ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
၂၀၁၅ ခုနှစ်၊ ဇူလိုင်လကုန်အတွင်း ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ကိုမာန်ကြောင့် ချင်းပြည်နယ်အတွင်းရှိ တောင်ပေါ်ဒေသများတွင် မိုးရွာသွန်းမှု များပြားခဲ့ပြီး မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။ မြေပြိုမှု နောက်ဆက်တွဲအနေဖြင့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ဟန်ကင်းကျေးရွာ အနောက်ဘက် ၇ မိုင်ခန့် အကွာတွင် မြေပြိုဆည်များ ဖြစ်ပေါ်ခဲ့ရာ ၂၀၁၆ ခုနှစ် မိုးရာသီကာလတွင် မိုးရေချိန် မြင့်မားစွာ ရွာသွန်းပါက ဖြစ်ပေါ်လာနိုင်သည့် မြေပြိုကန်များ၏ အန္တရာယ်အား ဒေသခံပြည်သူများက စိုးရိမ်လျက်ရှိသည်။
အဆိုပါ မြေပြိုကန် ဖြစ်တည်လာမှုနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေနှင့် အန္တရာယ်များကို သိရှိနိုင်ရန်အတွက် အစိုးရတာဝန်ရှိ သူများကလည်း ကွင်းဆင်းလေ့လာမှုများကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ကုန်မှ ဖေဖော်ဝါရီလဆန်းအထိ ပြုလုပ်ခဲ့ကြပြီး အစီရင်ခံစာများလည်း ထွက်ပေါ်ခဲ့သည်။
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကလည်း အဆိုပါ မြေပြိုကန်နှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ပြီးနောက် ရရှိလာသည့် အစီရင်ခံစာအရ လတ်တလောတွင် မြေပြိုကန်ကြောင့် လတ်တလောတွင် အနီးအနားရှိ ကျေးရွာများနှင့် လူနေအိမ်များအပေါ် ထိခိုက်နိုင်မှု တစုံတရာ မရှိသော်လည်း လာမည့် မိုးရာသီတွင် မိုးရွာသွန်းမှု များပြားပါက ဆည်အတွင်း ရေ၀င်ရောက်မှု များပြားကာ ရေလျှံခြင်းနှင့် ရုတ်တရက် မြေပြိုကန် (ဆည်) ကျိုးပေါက်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားသည်။
သဘာဝမြေပြိုဆည်ကန်သည် အလျား (၁) မိုင်ကျော် ၊ အနံပေ(၅၀၀)ခန့် ရှိပြီး ရေအနက် ပေ (၂၅၀) ကျော်ခန့်ရှိသည့်အတွက် အဆိုပါမြေပြိုကန် ကျိုးပေါက်၍ တွီလွီချောင်းအတွင်းသို့ စီးဝင်ပါက ရေအရှိန်ကြောင့် ချောင်းဘေး တစ်လျှောက် ကမ်းပါးပြိုခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းတို့ ဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ အစီရင်ခံစာတွင် ပါရှိပြီး ယင်းရေထုထည်သည် မြေပြိုဆည်နှင့် ၃၂ မိုင်ဝေးသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ ရာဇဂြိုဟ်ဆည်အား ထိခိုက်စေနိုင်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။
ရာဇဂြိုဟ်ဆည်မှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရသည့် ဆည်တစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် တောင် သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် သမ္မတဦးသိန်းစိန် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးထားသော ဆည်စီမံကိန်း ဖြစ်သည်။
