မနက်ဖြန် မတ်လ ၁၀ ရက်ဆိုရင် အမျိုးသားပညာရေး ဥပဒေအတွက် ဆန္ဒဖော်ထုတ်သူတွေကို ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ဖြိုခွဲ နှိပ်နင်းခဲ့တာ တစ်နှစ်ပြည့်ပေပြီ။ ၂၀၁၅ ခုနှစ်ရဲ့ ရုပ်အဆိုးဆုံး၊ အကျည်းတန်ဆုံးသော အဖြစ်အပျက်။ ဦးသိန်းစိန် အစိုးရ သက်တမ်း အတွင်း မဖြစ်သင့်ဆုံးသော အစိုးရရဲ့ ကတိချိုးဖောက်မှု။
ဒီမတိုင့်ခင် မတ်လ ၉ ရက်က ကျွန်တော် အလုပ်လုပ်ခဲ့တဲ့ မြန်မာသံတော် ဆင့်ရဲ့ သုံးနှစ်ပြည့် အခမ်းအနား။ ထူးခြားမှုအနေနဲ့ အဲဒီနှစ်မှာ မြန်မာ သံတော်ဆင့် လူထုရှေ့ဆောင်ဆု ဆိုပြီး အဖွဲ့အစည်းအပါအ၀င် လူပုဂ္ဂိုလ် ငါးဦးကို ဆုပေးခဲ့ပါတယ်။ အဲဒီ ဆုပေးပွဲမှာ ထူးခြားမှုက ဆုချီးမြှင့်ခံရတဲ့ သပိတ်မှောက်ကျောင်းသား အင်အားစုကိုယ်စား ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က ဆု တက်ရောက်လက်ခံယူပေးခဲ့တာကြောင့် တွေ့ဆုံခွင့်ရခဲ့ပါတယ်။
တကယ်တော့ အဲဒီဆုကို မဖြိုးဖြိုးအောင် ဆုတက်ယူဖို့အတွက သူမမှာ အခက်အခဲတွေ အများကြီးပါ။ လုံခြုံရေး အထပ်ထပ်ချထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ စောင့်ကြည့်နေတဲ့ ထောက် လှမ်းရေး မျက်စိအစုံစုံကြားကနေ လက်ပံတန်း သပိတ်စခန်းကနေ ရန်ကုန်အထိ လာရောက် ယူခဲ့ရတာပါ။ ရန်ကုန်က ကုန်သည်ကြီးများ ဟိုတယ် (ယခု ဆူးလေရှန်ဂရီလာ) မှာ ပွဲလုပ်ပြီး ဆုချီးမြှင့်တာဆိုတော့ မဖြိုးဖြိုးအောင်က ဆုတက်ယူပါမယ်ဆိုတဲ့ ကတိအတိုင်း ရအောင် လာယူခဲ့ပါတယ်။
ပွဲရှိန်တက်နေတဲ့ ကျွန်တော် မဖြိုးဖြိုးအောင်ရဲ့ သတင်းစကားကို မှတ်ထားလိုက်ပေမယ့် စိတ်ကတော့ ပွဲကို အဆင်ပြေပြေ ကျင်းပနိုင်ဖို့ စိတ်စောနေမိတယ်။ နောက်ပြီး သုံးနှစ်ပြည့်ပွဲမှာ မြန်မာသံတော်ဆင့်က တစ်ခါမှ မလုပ်ဘူးတဲ့ သံချပ်ထိုးမယ့်ကိစ္စကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သံချပ်ထိုးဖို့ လုပ်ထားတော့ အဲဒီဘက်ကို အာရုံရောက်နေခဲ့မိတယ်။
ဒီလိုနဲ့ မတ်လ ၉ ရက်၊ သံတော်ဆင့် သုံးနှစ်ပြည့် ပွဲပြီးတော့ အောင်မြင်မှုအပေါ် ယစ်မူး သာယာနေခဲ့မိသလို ညနေပိုင်း လုပ်တဲ့ Staff Party မှာလည်း သံချပ်ထိုးတဲ့အတွက် ဆုချီးမြှင့်ခံရလို့ သံချပ်ဝိုင်းတော်သားတွေနဲ့ ပျော်ပါးနေရင်း မဖြိုးဖြိုးအောင် ပေးခဲ့တဲ့ သတင်းစကားကိုလည်း မေ့နေခဲ့မိတယ်။
ဒါပေမဲ့ နောက်တစ်နေ့ (မတ်လ ၁၀) မှာပဲ လက်ပံတန်းသပိတ်စခန်းကို ရမ်းကားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွဲနေပြီ၊ လူတင် မဟုတ် သပိတ်ချီတက်ရာမှာ သုံးတဲ့ ကားပါမကျန် ဖျက်ဆီးနေပြီ၊ သတင်းယူနေတဲ့ သတင်းထောက်တွေကိုလည်း ရိုက်နှက်နေပြီဆိုတဲ့ သတင်းက ချက်ချင်းဆိုသလို ကြားလိုက်ရတယ်။
