ချုပ် ဘရန်ဆိုင်းတို့လည်း ပါဝင်ခဲ့ကြောင်း ကိုမင်းဟန်က အခိုင်အမာ ပြောဆိုသည်။ ယင်းအချိန်က ဒေါ်အောင်ဆန်း စုကြည်မှာ စစ်အစိုးရ၏ အရေးပေါ် လုံခြုံရေး ဥပဒေဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့မှစ၍ ဖမ်းဆီးခံထားရချိန် ဖြစ်သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်ကကော လက်ခံမှာလား၊ လက်မခံဘူးလား ဆိုသည်ကိုတော့ မည်သူမျှ မသိရှိဘဲ ဖြစ်နေသည်။ သို့အတွက် စစ်ဆင်ရေး ရေးဆွဲသူများက ရန်ကုန်မြို့ရှိ အင်းစိန်ထောင်၊ အစိုးရနှင့် ဆက်စပ် လုပ်ကိုင်နေသည့် စီးပွားရေး ကုမ္ပဏီများအား ဦးစွာဖောက်ခွဲ၍ အစိုးရမှ သတင်းစာ ရှင်းလင်းပွဲ ဖြစ်ပေါ်စေရန် ဖန်တီးရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့် ကျောင်းသားများထံ ဒေါ်အောင်ဆန်းစုကြည်က တစုံတရာ သတင်းစကား ပါးလာလိမ့်မည်ဟု ယုံကြည်နေကြသည်။
“အဓိက ပြဿနာက ဘာလဲဆိုတော့ အန်တီက ကျနော်တို့ လုပ်ရပ်ကို သဘောတူမှာလား၊ မတူဘူးလား။ အန်တီ့ သဘောထား ဘယ်လို ရှိသလဲ ဆိုတာကျတော့ ဘယ်သူကမှ တာဝန် မယူရဲဘူးလေ။ မယူရဲတဲ့ အခါကျတော့ ကျနော် က အန်တီ့ဆီက သတင်းတခု ထွက်လာအောင် စီမံကိန်း တခုကို ရေးဆွဲမယ်ဆိုတဲ့ သဘောပါ” ဟု ကိုမင်းဟန်က ဆိုသည်။
ရန်ကုန်ခရိုင် ပြောက်ကြားတာဝန်ခံနှင့် ပင့်ကူနီ စစ်ဆင်ရေး ဦးဆောင်သူ ကိုမင်းဟန်။ ကိုမင်းဟန် (ခ) ကိုဗမင်းသစ် (ခ) ကိုဖိုးချိုမှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။ |