သို့ပါ၍ မြေပြိုကန်နှင့် ပတ်သက်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဦးစီးဌာနက ဇန်န၀ါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်အထိ ကိုယ်တိုင်ကွင်းဆင်း လေ့လာခဲ့ပြီး ရေးသားထားသည့် “ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ မြေပြိုဆည် ကွင်းဆင်းလေ့လာရေးအစီရင်ခံစာ” စာပါ တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုထားချက်များအားကို ပြည်သူများ သိရှိနိုင်စေရန်အတွက် အစီရင်ခံစာပါအတိုင်း ဖော်ပြလိုက်ပါသည်။
၁၁။ မြေပြိုဆည်အား ကွင်းဆင်းစစ်ဆေးရာတွင် အောက်ပါအချက်များ တွေ့ရှိရပါသည်- (က) လက်ရှိရေ၀င်နှင့် ရေထွက်၏ အချိုးမှာ ( ၃: ၁ ) ခန့် ရှိပါသည်။ (ခ) Over Toping ဖြစ်မှသာ ဆည်ပွင့်၍ တမံသားများ ပြိုကျနိုင်ပါသည်။ (ဂ) ရေစိမ့်ထွှက်နေခြင်းကြောင့် ရုတ်တရက် ပွင့်မထွက်နိုင်ကြောင်းနှင့် တစ်လလျှင် (၄) ပေခန့် ရေစိမ့်ထွက်လျက် ရှိပါသည်။ (ဃ) မြေပြိုဆည်ထုထည်၏ မြေစာပုံမှာ ခန့်မှန်း မြေကျင်းသိန်း(၃၀) ကျော်ခန့် ရှိပါသည်။ (င) သဘာဝမြေပြိုဆည်ကန်သည် အလျား (၁) မိုင်ကျော် ၊ အနံပေ(၅၀၀)ခန့် ရှိပြီး အချို့နေရာများတွှင် ပေ (၂၀၀) ၀န်းကျင်တွင် ရှိပြီး ရေအနက် ပေ (၂၅၀) ကျော်ခန့်ရှိလျှက် ရေစိမ့်ထွက်ပေါက်များ ရှိကြောင်း တွေ့ရှိရပါသည်။ (စ) သဘာဝမြေပြိုဆည်ကန်သည် ထုထည်ပမာဏ ကြီးမားခြင်း၊ သက်နုကျောက်များ၊ သဘာဝ ကျောက်တုံး၊ ကျောက်ခဲများ ရောထွေးနေခြင်းကြောင့် မြေပြိုဆည်ကန်အား ဖျက်ဆီးရန် မလွယ်ကူကြောင်း တွေ့ရှိရပါသည်။
၁၂။ မြေပြိုဆည်အား ကွင်းဆင်းစစ်ဆေးရာတွင် အောက်ပါအတိုင်း သုံးသပ်ကြပါသည် -
(က) သဘာဝမြေပြိုဆည်ကန်သည် အပေါ်ရေစိမ့်ထွက်နေမှု အခြေအနေနှင့် ရေအောက်မှ ရေစိမ့်ထွက်မှု အနေအထားများအရ မိုးမရွာသောကာလ (ယခုလို ပွင့်လင်းရာသီ) တွင် ဆည်မှ ရေများသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၊ လူနေအိမ်များအပေါ် ထိခိုက်နိုင်သည့်အနေအထားမရှိကြောင်း လေ့လာတွေ့ရှိချက်အရ သိရှိရပါသည်။
(ခ ) သဘာဝမြေပြိုဆည်ကန်မှ ရေများသည် တဖြည်းဖြည်း ချင်း လျော့နည်းလာသည့် အတွက် နောက်ထပ် မိုးမရွာမီကာလအထိ အန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင်ခြင်း မရှိကြောင်း လေ့လာ သုံးသပ်မိပါသည်။ သို့သော် မိုးရာသီ မိုးရွာသွန်းမှုများပြားလာသော အခါများတွင် သဘာဝဆည်ကန်အတွင်း မိုးရေစီးဝင်မှုများပြား၍ Over Top ရေလျှံခြင်းများ၊ ရုတ်တရက် ဆည်ကျိုးပေါက်နိုင်မှုများ ဖြစ်ပေါ် လာနိုင်ဖွယ်ရာရှိသည်ဟု လေ့လာသိရှိရပါသည်။
( ဂ ) လက်ရှိ ဆည်ရေထုထည်သည် ကြီးမားသဖြင့် တွီလွီချောင်းအတွင်း စီးဝင်မှုဖြစ်ပေါ်ပါက ရေ၏ အရှိန်ကြောင့် ပတ်ဝန်းကျင်ချောင်းဘေး တစ်လျှောက် ကမ်းပြိုခြင်းများ၊ တောင်ပြို ခြင်းများ၊ မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည်ကို လေ့လာသိရှိရပါသည်။