ကိုယ့်သတင်းဌာနက သတင်းထောက်တွေ တစ်ယောက်မှ မရှိကြဘူး။
သမိုင်းမှာ မှတ်တမ်းဖြစ်မယ့် အဖြစ်အပျက်တွေ၊ သတင်းဓာတ်ပုံတွေ မရခဲ့တဲ့အတွက် ကိုယ့်သတင်းဌာနအတွက်သာမက သမိုင်းကြောင်း အတွက်ပါ မှတ်တမ်းမတင်နိုင်ခဲ့ဘူး။ သူများ သတင်းဌာနနဲ့ လူပုဂ္ဂိုလ်ကို ကိုးကားပြီး သတင်းဓာတ်ပုံတွေ ပြန်ဖော်ပြ၊ ဖုန်းနဲ့ ရသလောက် ဆက်ကြနဲ့ အဲဒီအဖြစ်အပျက်ကို နောက်ကျမှ ဖော်ပြနိုင်ခဲ့တယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လိုက်လို့ သတင်းသမားတစ်ဦးအနေနဲ့ နောင်တအရဆုံး အဖြစ်အပျက်လို့ ဆိုရမှာဖြစ်သလို နောင်ဆိုရင် အောင်မြင်မှုအပေါ် မသာယာနေနဲ့ဦးဆိုပြီး၊ လုပ်စရာတွေ ရှိသေးတယ်ဆိုတာကို မတ်လ ၁၀ လက်ပံတန်း သပိတ်စခန်း ဖြိုခွဲခံရမှုက ကျွန်တော့်ကို သတင်း စကား ပေးလိုက်ပါပြီ။
ပါဝင်ပတ်သက်သူတွေရဲ့ သတင်းစကားကို အမှတ်မထားမိရင် အရေးကြီးတဲ့ သမိုင်း အဖြစ်အပျက်နဲ့ ကွဲကွာတတ်တဲ့ သတင်းသမားတစ်ယောက်ရဲ့ အဖြစ်အပျက်လည်း အမြဲနှလုံး သွင်းရင်း သတင်းသမားတစ်ဦးရဲ့ လိုအပ်ခဲ့မှုတွေကို ဒီနေရာကနေ တောင်းပန်လိုက်ပါတယ်။
အောင်ထွန်းလင်း (အောက်ချင်း သတင်းအေဂျင်စီ)

မြန်မာသံတော်ဆင့် သုံးနှစ်ပြည့် အခမ်းအနားသို့ ဆုလက်ခံယူရန် တက်ရောက်လာသည့် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်၊ မြန်မာသံတော်ဆင့် လက်ရှိတာဝန်ခံ အယ်ဒီတာ ဦးဝိုင်းမော်နှင့် ကျွန်တော် |
တကယ်တော့ အဲဒီဆုကို မဖြိုးဖြိုးအောင် ဆုတက်ယူဖို့အတွက သူမမှာ အခက်အခဲတွေ အများကြီးပါ။ လုံခြုံရေး အထပ်ထပ်ချထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ စောင့်ကြည့်နေတဲ့ ထောက် လှမ်းရေး မျက်စိအစုံစုံကြားကနေ လက်ပံတန်း သပိတ်စခန်းကနေ ရန်ကုန်အထိ လာရောက် ယူခဲ့ရတာပါ။ ရန်ကုန်က ကုန်သည်ကြီးများ ဟိုတယ် (ယခု ဆူးလေရှန်ဂရီလာ) မှာ ပွဲလုပ်ပြီး ဆုချီးမြှင့်တာဆိုတော့ မဖြိုးဖြိုးအောင်က ဆုတက်ယူပါမယ်ဆိုတဲ့ ကတိအတိုင်း ရအောင် လာယူခဲ့ပါတယ်။
“အကိုရေ…တစ်ခုတော့ ထူးခြားတယ်။ အခု လုံခြုံရေးတွေ ပိုပြီး ချထားတယ်။ လေးဘက် လေးလံမှာ လုံခြုံရေးတွေ တိုးချထားတယ်” တဲ့...ဒီအထိက ထူးခြားမှု မဟုတ်သေး။ ထူးခြားမှုက လက်ပံတန်းသပိတ်စခန်းကို လုံခြုံရေး ပိုမိုတင်းကြပ်လိုက်တယ်လို့ မဖြိုးဖြိုးအောင် သတင်းပေးခဲ့တာ။ “အကိုရေ…တစ်ခုတော့ ထူးခြားတယ်။ အခု လုံခြုံရေးတွေ ပိုပြီး ချထားတယ်။ လေးဘက် လေးလံမှာ လုံခြုံရေးတွေ တိုးချထားတယ်” တဲ့။