(ဃ) မြေပြိုဆည်မှ ရေထုထည်သည် (၃၂) မိုင်ခန့် ဝေးသော ရာဇဂြိုလ် ဆည်သို့ ရောက်ရှိနိုင်သဖြင့် အချိန်မီသိရှိခြင်းမရှိပါက ရာဇဂြိုလ်ဆည်အား ဒုက္ခပေးနိုင်ပါသည်။
( င ) လာမည့်မိုးရာသီတွင် မိုးများခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများဖြစ်ပေါ်မှု များပါက မြေပြိုဆည်အတွင်း ရေ၀င်ရောက်မှု များပြား၍ ဆည်ရေကျော်ကျနိုင်ပြီး ရာဇဂြိုလ်ဆည်အား အန္တရာယ်ပေးနိုင်ပါသည်။ (နုန်းများ၊ ကျောက်တုံးများအပါအ၀င်)
( စ ) ချင်းပြည်နယ်သည် မိုးရွာသွန်းမှုများပြား၍ သဘာဝဆည်ကန်အတွင်း စီးဝင်လာပါက ရေ၀င်များပြီး ရေထွက်မှု နည်းပါးပါက ဆည်ကန်ကျိုးပေါက် နိုင်၍ အနီးပတ်ဝန်းကျင် ကျေးရွာများ အန္တရာယ် ကြုံတွေ့နိုင်သဖြင့် ဆည်ကန်အတွင်း ရေများလာပါက မြေနိမ့်သော နေရာများမှ ရေထွက်နိုင်စေ ရန် ဘူမိဗေဒဌာန၊ ဆည်မြောင်းဩးစီးဌာန(စီမံကိန်း) ရေအရင်းမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ နောင်တွင် အန္တရာယ် မဖြစ်စေရန် ( Long Term Plan) ချမှတ် စီမံဆောင်ရွက်သင့်ပါသည်။
(ဆ) ချင်းပြည်နယ်အတွင်းရှိ တောင်ကုန်း၊ တောင်တန်းများသည် ဘူမိဗေဒသဘောအရ မြေသားတည်ငြိမ်မှု မရှိခြင်းကြောင့် သဘာဝ တောင်ပြိုဆည်ကန်များသည် ခန့်မှန်း တွက်ချက်မရဘဲ အခြေအနေ၊ အချိန်အခါမရွေး ကျိုးပေါက်ပျက်စီးနိုင်သဖြင့် ပတ်ဝန်းကျင်ရှိ ရပ်ရွာလူထု၏ အကျိုးစီးပွား (Community) ထိခိုက်နစ်နာပျက်စီး ဆုံးရှုံးမှု လျော့နည်းနိုင်သ မျှ လျော့နည်းစေရန် (Early Warning) ကြိုတင်သတိပေး စနစ်တစ်ခု တည်ထောင်ထားသင့်ပါသည်။
၁၃။ သဘာဝမြေပြိုဆည်ကန်၏ အောက်ဘက်တွင် တည်ရှိနေသော ကျေး ရွာများသည် မိုးရွာသည်နှင့် မိုးရေများ တောက်လျှောက်စီးဝင်နိုင်ပြီး ၄င်းမြေပြိုဆည်ကန်မှ Over Top ဖြစ်၍ ရေလျှံလာပါက ချောင်းအောက် ဘက်ရှိ ကျေးရွာများတွင် လျှပ်တစ်ပြက် ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ၄င်းဆည်ကန် နှင့်ဆက်စပ်နေသော ပတ်ဝန်းကျင်ကျေးရွာများတွင် (မီးဘေး၊ ရေဘေး၊ မြေပြိုဘေး) သဘာဝဘေး အန္တရာယ်များအကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနအပါအ၀င် သက်ဆိုင်ရာ ဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ UN/ INGO အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး အသိပညာ ပေးသင့်ပါသည်။
၁၄။ သဘာဝမြေပြိုဆည်ကန်များကို ရေရှည်သဘာဝအတိုင်းထားရှိခြင်းမှာ ပတ်ဝန်းကျင်အတွက် တစ်ချိန်ချိန်တွင် အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ် လာနိုင်သဖြင့် နိုင်ငံရပ်ခြားတိုင်းပြည်များမှ ကျွမ်းကျင်သော အသိပညာရှင်များ၊ အတတ်ပညာရှင်များ ဖိတ်ကြား၍ ၄င်းပညာရှင်များ၏ အကြံပြုချက်၊ သဘော ထားမှတ်ချက်များ ရယူသင့်ပါသည်။
၁၅။ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်း ရှိ တောင်ပေါ်ဒေသများ မြေပြိုဘေးအန္တရာယ်များ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်သောအားဖြင့် သဘာဝသစ်တောများကို စည်းကမ်းမဲ့ခုတ်လှဲခြင်း မပြုရန် ဒေသခံပြည်သူလူထုအား အသိပညာပေးခြင်း၊ စဉ်ဆက်မပြတ် လှုံ့ဆော် ပညာပေးခြင်း၊ သားစဉ်မြေးဆက် ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်ခြင်းများကို တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ လမ်းညွှန်ပေးသင့်ပါသည်။
၁၆။ သဘာဝမြေပြိုဆည်များအနေဖြင့် အန္တရာယ်အပြုနိုင်ဆုံးနေရာမှာ ရာဇဂြိုလ်ဆည်ဖြစ်၍ ဟန်ကင်ကျေးရွာတွင် ဆည်များနှင့်ပတ်သက် ၍ ဖြစ်ပေါ်မှုကို သိရှိနိုင်စေရန် IP Star (သို့မဟုတ်) CDMA အထိုင်ဖုန်းများထားရှိ၍ ကြိုတင်သတိပေးစနစ် ထားရှိရန်လိုအပ်ပါမည်။
၁၇။ မြေပြိုဆည်၏ ရေလျှံရာမှ ကျိုးပေါက်မှု မဖြစ်ပေါ်စေရန်အတွက် ဆည်ဘောင်၏ အနိမ့်ဆုံးနေရာမှ ရေပိုလွှဲထွက်ပေါက်တစ်ခု ပြုလုပ်ထားသင့်ပါသည်။
ကွင်းဆင်းလေ့လာရေးအဖွဲ့ (ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန)
အောက်ချင်း သတင်းအေဂျင်စီ
၂၀၁၅ ခုနှစ်၊ ဇူလိုင်လကုန်အတွင်း ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ကိုမာန်ကြောင့် ချင်းပြည်နယ်အတွင်းရှိ တောင်ပေါ်ဒေသများတွင် မိုးရွာသွန်းမှု များပြားခဲ့ပြီး မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။ မြေပြိုမှု နောက်ဆက်တွဲအနေဖြင့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ဟန်ကင်းကျေးရွာ အနောက်ဘက် ၇ မိုင်ခန့် အကွာတွင် မြေပြိုဆည်များ ဖြစ်ပေါ်ခဲ့ရာ ၂၀၁၆ ခုနှစ် မိုးရာသီကာလတွင် မိုးရေချိန် မြင့်မားစွာ ရွာသွန်းပါက ဖြစ်ပေါ်လာနိုင်သည့် မြေပြိုကန်များ၏ အန္တရာယ်အား ဒေသခံပြည်သူများက စိုးရိမ်လျက်ရှိသည်။
အဆိုပါ မြေပြိုကန် ဖြစ်တည်လာမှုနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေနှင့် အန္တရာယ်များကို သိရှိနိုင်ရန်အတွက် အစိုးရတာဝန်ရှိ သူများကလည်း ကွင်းဆင်းလေ့လာမှုများကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ကုန်မှ ဖေဖော်ဝါရီလဆန်းအထိ ပြုလုပ်ခဲ့ကြပြီး အစီရင်ခံစာများလည်း ထွက်ပေါ်ခဲ့သည်။
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကလည်း အဆိုပါ မြေပြိုကန်နှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ပြီးနောက် ရရှိလာသည့် အစီရင်ခံစာအရ လတ်တလောတွင် မြေပြိုကန်ကြောင့် လတ်တလောတွင် အနီးအနားရှိ ကျေးရွာများနှင့် လူနေအိမ်များအပေါ် ထိခိုက်နိုင်မှု တစုံတရာ မရှိသော်လည်း လာမည့် မိုးရာသီတွင် မိုးရွာသွန်းမှု များပြားပါက ဆည်အတွင်း ရေ၀င်ရောက်မှု များပြားကာ ရေလျှံခြင်းနှင့် ရုတ်တရက် မြေပြိုကန် (ဆည်) ကျိုးပေါက်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားသည်။