ပွဲရှိန်တက်နေတဲ့ ကျွန်တော် မဖြိုးဖြိုးအောင်ရဲ့ သတင်းစကားကို မှတ်ထားလိုက်ပေမယ့် စိတ်ကတော့ ပွဲကို အဆင်ပြေပြေ ကျင်းပနိုင်ဖို့ စိတ်စောနေမိတယ်။ နောက်ပြီး သုံးနှစ်ပြည့်ပွဲမှာ မြန်မာသံတော်ဆင့်က တစ်ခါမှ မလုပ်ဘူးတဲ့ သံချပ်ထိုးမယ့်ကိစ္စကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင် သံချပ်ထိုးဖို့ လုပ်ထားတော့ အဲဒီဘက်ကို အာရုံရောက်နေခဲ့မိတယ်။
ဒီလိုနဲ့ မတ်လ ၉ ရက်၊ သံတော်ဆင့် သုံးနှစ်ပြည့် ပွဲပြီးတော့ အောင်မြင်မှုအပေါ် ယစ်မူး သာယာနေခဲ့မိသလို ညနေပိုင်း လုပ်တဲ့ Staff Party မှာလည်း သံချပ်ထိုးတဲ့အတွက် ဆုချီးမြှင့်ခံရလို့ သံချပ်ဝိုင်းတော်သားတွေနဲ့ ပျော်ပါးနေရင်း မဖြိုးဖြိုးအောင် ပေးခဲ့တဲ့ သတင်းစကားကိုလည်း မေ့နေခဲ့မိတယ်။
ဒါပေမဲ့ နောက်တစ်နေ့ (မတ်လ ၁၀) မှာပဲ လက်ပံတန်းသပိတ်စခန်းကို ရမ်းကားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွဲနေပြီ၊ လူတင် မဟုတ် သပိတ်ချီတက်ရာမှာ သုံးတဲ့ ကားပါမကျန် ဖျက်ဆီးနေပြီ၊ သတင်းယူနေတဲ့ သတင်းထောက်တွေကိုလည်း ရိုက်နှက်နေပြီဆိုတဲ့ သတင်းက ချက်ချင်းဆိုသလို ကြားလိုက်ရတယ်။
ကိုယ့်သတင်းဌာနက သတင်းထောက်တွေ တစ်ယောက်မှ မရှိကြဘူး။
သမိုင်းမှာ မှတ်တမ်းဖြစ်မယ့် အဖြစ်အပျက်တွေ၊ သတင်းဓာတ်ပုံတွေ မရခဲ့တဲ့အတွက် ကိုယ့်သတင်းဌာနအတွက်သာမက သမိုင်းကြောင်း အတွက်ပါ မှတ်တမ်းမတင်နိုင်ခဲ့ဘူး။ သူများ သတင်းဌာနနဲ့ လူပုဂ္ဂိုလ်ကို ကိုးကားပြီး သတင်းဓာတ်ပုံတွေ ပြန်ဖော်ပြ၊ ဖုန်းနဲ့ ရသလောက် ဆက်ကြနဲ့ အဲဒီအဖြစ်အပျက်ကို နောက်ကျမှ ဖော်ပြနိုင်ခဲ့တယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လိုက်လို့ သတင်းသမားတစ်ဦးအနေနဲ့ နောင်တအရဆုံး အဖြစ်အပျက်လို့ ဆိုရမှာဖြစ်သလို နောင်ဆိုရင် အောင်မြင်မှုအပေါ် မသာယာနေနဲ့ဦးဆိုပြီး၊ လုပ်စရာတွေ ရှိသေးတယ်ဆိုတာကို မတ်လ ၁၀ လက်ပံတန်း သပိတ်စခန်း ဖြိုခွဲခံရမှုက ကျွန်တော့်ကို သတင်း စကား ပေးလိုက်ပါပြီ။
သတင်းသမားတစ်ဦးအနေနဲ့ နောင်တအရဆုံး အဖြစ်အပျက်လို့ ဆိုရမှာဖြစ်သလို နောင်ဆိုရင် အောင်မြင်မှုအပေါ် မသာယာနေနဲ့ဦးဆိုပြီး...ရဲတပ်ဖွဲ့ဝင်တွေက အချိန်မရွေး ဖြိုခွဲနိုင်တယ်ဆိုတဲ့ အနေအထားတစ်ခုမှာ လုံခြုံရေးတွေ ထပ်တိုးလိုက်ပြီဆိုတဲ့ မဖြိုးဖြိုးအောင်ရဲ့ သတင်းစကားကို ရပါလျက်နဲ့ အောင်မြင်မှုမှာ ယစ်မူး နေခဲ့မိတဲ့အတွက် ကျွန်တော့် အတွက်တော့ တကယ့်ကို သင်ခန်းစာကောင်း တစ်ခုလို့ပဲ တစ်နှစ် ပြည့်တော့မယ့် ဒီ (မတ် ၉) ရက်မှာ ကျွန်တော် မှတ်တမ်းတင်ထားလိုက်ပါတယ်။