သဘာဝမြေပြိုဆည်ကန်သည် အလျား (၁) မိုင်ကျော် ၊ အနံပေ(၅၀၀)ခန့် ရှိပြီး ရေအနက် ပေ (၂၅၀) ကျော်ခန့်ရှိသည့်အတွက် အဆိုပါမြေပြိုကန် ကျိုးပေါက်၍ တွီလွီချောင်းအတွင်းသို့ စီးဝင်ပါက ရေအရှိန်ကြောင့် ချောင်းဘေး တစ်လျှောက် ကမ်းပါးပြိုခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းတို့ ဖြစ်နိုင်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ အစီရင်ခံစာတွင် ပါရှိပြီး ယင်းရေထုထည်သည် မြေပြိုဆည်နှင့် ၃၂ မိုင်ဝေးသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ ရာဇဂြိုဟ်ဆည်အား ထိခိုက်စေနိုင်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။
ရာဇဂြိုဟ်ဆည် ရေပိုလွှဲ တံခါးပေါက်။ ဓာတ်ပုံ - အောင်ထွန်းလင်း (အောက်ချင်းသတင်းအေဂျင်စီ) |
သို့ပါ၍ မြေပြိုကန်နှင့် ပတ်သက်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဦးစီးဌာနက ဇန်န၀ါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်အထိ ကိုယ်တိုင်ကွင်းဆင်း လေ့လာခဲ့ပြီး ရေးသားထားသည့် “ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ မြေပြိုဆည် ကွင်းဆင်းလေ့လာရေးအစီရင်ခံစာ” စာပါ တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုထားချက်များအားကို ပြည်သူများ သိရှိနိုင်စေရန်အတွက် အစီရင်ခံစာပါအတိုင်း ဖော်ပြလိုက်ပါသည်။
ရာဇဂြိုဟ် ရေလှောင်တမံ။ ဓာတ်ပုံ - အောင်ထွန်းလင်း (အောက်ချင်းသတင်းအေဂျင်စီ) |
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၏ “ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ မြေပြိုဆည် ကွင်းဆင်းလေ့လာရေးအစီရင်ခံစာ”
တွေ့ရှိချက်
၁၁။ မြေပြိုဆည်အား ကွင်းဆင်းစစ်ဆေးရာတွင် အောက်ပါအချက်များ တွေ့ရှိရပါသည်- (က) လက်ရှိရေ၀င်နှင့် ရေထွက်၏ အချိုးမှာ ( ၃: ၁ ) ခန့် ရှိပါသည်။ (ခ) Over Toping ဖြစ်မှသာ ဆည်ပွင့်၍ တမံသားများ ပြိုကျနိုင်ပါသည်။ (ဂ) ရေစိမ့်ထွှက်နေခြင်းကြောင့် ရုတ်တရက် ပွင့်မထွက်နိုင်ကြောင်းနှင့် တစ်လလျှင် (၄) ပေခန့် ရေစိမ့်ထွက်လျက် ရှိပါသည်။ (ဃ) မြေပြိုဆည်ထုထည်၏ မြေစာပုံမှာ ခန့်မှန်း မြေကျင်းသိန်း(၃၀) ကျော်ခန့် ရှိပါသည်။ (င) သဘာဝမြေပြိုဆည်ကန်သည် အလျား (၁) မိုင်ကျော် ၊ အနံပေ(၅၀၀)ခန့် ရှိပြီး အချို့နေရာများတွှင် ပေ (၂၀၀) ၀န်းကျင်တွင် ရှိပြီး ရေအနက် ပေ (၂၅၀) ကျော်ခန့်ရှိလျှက် ရေစိမ့်ထွက်ပေါက်များ ရှိကြောင်း တွေ့ရှိရပါသည်။ (စ) သဘာဝမြေပြိုဆည်ကန်သည် ထုထည်ပမာဏ ကြီးမားခြင်း၊ သက်နုကျောက်များ၊ သဘာဝ ကျောက်တုံး၊ ကျောက်ခဲများ ရောထွေးနေခြင်းကြောင့် မြေပြိုဆည်ကန်အား ဖျက်ဆီးရန် မလွယ်ကူကြောင်း တွေ့ရှိရပါသည်။
သုံးသပ်ချက်
၁၂။ မြေပြိုဆည်အား ကွင်းဆင်းစစ်ဆေးရာတွင် အောက်ပါအတိုင်း သုံးသပ်ကြပါသည် -
(က) သဘာဝမြေပြိုဆည်ကန်သည် အပေါ်ရေစိမ့်ထွက်နေမှု အခြေအနေနှင့် ရေအောက်မှ ရေစိမ့်ထွက်မှု အနေအထားများအရ မိုးမရွာသောကာလ (ယခုလို ပွင့်လင်းရာသီ) တွင် ဆည်မှ ရေများသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၊ လူနေအိမ်များအပေါ် ထိခိုက်နိုင်သည့်အနေအထားမရှိကြောင်း လေ့လာတွေ့ရှိချက်အရ သိရှိရပါသည်။
(ခ ) သဘာဝမြေပြိုဆည်ကန်မှ ရေများသည် တဖြည်းဖြည်း ချင်း လျော့နည်းလာသည့် အတွက် နောက်ထပ် မိုးမရွာမီကာလအထိ အန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင်ခြင်း မရှိကြောင်း လေ့လာ သုံးသပ်မိပါသည်။ သို့သော် မိုးရာသီ မိုးရွာသွန်းမှုများပြားလာသော အခါများတွင် သဘာဝဆည်ကန်အတွင်း မိုးရေစီးဝင်မှုများပြား၍ Over Top ရေလျှံခြင်းများ၊ ရုတ်တရက် ဆည်ကျိုးပေါက်နိုင်မှုများ ဖြစ်ပေါ် လာနိုင်ဖွယ်ရာရှိသည်ဟု လေ့လာသိရှိရပါသည်။
( ဂ ) လက်ရှိ ဆည်ရေထုထည်သည် ကြီးမားသဖြင့် တွီလွီချောင်းအတွင်း စီးဝင်မှုဖြစ်ပေါ်ပါက ရေ၏ အရှိန်ကြောင့် ပတ်ဝန်းကျင်ချောင်းဘေး တစ်လျှောက် ကမ်းပြိုခြင်းများ၊ တောင်ပြို ခြင်းများ၊ မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည်ကို လေ့လာသိရှိရပါသည်။
(ဃ) မြေပြိုဆည်မှ ရေထုထည်သည် (၃၂) မိုင်ခန့် ဝေးသော ရာဇဂြိုလ် ဆည်သို့ ရောက်ရှိနိုင်သဖြင့် အချိန်မီသိရှိခြင်းမရှိပါက ရာဇဂြိုလ်ဆည်အား ဒုက္ခပေးနိုင်ပါသည်။
ရာဇဂြိုဟ် ရေပိုလွှဲပေါက်နှင့် နိရဉ္ဇရာမြစ်။ ဓာတ်ပုံ - အောင်ထွန်းလင်း (အောက်ချင်းသတင်းအေဂျင်စီ) |
( စ ) ချင်းပြည်နယ်သည် မိုးရွာသွန်းမှုများပြား၍ သဘာဝဆည်ကန်အတွင်း စီးဝင်လာပါက ရေ၀င်များပြီး ရေထွက်မှု နည်းပါးပါက ဆည်ကန်ကျိုးပေါက် နိုင်၍ အနီးပတ်ဝန်းကျင် ကျေးရွာများ အန္တရာယ် ကြုံတွေ့နိုင်သဖြင့် ဆည်ကန်အတွင်း ရေများလာပါက မြေနိမ့်သော နေရာများမှ ရေထွက်နိုင်စေ ရန် ဘူမိဗေဒဌာန၊ ဆည်မြောင်းဩးစီးဌာန(စီမံကိန်း) ရေအရင်းမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ နောင်တွင် အန္တရာယ် မဖြစ်စေရန် ( Long Term Plan) ချမှတ် စီမံဆောင်ရွက်သင့်ပါသည်။
(ဆ) ချင်းပြည်နယ်အတွင်းရှိ တောင်ကုန်း၊ တောင်တန်းများသည် ဘူမိဗေဒသဘောအရ မြေသားတည်ငြိမ်မှု မရှိခြင်းကြောင့် သဘာဝ တောင်ပြိုဆည်ကန်များသည် ခန့်မှန်း တွက်ချက်မရဘဲ အခြေအနေ၊ အချိန်အခါမရွေး ကျိုးပေါက်ပျက်စီးနိုင်သဖြင့် ပတ်ဝန်းကျင်ရှိ ရပ်ရွာလူထု၏ အကျိုးစီးပွား (Community) ထိခိုက်နစ်နာပျက်စီး ဆုံးရှုံးမှု လျော့နည်းနိုင်သ မျှ လျော့နည်းစေရန် (Early Warning) ကြိုတင်သတိပေး စနစ်တစ်ခု တည်ထောင်ထားသင့်ပါသည်။
၂၀၁၅ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လအတွင်း ရေကြီးရေလျှံမှုနှင့်အတူ မျောပါကာ ရာဇဂြိုဟ်ဆည်အတွင်း ပိတ်မိနေသည့် သစ်ပင်၊ သစ်တုံးများအား ဖြတ်တောက်ထားစဉ်။ ဓာတ်ပုံ - အောင်ထွန်းလင်း (အောက်ချင်းသတင်းအေဂျင်စီ) |
အကြံပြုချက်
၁၃။ သဘာဝမြေပြိုဆည်ကန်၏ အောက်ဘက်တွင် တည်ရှိနေသော ကျေး ရွာများသည် မိုးရွာသည်နှင့် မိုးရေများ တောက်လျှောက်စီးဝင်နိုင်ပြီး ၄င်းမြေပြိုဆည်ကန်မှ Over Top ဖြစ်၍ ရေလျှံလာပါက ချောင်းအောက် ဘက်ရှိ ကျေးရွာများတွင် လျှပ်တစ်ပြက် ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ၄င်းဆည်ကန် နှင့်ဆက်စပ်နေသော ပတ်ဝန်းကျင်ကျေးရွာများတွင် (မီးဘေး၊ ရေဘေး၊ မြေပြိုဘေး) သဘာဝဘေး အန္တရာယ်များအကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနအပါအ၀င် သက်ဆိုင်ရာ ဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ UN/ INGO အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး အသိပညာ ပေးသင့်ပါသည်။
၁၄။ သဘာဝမြေပြိုဆည်ကန်များကို ရေရှည်သဘာဝအတိုင်းထားရှိခြင်းမှာ ပတ်ဝန်းကျင်အတွက် တစ်ချိန်ချိန်တွင် အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ် လာနိုင်သဖြင့် နိုင်ငံရပ်ခြားတိုင်းပြည်များမှ ကျွမ်းကျင်သော အသိပညာရှင်များ၊ အတတ်ပညာရှင်များ ဖိတ်ကြား၍ ၄င်းပညာရှင်များ၏ အကြံပြုချက်၊ သဘော ထားမှတ်ချက်များ ရယူသင့်ပါသည်။
၁၅။ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်း ရှိ တောင်ပေါ်ဒေသများ မြေပြိုဘေးအန္တရာယ်များ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်သောအားဖြင့် သဘာဝသစ်တောများကို စည်းကမ်းမဲ့ခုတ်လှဲခြင်း မပြုရန် ဒေသခံပြည်သူလူထုအား အသိပညာပေးခြင်း၊ စဉ်ဆက်မပြတ် လှုံ့ဆော် ပညာပေးခြင်း၊ သားစဉ်မြေးဆက် ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်ခြင်းများကို တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ လမ်းညွှန်ပေးသင့်ပါသည်။
၁၆။ သဘာဝမြေပြိုဆည်များအနေဖြင့် အန္တရာယ်အပြုနိုင်ဆုံးနေရာမှာ ရာဇဂြိုလ်ဆည်ဖြစ်၍ ဟန်ကင်ကျေးရွာတွင် ဆည်များနှင့်ပတ်သက် ၍ ဖြစ်ပေါ်မှုကို သိရှိနိုင်စေရန် IP Star (သို့မဟုတ်) CDMA အထိုင်ဖုန်းများထားရှိ၍ ကြိုတင်သတိပေးစနစ် ထားရှိရန်လိုအပ်ပါမည်။
၁၇။ မြေပြိုဆည်၏ ရေလျှံရာမှ ကျိုးပေါက်မှု မဖြစ်ပေါ်စေရန်အတွက် ဆည်ဘောင်၏ အနိမ့်ဆုံးနေရာမှ ရေပိုလွှဲထွက်ပေါက်တစ်ခု ပြုလုပ်ထားသင့်ပါသည်။
ကွင်းဆင်းလေ့လာရေးအဖွဲ့ (ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန)
ရာဇဂြိုဟ်ဆည်။ ဓာတ်ပုံ - အောင်ထွန်းလင်း (အောက်ချင်းသတင်းအေဂျင်စီ) |
အောက်ချင်း သတင်းအေဂျင်စီ